COVID-19 နှင့် အောက်ဖို့ဒ်တက္ကသိုလ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 25, 2020

COVID-19 နှင့် အောက်ဖို့ဒ်တက္ကသိုလ်


စိုင်းကျော်မောင်
.
အင်္ဂလန် နိုင်ငံ၏ ထင်ရှားကျော်ကြားသည့် အောက်ဖိုဒ့် တက္ကသိုလ် အရှေ့ဘက်ခြမ်း လမ်းသွယ်ဘေးတွင် မှန်ချပ်များဖြင့် ကာရံထားသော အဆောက်အဦများ ရှိသည်။ ထိုနေရာလေး သည် အောက်ဖိုဒ့်တက္ကသိုလ်၏ လူသူအရောက်အပေါက်နည်း သော ဖုန်မှုန့်များ တက်လျက်ရှိသည့် နေရာပင် ဖြစ်သည်။ သို့ သော်လွန်ခဲ့သော ၆ လခန့်မျှ ကာလအတွင်း အဆိုပါနေရာ သည် များစွာလှုပ်ရှားကာ အသက်ဝင်လာတော့သည်။ ဆင်းရဲ သော နိုင်ငံငယ်များမှ ဖြစ်များသော ရောဂါအမျိုးမျိုးအကြောင်း အား သုတေသနပြုကာ စမ်းသပ်လေ့လာမှု ပြုလုပ်သည့် နေရာ ပင်ဖြစ်သည်။ ထိုနေရာသည်ကား ယခုအခါ ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားသည်မှ အစပြု၍ COVID-19 အတွက် ကာကွယ် ဆေးရရှိရန် ပြုလုပ်လာသည်ကို တွေ့ရှိရသည်။ လက်ရှိတွင် ထိုနေရာသည် ကမ္ဘာပေါ်၌ COVID-19 ရောဂါ ကာကွယ်ဆေး ကို ပထမဆုံးဖော်စပ်နိုင်သူ ဖြစ်လာစေရန် ကြိုးပမ်းအားထုတ် လျက် ရှိသဖြင့် ကမ္ဘာတစ်လွှား ထိပ်ဆုံးမှ ရေပန်းစားလာသည်။
.
ကမ္ဘာ့နိုင်ငံကြီးများသည် COVID-19 ရောဂါ ကာကွယ်ဆေး ရရှိရန် ငွေကြေးမြောက်များစွာ စိုက်ထုတ်ပြီး အသုံးပြုလျက် ရှိ ကြသည်။ ကာကွယ်ဆေး ရရှိရန် အမေရိကန်၊ တရုတ်ကဲ့သို့ သော နိုင်ငံကြီးများ အပြိုင်အဆိုင် ကြိုးပမ်းနေမှုသည် အမေရိ ကန်နှင့် ဆိုဗီယက်တို့၏ စစ်အေးကာလ အာကာသနည်းပညာ ပြိုင်ဆိုင်မှု ကိုပင်ပြန်လည်အမှတ်ရစေခဲ့သည်။
.
လက်ရှိတွင် COVID-19 ရောဂါကို ကာကွယ်နိုင်ရန် ကာ ကွယ်ဆေး ၁၀၈ မျိုးခန့်ကို စမ်းသပ်ဖော်စပ်လျက် ရှိကြသည်။ တရုတ်အစိုးရသည် ပြည့်ဝစွာ စမ်းသပ်ခြင်း မပြုရသေးသည့် ကာကွယ်ဆေးများအား စစ်သားများအသုံးပြုနိုင်ရန် ဇွန်လ၌ ခွင့်ပြုပေးခဲ့သည်။ အမေရိကန် ဆေးသုတေသန အဖွဲ့အစည်း များကလည်း ကာကွယ်ဆေးဖော်စပ်ရာ၌ ခရီးများစွာ ရောက်ရှိ ပြီး ဖြစ်သော်လည်း နောက်ဆုံးအဆင့်သို့ မရောက်သေးပေ။ ကာကွယ်ဆေး ဖော်စပ်ရာတွင် အောက်ဖိုဒ့််တက္ကသိုလ်က ရှေ့ ဆုံးမှ ဦးဆောင်လျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ဆေးသုတေသန ပညာရှင် ဂျွန်နာသန်က ပြောဆိုသည်။
.
အောက်ဖိုဒ့်တက္ကသိုလ်၏ ကာကွယ်ဆေးသည် စမ်းသပ်မှု နောက်ဆုံးအဆင့်များသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ စမ်းသပ် မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကာကွယ်ဆေး များထဲ၌ အောက်ဖိုဒ့်တက္ကသိုလ်အပြင် တရုတ်မှ Sinopharm ကုမ္ပဏီ၏ ကာကွယ်ဆေး တစ်ခုတည်းသာ ရှိသည်။ Sinopharm သည် အောက်ဖိုဒ့်တက္ကသိုလ်ကဲ့သို့ ငွေကြေးအင်အား တောင့် တင်းမှု မရှိသည့်အပြင် ယုံကြည်ကိုးစားမှုကိုလည်း မရရှိသေး ချေ။ ဗြိတိန်ဆေးဝါး ကုမ္ပဏီကြီးဖြစ်သော Astra Zeneca သည် အောက်ဖိုဒ့်တက္ကသိုလ်၏ ဆေးကို အလျင်အမြန်နှုန်းဖြင့် အလုံး အရင်းလိုက် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။
.
အောက်ဖိုဒ့်တက္ကသိုလ်မှ ဖော်စပ်နေသော ကာကွယ်ဆေး သည် အစွမ်းထက်မှု ရှိ/မရှိဆိုသည်ကို လာမည့် သြဂုတ်လ ကုန် ပိုင်း၌ ရှင်းလင်းစွာ သိရှိရဖွယ်ရှိသည်ဟု ဆိုသည်။ နောက်ဆုံး အဆင့်၏ ကနဦး စမ်းသပ်မှုများ အောင်မြင်သည်ဆိုလျှင်ပင် အောက်ဖိုဒ့်တက္ကသိုလ်၏ ကာကွယ်ဆေးကို အရေးပေါ်အဖြစ် ယုံကြည်စွာ အသုံးပြုရဖွယ် ရှိနေသည်။ ထိုကဲ့သို့ အရေးပေါ် အသုံးပြုမည် ဆိုပါက အောက်တိုဘာလလယ်တွင် စတင်အသုံး ပြုနိုင်ဖွယ်ရှိသည်။ ကာကွယ်ဆေးအား ပြည့်ဝစွာ စမ်းသပ် အောင်မြင်မှုသည်ကား ၂၀၂၁ ခုနှစ်ဆန်းပိုင်းမှသာ ပြီးဆုံးနိုင် ဖွယ်ရှိသည်။ ကာကွယ်ဆေးဖော်စပ်သည် ဆိုသည်မှာ အနည်း ဆုံး ၁၀ နှစ် ၁၅ နှစ် ခန့်အချိန်ယူရသည်။ ထို့ကြောင့် COVID -19 ကာကွယ်ဆေးကို တစ်နှစ်ခန့်အတွင်း အောင်မြင်စွာ ဖော် ထုတ်နိုင်မည်ဆိုပါက ချီးကျူးရမည့် လုပ်ဆောင်ချက်ပင်ဖြစ် သည်။
.
ကမ္ဘာကျော် ကိန်းဘရစ်ဂျ်တက္ကသိုလ်နှင့် ပြိုင်ဘက်ဖြစ် သော အောက်ဖိုဒ့်တက္ကသိုလ်သည်လည်း ထိပ်တန်းပညာရှင် များ ရရှိထားရုံသာမက သုတေသန လုပ်ငန်းများအတွက် ငွေ ကြေးအင်အားသည်လည်း လွန်စွာတောင့်တင်းလှသည်ကို တွေ့ရှိရသည်။ ကာကွယ်ဆေး ဖော်စပ်နေကြသော အောက် ဖိုဒ့်တက္ကသိုလ်မှ အဖွဲ့ပေါင်း ၆၀ ကျော်သည် လုပ်ငန်းများစတင် ရန် အစိုးရထံမှ ထောက်ပံ့ငွေများ ရရှိခြင်း မရှိသော်လည်း အဆင်ပြေ ချောမွေ့နေရသည်ကို တွေ့ရှိရသည်။ အဆိုပါအဖွဲ့ ၆၀ ကျော်အနက် ထူးချွန်စွာ ဆောင်ရွက်လျက်ရှိသော အဖွဲ့ သည် ဂျင်းနား အင်စတီကျူ့ပင် ဖြစ်သည်။
.


.
အောက်ဖိုဒ့်တက္ကသိုလ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဂျင်းနားအင်စတီကျူ့သည် COVID-19 ရောဂါဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇပုံစံကို ရရှိပြီးနောက် တစ်နေ့ဖြစ်သော ၁၁-၁-၂၀၂၀ မှာပင် ကာကွယ်ဆေးဖော်စပ်ရေး လုပ်ငန်းစဉ်များ ကို ဦးစွာစတင်နိုင်ခဲ့သည်။ COVID-19 ရောဂါနှင့် ဆင်တူသည့် မားစ်ရောဂါအတွက် ကာကွယ်ဆေးကိုလည်း ဂျင်းနားအင်စတီ ကျူ့မှပင် ဖော်စပ်ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ဂျင်းနားအင်စတီ ကျူ့၏ ပထမတာဝန်ခံမစ္စတာ ဆာရာဂီလ်းဘတ်က မိမိတို့သည် ချန်ပင်ဇီဗိုင်းရပ်စ် တစ်မျိုးမျိုးကို ပြုပြင်ပြောင်းလဲကာ COVID -19 ကာကွယ်ဆေးအဖြစ် ဖော်စပ်နေခြင်းဖြစ်သည်ဟု ထုတ် ဖော်ပြောဆိုသည်။
.

သုတေသန အဖွဲ့အစည်းတစ်ခုက အလားအလာရှိသော ကာကွယ်ဆေးတစ်မျိုး ဖန်တီးနိုင်ပြီဆိုပါက စမ်းသပ်မှုများ စ တင်ရန် အာဏာပိုင်များထံသို့ ခွင့်ပြုချက်တောင်းခံရပြီး ၂ လ ခန့် စောင့်ဆိုင်းရသည်။ သို့သော် ယခု COVID-19 သည် ကမ္ဘာ့ ကပ်ရောဂါ တစ်ခုဖြစ်လာသဖြင့် အရေးပေါ်အခြေအနေ တစ် ရပ်ကြောင့် အာဏာပိုင်များက သီတင်းတစ်ပတ်အတွင်းမှာပင် အောက်ဖိုဒ့်တက္ကသိုလ်အား ချက်ချင်းခွင့်ပြုမိန့်ကို ချမှတ်ပေးခဲ့ သည်။ အောက်ဖိုဒ့်တက္ကသိုလ်၏ ကာကွယ်ဆေး နောက်ဆုံးအ ဆင့် စမ်းသပ်မှု နောက်ဆုံးအဆင့်များ၏ ရလဒ်များကို ပြန် လည်သုံးသပ်ကာ အတည်ပြုပေးခြင်း ဖြစ်သည်။ တစ်ချိန်တည်း မှာပင် အောက်ဖိုဒ့်တက္ကသိုလ်သည် ကာကွယ်ဆေးကို ထုတ် လုပ်ပေးနိုင်မည့် ဖြန့်ဖြူးပေးနိုင်မည့် စက်ရုံများနှင့် ချိတ်ဆက်ရ သည်။ ကာကွယ်ရေးကို အလျင်အမြန် အလုံးအရင်းဖြင့် ထုတ် လုပ်ပေးနိုင်ရန် လွယ်ကူမှု မရှိကြောင်း ဗြိတိန်ဆေးဝါးလုပ်ငန်း ရှင်များအသင်းကလည်း မတ်လထဲတွင် စမ်းသပ်ထုတ်ပြန်သော အခါ ဧပြီလထဲ၌ Astra Zenceca ဆေးဝါးကုမ္ပဏီနှင့် လက်မှတ် ရေးထိုးကာ ကာကွယ်ဆေးများကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ကြိုတင်သဘောတူညီချက် ရယူခဲ့သည်။ ထို့ကြောင့် Astra Zenceca အနေဖြင့်လည်း ၎င်းတို့၏ အရေအတွက်သည် ရာနှင့် ချီသည့် ဝန်ထမ်းများကို ကြိုတင်ခေါ်ယူကာ ပြင်ဆင်မှုများ ပြု လုပ်ရတော့သည်။
.
ကာကွယ်ဆေး ထုတ်လုပ်ရာတွင် ဇီဝဓာတ်ပေါင်းဖိုဟု ခေါ် သည့် စည်ကြီးများအတွင်း၌ ဆဲလ်များထဲတွင် ကာကွယ်ဆေး များကို မွေးမြူရသည့် လီတာ ၂၀၀၀ ပမာဏရှိသော ဓာတ်ပေါင်း ဖို ၄ လုံးမှနေ၍ ကာကွယ်ဆေး လုံးရေ သန်း ၁၀၀၀ ကို ၂ လ အတွင်း ရရှိနိုင်သည်။ Astra Zenceca သည် ကာကွယ်ဆေး ထုတ်လုပ်သည့် အတွေ့အကြုံမရှိသော်လည်း လွန်စွာခက်ခဲ မည် မဟုတ်ချေ။
.
COVID-19 ကာကွယ်ဆေးတစ်လုံးသည် ကောဖီတစ်ခွက် စာသာ ကုန်ကျမည်ဟူ၍  Astra Zenceca မှပြောဆိုထားသည်။ ကာကွယ်ဆေး ကြိုတင်ရှာယူမှုများကလည်း အလုံးရေ သန်း ၂၀၀၀ ထိတိုင် မှာယူထားသည်ကို တွေ့ရှိရသည်။  Astra Zenceca ကုမ္ပဏီမှလည်း ပထမဆုံးထုတ်လုပ်သည့် ကာကွယ် ဆေး အလုံးရေ သန်းတစ်ထောင် တိတိကို ဥရောပ၊ ဗြိတိန်၊ အ မေရိကန်နှင့် Gavi  အဖွဲ့တို့အား ပေးဆပ်ရမည်ဟူ၍ သဘော တူ လက်မှတ်ရေးထိုးထားသည်။ Gavi သည်ဆင်းရဲသည့် နိုင်ငံ များသို့ ကာကွယ်ဆေး ဟူသ၍ကို ထောက်ပံ့ပေးနေသည့် နိုင်ငံ တကာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။
.
အောက်ဖိုဒ့်တက္ကသိုလ်၏ ကာကွယ်ဆေးကို အပြီးသတ် အတည်မပြုရသေးမီမှာပင် ထုတ်လုပ်မှုများ စတင်ရန်လည်း စီစဉ်နေကြသည်။ အိန္ဒိယကုမ္ပဏီ Serum Institute သည် ကာကွယ်ဆေး အလုံးရေ သန်းတစ်ထောင် ထုတ်လုပ်ကာ ဝင် ငွေနိမ့်၊ ဝင်ငွေအလယ်အလတ် နိုင်ငံများသို့ ရောင်းချပေးရန် အောက်ဖိုဒ့်တက္ကသိုလ်ထံမှ ခွင့်ပြုမိန့်ရရှိထားသည်။ ထိုသန်း ၁၀၀၀ အနက် သန်း ၄၀၀ ကို ယခုနှစ် မကုန်မီတွင် ထုတ်လုပ် ပေးမည် ဖြစ်သည်။ ဗြိတိန်၌လည်း အလုံးရေသန်း ၃၀ ကို စက်တင်ဘာလမကုန်မီ ရရှိမည်ဟု သိရသည်။
.
ဗြိတိန်တွင် လူဦးရေ ၇၀၀၀ ကျော်အား ကာကွယ်ဆေး စမ်းသပ်ထိုးနှံပေးထားပြီး ရလဒ်များကို စောင့်ကြည့်လျက်ရှိ သည်။ ဘရာဇီးနှင့် တောင်အာဖရိကတို့တွင်လည်း စမ်းသပ်ထိုး နှံမှုများ ပြုလုပ်နေသည်။ စမ်းသပ်ထိုးနှံမှုများကြောင့် ကာကွယ် ဆေးအာနိသင်ရှိမရှိ၊ ဘေးထွက်ဆိုးကျိုး ရှိမရှိ သိနိုင်မည်ဖြစ် ကာ အသုံးပြုမည့် ဆေးပမာဏလည်း သိရှိနိုင်မည်ဖြစ်သည်။
.
ကာကွယ်ဆေး ရရှိမည် ဆိုပါက သက်ဆိုင်ရာ အစိုးရများ သည် သက်ကြီးရွယ်အိုများနှင့် အရေးကြီး အစိုးရဝန်ထမ်းများ ကို ဦးစွာထိုးနှံပေးသွားဖွယ်ရှိသည်။ ထို့ပြင် ကာကွယ်ဆေးကို  ကမ္ဘာ့နိုင်ငံကြီးများက လက်ဝါးကြီးအုပ်ကာ ကြိုတင်မှာယူနေ ကြသည်ဖြစ်ရာ ဆင်းရဲသည့် နိုင်ငံငယ်များအတွက် နောက်ဆုံး မှသာ ရရှိမည်ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About