နှစ်နိုင်ငံ သဘောတူညီမှုအား ချိုးဖောက်လာကြပြီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 18, 2020

နှစ်နိုင်ငံ သဘောတူညီမှုအား ချိုးဖောက်လာကြပြီ


စိုင်းကျော်မောင်
.
၂၀ ရာစုနှောင်းပိုင်း ကာလမှ စတင်ကာ ကမ္ဘာ့နိုင်ငံများအ ကြားတွင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် စီးပွားရေး အရသော် လည်းကောင်း စစ်ရေးအရသော်လည်းကောင်း ထင်ရှားကျော် ကြားလာသည့် နိုင်ငံ ၂ ခုပင်ဖြစ်ကြောင်း အများမှ သိရှိပြီးဖြစ် သည်။ ထို ၂ နိုင်ငံစလုံးသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး ရှိနေကြပြီး လက်နက်အမြောက်အများ တပ်ဆင်ထားသည့် ကြီးမားသော စစ်သည်အင်အားများ ပိုင်ဆိုင်ထားကြသည်။ ၂ နိုင်ငံစလုံးသည် နျူကလီးယား လက်နက်များ ရှိနေသဖြင့် ၂ နိုင်ငံအကြား စစ်မက်ဖြစ်ပွားလာပါက အဖျက်စွမ်းအား ကြီးမား လာနိုင်ဖွယ် ရှိနေပေသည်။
.
စိတ်ရင်း စေတနာများ ဆုံးရှုံးခဲ့ကြခြင်း
တစ်ကမ္ဘာလုံး၏ အကျိုးစီးပွားကို စဉ်းစားမည်ဆိုလျှင် တ ရုတ်သည် အိန္ဒိယအား ရန်လိုသည့်် အိမ်နီးချင်းမဟုတ်ဘဲ ချစ် ခင်ရင်းနှီးသည့် အိမ်နီးချင်းအဖြစ် ဆက်ဆံခြင်းသည် တရုတ်အ တွက် လတ်တလော အကျိုးများရုံသာမက ရေရှည်အကျိုးရှိနိုင် ကြောင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ရှုထောင့်မျှသာမက မဟာ ဗျူဟာနှင့် သံတမန်ရေးရာ ရှုထောင့်များအရ ၂ နိုင်ငံစ လုံး အကျိုးများနိုင်သည်။ ယင်းနိုင်ငံ ၂ နိုင်ငံစလုံးသည် ရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထွန်းကားခဲ့ပြီး ဖြစ်သော ကြောင့် ၂ နိုင်ငံအကြား ယဉ်ကျေးမှုအရ ချစ်ခင်ရင်းနှီးမှုရှိရန် လည်း အရေးကြီးလှပေသည်။ ၁၉၆၂ ခုနှစ် တရုတ်-အိန္ဒိယ စစ်ပွဲတွင် တရုတ်မှ အနိုင်ရခဲ့သည်။ သို့သော်လည်း ထိုအနိုင်ရ မှုသည် တရုတ်တို့အတွက် စစ်မှန်သည့် အကျိုးကျေးဇူးများ ကင်းမဲ့ခဲ့ရသည်။ ၂ နိုင်ငံအကြား ယုံကြည်မှုနှင့် ချစ်ခင်ရင်းနှီးစွာ ဖြင့် တစ်ဦးအကျိုးကို တစ်ဦး အပြန်အလှန် လိုလားသည့် စိတ် ရင်းစေတနာများ ဆုံးရှုံးခဲ့ကြရသည်။ ငြိမ်းချမ်းရေးနှင့် တရားမျှ တမှု ထောက်ခံသည့် ကမ္ဘာ့ခေါင်းဆောင်များ စာရင်းဝင်သည့် အိန္ဒိယခေါင်းဆောင် နေရှုးအပေါ် ထိုစစ်ပွဲ၏ ရိုက်ခတ်မှု ပြင်း ထန်ခဲ့ကြောင်း ထို အကျိုးဆက်များက တရုတ်အတွက်သည် လည်း အကျိုး မရှိကြောင်း ဖော်ပြထားသည်။ ၂၀၁၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံသား တစ်ဦးဖြစ်သူ ဒေါက်တာကော့နစ်သည် တ ရုတ်စစ်သည်များနှင့် နိုင်ငံသားများအား ကယ်ဆယ်လျက်နှင့် ပင် အသက်ဆုံးရှုံးခဲ့သောကြောင့် ဒေါက်တာကောနစ်ကို တ ရုတ်နှင့် အိန္ဒိယ ၂ နိုင်ငံအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ပေး သည့် သင်္ကေတအဖြစ် သရုပ်ဖော်ခဲ့ကြသည်။
ယာယီနယ်စပ်မျဉ်း(Line of Actual Contral LAC)
.
အိန္ဒိယအစိုးရ အဆက်ဆက်သည် တရုတ်- အိန္ဒိယ နယ်နိ မိတ်အငြင်းပွားမှု ပြဿနာကြောင့် တရုတ်နှင့် စစ်ရေးအရ ထပ် မံထိုက်တိုက် ရင်ဆိုင်ရခြင်း မရှိစေရန် ကောင်းစွာ ရှောင်ရှားနိုင် ခဲ့ကြသည်။ အရုနာချယ်ပရာဒတ်ရှ်ဒေသအား အကြောင်းပြု၍ ၁၉၈၆ ခုနှစ်တွင် နယ်စပ်၌ ၂ နိုင်ငံစစ်ရေး တင်းမာလာသောအ ခါ ထိုစဉ်က အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္နီသည် ၁၉၈၈ ၌ တ ရုတ်သို့ အလည်အပတ် ချစ်ကြည်ရေး သွားရောက်ကာ ၁၉၆၂ ခုနှစ် စစ်ကြီးအပြီး အေးခဲနေသည့် ၂ နိုင်ငံဆက်ဆံရေး ပြန် လည်နွေးထွေးလာစေရန် ကြိုးစားခဲ့သည်။ ရာဂျစ်ဂန္နီအားထုတ် ကြိုးပမ်းမှုကြောင့်ပင် ရာဂျစ်ဂန္နီနေရာ ဆက်ခံသော ဝန်ကြီးချုပ် ရာဆင်းဟာရာကို လက်ထက် ၁၉၉၉ ခုနှစ်တွင် အိန္ဒိယသည် ယာယီနယ်စပ်မျဉ်းကို တရုတ်နှင့်် သဘောတူညီကာ သတ်မှတ် နိုင်ခဲ့သည်။ နယ်စပ်မျဉ်း အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေ ရှင်းရန်လည်း တရုတ်နှင့် သဘောတူခဲ့ကြသည်။
.
၁၅-၆-၂၀၂၀ ရက်နေ့
တရုတ်သည် အိန္ဒိယနယ်စပ်၌ ၂ နိုင်ငံယာယီနယ်စပ်မျဉ်း LAC တစ်လျှောက်တွင် ရဟတ်ယာဉ်ကွင်းများနှင့် ကတုတ်ကျင်း များ တိုးချဲ့တည်ဆောက်နေသကဲ့သို့ တပ်ဖွဲ့များကိုလည်း တိုး မြှင့်စေလွှတ်လျက်ရှိသည်ဟု အိန္ဒိယအရေး စောင့်ကြည့်လေ့ လာသူများက ပြောဆိုလျက်ရှိသည်။ ဇွန်လဆန်းပိုင်းအတွင်း တွင် ထွက်ပေါ်လာသည့် ဂြိုလ်တုဓာတ်ပုံများကလည်း ၎င်းတို့ ၏ ပြောကြားချက်များ မှန်ကန်ကြောင်းကို ပြသနေသည်။ ထို ကဲ့သို့ စစ်အင်အားများ တိုးချဲ့နေမှုသည် ၂ နိုင်ငံ သဘောတူညီ ချက်များကို ချိုးဖောက်ရာ ရောက်သည်ဟူ၍ အိန္ဒိယအစိုးရ ဘက်က ကန့်ကွက်ပြောဆိုသည်။ ၁၉၉၉ ခုနှစ် သဘောတူညီ ချက်အရ တရုတ်နှင့် အိန္ဒိယတို့သည် နယ်စပ်တွင် စစ်စခန်းများ ကို တိုးချဲ့ခြင်း မပြုလုပ်ကြရန် သဘောတူထားကြသည်။
.
အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရသူ ဆရီဗတ်စတာပါက ဒီပြဿနာဟာ မေလဆန်းပိုင်း ကတည်း က စတင်နေခဲ့တာပါ။ တရုတ်ဟာ ယာယီနယ်စပ်မျဉ်း LAC တစ်လျှောက်မှာ စစ်စခန်းတွေ တိုးချဲ့နေပါတယ်။ ဒါဟာ ၂ နိုင်ငံ သဘောတူညီချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုး ဖောက်နေတာ ဖြစ်ပါတယ်ဟု သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ကန့်ကွက်ပြောဆိုခဲ့သည်။ တရုတ်နှင့် အိန္ဒိယ ခေါင်းဆောင်တို့ သည် နယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည်ဟု ပြော ဆိုထားသည်။ သို့သော် လက်တွေ့နယ်ပယ်တွင် နယ်စပ်တစ် လျှောက်၌ စစ်အင်အားက အပြိုင်အဆိုင် တိုးချဲ့လျက်ရှိရာ စစ် ရေးတင်းမာမှုသည်လည်း မြင့်တက်လာတော့သည်။ စစ်ရေး တင်းမာမှု မြင့်တက်လာစဉ်တွင် ၂ နိုင်ငံနယ်စပ်ရှိ ပိုင်ဆိုင်မှု အ ငြင်းပွားနေသော ဂါလဝမ်တောင်ကြား၌ ၁၅-၆-၂၀၂၀ ရက်နေ့ တွင် တစ်ဘက်နှင့် တစ်ဘက် ခိုက်ရန်ဖြစ်ပွားခဲ့ရာ အိန္ဒိယစစ် သား ၂၀ ဦး သေဆုံးခဲ့ရသည်။ ၃၅ ဦးက ဒဏ်ရာရရှိခဲ့သည်။ တရုတ်တို့ ဘက်မှလည်း တရုတ်စစ်သား ၄၀ ကျော် သေဆုံးခဲ့ ရသည်ဟူ၍ အိန္ဒိယ ပြည်တွင်းသတင်းဌာနမှ ဖော်ပြခဲ့သော် လည်း တရုတ်အစိုးရကမူ သေဆုံးဒဏ်ရာရသူ စာရင်းကို ထုတ် ပြန်ကြေညာခဲ့ခြင်း မရှိပေ။ ဤ ၁၅-၆-၂၀၂၀ ရက်နေ့ ဖြစ်ရပ် သည် ၁၉၆၇ ခုနှစ် ဒုတိယတရုတ် - အိန္ဒိယ စစ်ပွဲနောက်ပိုင်း တွင် လူအသေအပျောက် အများဆုံးဖြစ်ရပ်တစ်ခု ဖြစ်လာသည်။
.
တရုတ်ရှောင်လင် သိုင်းဆရာ ၂၀ ဦး
၁၅-၆-၂၀၂၀ ဖြစ်ရပ်များအပြီး နောက်ပိုင်းတွင် တရုတ်အ စိုးရမှ အိန္ဒိယနယ်စပ်ရှိ နယ်ခြားစောင့် တပ်ဖွဲ့များအား လေ့  ကျင့်သင်ကြားနိုင်ရန် ကိုယ်ခံသိုင်းပညာရှင် ရှောင်လင်မှ ကိုယ် ခံသိုင်းအဖွဲ့ Enbo Fight Club မှ ပညာရှင် ၂၀ ဦးကို ၂၇-၆-၂၀၂၀ ရက်နေ့တွင် စေလွှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။ သိုင်းဆရာများအား စေလွှတ်ခဲ့ခြင်း အကြောင်းပြချက် အား ထုတ်ဖော်ပြောဆိုခြင်း မပြုသော်လည်း လူသားများစွာ သေဆုံးရသည့်အတွက် ဤကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်း ပင်ဖြစ်သည်။ ၁၉၆၆ ခုနှစ် သဘောတူညီချက်အရ တရုတ်နှင့် အိန္ဒိယ နယ်ခြားစောင့်တပ်များသည် ပဋိပက္ခများ ဖြစ်ပွားလာပါ က သေနတ်အပါအဝင် စစ်လက်နက်များ သုံးစွဲခွင့် မပြုဟူသည့် အချက်တစ်ချက် ပါဝင်သည်။ ၁၅-၆-၂၀၂၀ ရက်နေ့ ပဋိပက္ခ တွင် လက်နက်များ ထုတ်ယူသုံးစွဲခြင်း မပြုသော်လည်း တရုတ် ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယ စစ်သား ၂၀ ဦးထိ သေဆုံးခဲ့ရ သည်။ တရုတ်တို့ကမူ ၎င်းတို့ဘက်မှ သေဆုံးဒဏ်ရာ ရရှိသူ အရေအတွက်ကို ထုတ်ပြန်ခြင်း မရှိခဲ့ပေ။
.


.
ကိုယ်ခံသိုင်းအဖွဲ့မှ ပညာရှင် ၂၀ ဦးကို တိဘက်ပြည်နယ် မြို့တော် လာဆာသို့ စေလွှတ်ကာ တရုတ်စစ်သားများကို လက်နက်မဲ့ တိုက်ခိုက်ကာ အနိုင်ယူနိုင်ရန် လေ့ကျင့်သင်ကြား ပေးမည်ဟု တရုတ်အစိုးရပိုင် CCTV သတင်းဌာနမှဆိုသည်။ နျူကလီးယား လက်နက်များကိုယ်စီ ပိုင်ဆိုင်ထားကြသော တ ရုတ်နှင့် အိန္ဒိယတို့သည် ၂ နိုင်ငံနယ်နိမိတ်ကို အတည်အကျ သတ်မှတ်ရခြင်း မရှိသေးဘဲ ယာယီနယ်စပ်မျဉ်းဖြင့်သာ ပိုင်း ခြားထားသည်။ အဆိုပါ ယာယီနယ်စပ်မျဉ်း LAC တစ်လျှောက် မှာပင် နယ်မြေအငြင်းပွားမှုများ ရှိနေပေသည်။
.

အိန္ဒိယနယ်မြေ စတုရန်း ကီလိုမီတာ ၄၅၀၀၀
အိန္ဒိယကာကွယ်ရေး ဝန်ကြီးဟောင်း ရှာရတ်ပဝါက ဇွန်လ ၂၇ ရက်နေ့တွင် ၁၉၆၂ ခုနှစ် စစ်ပွဲအပြီး ကာလများ၌ မိမိတို့ နယ်မြေစတုရန်း ကီလိုမီတာ ၄၅၀၀၀ ခန့်ကို တရုတ်တို့က ကျူး ကျော်ရယူသွားသည်ဟု ပြောဆိုလိုက်သည်။ အိန္ဒိယ အစိုးရအ နေဖြင့် အမျိုးသားလုံခြုံရေး ကိစ္စများကို နိုင်ငံရေးအတွက် အ သုံးမချသင့်ကြောင်း ၎င်းကထောက်ပြပြောဆိုခဲ့သည်။ ၁၅-၆-၂၀၂၀ ဖြစ်ရပ်နှင့် ပတ်သက်၍ ၎င်းကထိုဖြစ်ရပ်တွင် လက်ရှိ အိန္ဒိယစစ်တပ် အကြီးအကဲများကို အပြစ် မတင်ကြောင်း နယ်စပ် အရေးတွင် ထိလွယ်ရှလွယ်သော ကိစ္စဖြစ်သဖြင့် ထိန်းသိမ်းမှု အများဆုံးဖြင့် အမိန့်ပေး ညွှန်ကြားရကြောင်း တာဝန်ကျ အိန္ဒိယ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကလည်း နိုး ကြားမှု အပြည့် ရှိခဲ့သောကြောင့် တာဝန်ကျေပွန်ကြကြောင်း ချီးကျူးဂုဏ်ပြု စကား ဆိုခဲ့သည်။
.
တရုတ်နယ်စပ်အရေးနှင့် ပတ်သက်၍ ဝန်ကြီးချုပ် နာရင်ဒ ရာမိုဒီ၏ အစိုးရနှင့် လွှတ်တော်တို့တွင်လည်း အငြင်းပွားလျက် ရှိသည်။ အတိုက်အခံ လွှတ်တော်အမတ် တစ်ဦးဖြစ်သော ရာ အူဂန္နီက ဝန်ကြီးချုပ် မိုဒီလက်ထက်တွင် အိန္ဒိယနယ်စပ်သည် မည်မျှအတိုင်းအတာထိပင် တရုတ်လက်ထဲသို့ ပါသွားခဲ့ပြီနည်း ဟု လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။ အတိုက်အခံများက တရုတ်နယ်စပ်အရေးကို အသုံးပြုကာ လက်ရှိအစိုးရအား ဝေ ဖန်တိုက်ခိုက်လာခြင်းသည် မဖြစ်သင့်ကြောင်း အမျိုးသားလုံ ခြုံရေး ကိစ္စရပ်များတွင် နိုင်ငံရေးအတွက် အမြတ်မထုတ်သင့် ကြောင်း သတိပေး ပြောကြားသည်။ အတိုက်အခံများကမူ ရှာ ရတ်ပဝါသည် လက်ရှိအာဏာရ BJP ပါတီနှင့် ပူးပေါင်းရန် လွန် ခဲ့သော ၂၀၁၈ ခုနှစ်ကပင် ကြိုးပမ်းခဲ့ဖူးပြီး BJP ပါတီ၏ ဘက် တော်သား တစ်ဦးဖြစ်သည်ဟု တုံ့ပြန်ပြောဆိုထားသည်။
.
အလျင်အမြန် တိုက်ခိုက်ကာ အနိုင်ယူသင့်
တရုတ်ရေတပ်အရာရှိဟောင်းနှင့် စစ်ရေးလေ့လာသူ ဝမ် ယွန်ဖေက ဇွန်လ ၂၈ ရက် နေ့တွင် တရုတ်၏ စစ်တပ်အနေဖြင့် အိန္ဒိယနှင့် စစ်ဖြစ်ရမည်ဆိုပါက အလျင်အမြန် တိုက်ခိုက်အနိုင် ယူကာ စစ်ပွဲအဆုံးသတ်နိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း တိုက်တွန်းပြောဆိုလိုက်သည်။ သူကပင် ဆက်လက်၍ ကျွန် တော်တို့အနေနဲ့ စစ်ပွဲဆင်နွဲရမယ်ဆိုရင် လျင်လျင်မြန်မြန် ပြတ် ပြတ်သားသား တိုက်ခိုက်အနိုင်ယူရမယ်။ ဒါမှသာ အိန္ဒိယစစ် တပ် ဦးကျိုးသွားပြီး စစ်ပွဲကို အချိန်တိုတိုအတွင်း အဆုံးသတ် နိုင်မှာ ဖြစ်တယ်။ စစ်တပ်အကြီးအကဲများအနေနဲ့ နယ်စပ်တပ် ဖွဲ့များကို လုပ်ပိုင်ခွင့်အာဏာ ပိုမိုပေးအပ်ထားသင့်တယ်။ လို အပ်လာရင် ယာယီနယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး အိန္ဒိယဘက် ခြမ်းအထိပင် ဝင်ရောက်တိုက်ခိုက်ရန် ခွင့်ပြုသင့်ပါတယ်ဟု ဆက်လက်တိုက်တွန်းထားသည်။
.
တရုတ်စစ်တပ် အငြိမ်းစား ဗိုလ်မှူးချုပ် ကျိုးလျန်ကလည်း တရုတ်စစ်တပ်အနေနဲ့ အိန္ဒိယစစ်တပ်ကို လျော့တွက်မထားသင့် ကြောင်း အိန္ဒိယက ၎င်းတို့စစ်သားများ သေဆုံးရမှုအတွက် လက်တုံ့ပြန်လာနိုင်သဖြင့် တရုတ်စစ်တပ်အနေနဲ့ အသင့်ပြင် ထားသင့်ကြောင်း သတိပေးထားသည်။
.
တရုတ်နှင့် အိန္ဒိယတို့သည် နယ်စပ်ပဋိပက္ခများ၌ စစ်လက် နက်များ အသုံး မပြုရေး အချက်ကိုကား ၂ ဦး သဘောတူ လိုက် နာလျက် ရှိနေသေးသည်။ နယ်စပ်တွင် စစ်အင်အား တိုးချဲ့ခြင်း မပြုရန် ၂ နိုင်ငံသဘောတူညီချက်တစ်ခု ပါဝင်နေသော်လည်း ထိုသဘောတူညီချက်ကိုကား ၂ ဘက်စလုံးမှ ပြောင်ပြောင်တင်း တင်းပင် ချိုးဖောက်လျက်ရှိနေသည်ကို တွေ့ရှိနေရတော့သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About