စိုင်းကျော်မောင်
.
၂၀၂၀
ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်ထိ အချိန်ကာလအတွင်း ရု ရှားနှင့် အနောက်အုပ်စု နိုင်ငံများအကြား
ယှဉ်ပြိုင်မှုသည် လက်ရှိအခြေအနေဖြင့် နှိုင်းယှဉ်လိုက်လျှင် လျှော့နည်းသွားနိုင် ဖွယ်
အလားအလာ ကင်းမဲ့လျက် ရှိသည်။ အရှေ့အလယ်ပိုင်း ဒေသနှင့် ယူရိုအေးရှား (ဥရောပအရှေ့) ဒေသအတွင်းတွင်
တ ရုတ်၏ သြဇာအာဏာ အမှတ်သင်္ကေတဖြစ်သော ရပ်ဝန်းနှင့် လမ်းကြောင်းစီမံချက်ကို အကောင်အထည်ဖော်နိုင်ရန်
ရုရှား နှင့် အနောက်အုပ်စုကြား သဘောထားကွဲပြားမှု ပိုမိုကျယ်ပြန့် ရေး ရုရှားအား တရုတ်ခေါင်းဆောင်များက
ဆက်လက်၍ အားပေးကြဖွယ်ရှိသည်ဟု ဇွန်လဆန်းထုတ် အင်တာနက် ဆောင်းပါးတစ်ပုဒ်၌ ဖော်ပြထားသည်။
.
စိတ်ဝင်စားစွာ
စောင့်ကြည့်နေကြသည်
ရုရှား၊
တရုတ်နှင့် အမေရိကန် အဓိကပါဝင်သည့် အ နောက်အုပ်စု အကြားအပြန်အလှန် ဆက်ဆံရေးသည် ရှေ့လာ
မည့် ဆယ်စုနှစ်များအတွင်း ဥရောပအာရှဒေသ၏ ဖွံ့ဖြိုးမှုကို ယေဘုယျအဆုံးအဖြတ် ပေးသွားမည်ဖြစ်သည်။
ကြီးမားကျယ် ပြန့်သည့် ကုန်းမြေဒေသဖြစ်သည့် ဥရောပအာရှဒေသသည် အင်အားကြီး နိုင်ငံအသီးသီး၏
သြဇာအာဏာ လွှမ်းမိုးမှုအောက် သို့ အပိုင်းပိုင်းကွဲကာ ရောက်ရှိသွားမည်လော (သို့မဟုတ်)
စစ် အေးကာလ နောက်ပိုင်းတွင် ရှိနေခဲ့သည့် အနောက်အုပ်စု၏ သြဇာအာဏာ လွှမ်းမိုးမှုအောက်၌
ဆက်လက်တည်တံ့နေမည် လော ဟူ၍ မေးခွန်းထုတ်ကာ ဝေဖန်သုံးသပ်သူများက စိတ်ဝင် စားစွာ စောင့်ကြည့်နေကြသည်။
.
ရုရှားနှင့်
အနောက်အုပ်စုအကြား ယှဉ်ပြိုင်မှုအပေါ် ဝေဖန် သုံးသပ်သူများ၏ အာရုံစိုက်မှု များပြားနေကြသော်လည်း
ထို ယှဉ်ပြိုင်မှုအပေါ် တရုတ်၏ သဘောထား အမြင်ကိုကား အာရုံ စိုက်မှု လွန်စွာနည်းပါးလျက်ရှိသည်ကို
တွေ့ရှိရသည်။ သို့သော် လည်း ထိုသဘောထား အမြင်သည် လွန်စွာကြီးကျယ်ပြီး အ ရေးပါနေသည်ဟု
သုံးသပ်ထားသည်။ အနောက်အုပ်စု၏ သြ ဇာအာဏာကို ထိရောက်စွာတွန်းလှန်ပြီး အာခံရန် ရုရှား၌
အင် အားအလုံအလောက် မရှိသေးပေ။ အမေရိကန်၏ လတ်တ လော အခြေအနေသည် ခုခံကာကွယ်နေရသည့် အနေအထား
ဖြစ်နေပြီး မဟာမိတ်များနှင့် သေးငယ်သည့် ကိစ္စရပ်များအ တွက် ကျေနပ်မှု မရခဲ့ပေ။ လက်ရှိအခြေအနေတွင်
ဒေသတွင်း နိုင်ငံရေး ချိန်ခွင်လျှာကို ဟန်ချက်ပျက်ရန် စိန်ခေါ်နိုင်သည့် ငွေကြေးနှင့်
စစ်ရေးအင်အားကို တရုတ်တို့ ပိုင်ဆိုင်ထားသဖြင့် တရုတ်၏ သဘောထား အမြင်ကို အလေးထားသင့်ကြောင်း
ဖော်ပြထားသည်။
.
နိုင်ငံရေး
ချိန်ခွင်လျှာ
တရုတ်၏
ကြီးမားကျယ်ပြန့်သည့် နယ်နိမိတ်အတွင်းတွင် ဥရောပ အာရှဒေသက နက်ရှိုင်းစွာ ပါဝင်လျက်ရှိသည်။
ထိုအ တွက်ကြောင့်ပင် ဥရောပ အာရှဒေသဆိုင်ရာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင် နေရသည့် အင်အားစုများအတွက်
များစွာ ထိခိုက် စေပြီး ဒေသ၏ နိုင်ငံရေးချိန်ခွင်လျှာ ဟန်ချက်ညီမှု ပျက်ပြား၍ တစ်ဘက်စောင်းနင်း
ဖြစ်လာမည်ကို အထူးစိုးရိမ်စရာ ဖြစ် သည်။ ရှင်ကျန်းပြည်နယ်မှ ပေါ်တူကီ ထိုမှတစ်ဆင့်
ကင်ဒီးနေ ဗီးယားအထိ ဆန့်တန်းနေသည့် ဥရောပအာရှ ကုန်းမြေဒေသ ကြီးသည် ၎င်း၏သြဇာအာဏာ တိုးမြှင့်စေနိုင်မည့်
ဒေသဟု တ ရုတ်ရှုမြင်ထားသည်။
.
.
တရုတ်၏
စီးပွားရေး ဖွံ့ဖြိုးမှု အင်အားသည် လက်ရှိအခြေ အနေ၌ ကမ္ဘာ့အစီအစဉ်အား ပြောင်းလဲစေမည့်
အရေးအကြီး ဆုံး အချက်ဟု မကြာခဏ အငြင်းပွားကြသော်လည်း မည်မျှ ကြိုးစားစေကာမူ စီးပွားရေး
အင်အား တစ်ခုတည်းဖြင့် စူပါပါဝါ ကို နံပါတ် ၁ ဖြစ်ရန် လုံလောက်မှု မရှိပေ။ တရုတ်အနေဖြင့်
ဥ ရောပအာရှ ကုန်းမြင့်ဒေသ၏ ပထဝီနိုင်ငံရေး အခြေအနေများ ကို မိမိ၏ အကျိုးစီးပွားအတွက်
အခွင့်ကောင်းယူကာ အသုံးချ တတ်ရန် လိုအပ်လျက်ရှိသည်။ ထိုအခွင့်အလမ်းများအနက် တစ်ခုသည်ကား
ရုရှားနှင့် အနောက်အုပ်စုများ အကြား ယှဉ် ပြိုင်မှုပင်ဖြစ်သည်။
.
အမေရိကန်
ပြည်ထောင်စုသည် အဓိက
ရုရှားသည်
တရုတ်နိုင်ငံ မြောက်ပိုင်းသို့ နယ်ချဲ့ခဲ့ဖူးပြီး အ နောက်အင်အားကြီး နိုင်ငံများက တရုတ်နိုင်ငံ
ကမ်းလွန်ပြင် ပင် လယ်ပြင်ဒေသများကို သိမ်းပိုက်ခဲ့ဖူးသဖြင့် တရုတ်တို့အတွက် ရုရှားနှင့်
အနောက်အုပ်စုတို့သည် တစ်မျိုးတစ်စားတည်း ဖြစ် နေသည်။ ရုရှားနှင့် အနောက်နိုင်ငံများအပေါ်
တိုက်ခိုက်ရန်လို မုန်းတီးကြောင်း မဖော်ပြသော်လည်း တရုတ်နိုင်ငံရေး အစဉ်အ လာသည် ရုရှားနှင့်
အနောက်နိုင်ငံများကို ကျူးကျော်သူများအ ဖြစ် ရှုမြင်ခံစားမှုများ နက်ရှိုင်းစွာရှိနေသည်။
ကြီးမားကျယ်ပြန့် သည့် မဟာဗျူဟာအရ ကြည့်မည်ဆိုလျှင် ဥရောပအာရှဒေသ တွင်းတွင် ယှဉ်ပြိုင်နေကြသည့်
ရုရှားနှင့် အနောက်အုပ်စုများအ ကြား၌ တတ်နိုင်သရွေ့ သဘောထားကွဲပြားရန် သွေးခွဲထားခြင်း
သည် တရုတ်အတွက် အကျိုးပိုမို များပြားနိုင်သည်။ ထို့ကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း
တရုတ်သည် တစ်ဘက်သို့ ထောက်ခံပြီး နောက်အခြားတစ်ဘက်သို့ ပြောင်းလဲထောက်ခံ ခဲ့သည်။ စစ်အေးကာလအတွင်းတွင်
တရုတ်သည် ရုရှားဘက်မှ ထောက်ခံပြီး အမေရိကန်အား ပြိုင်ဘက်အဖြစ်ချဉ်းကပ်ခဲ့သည်။ နောက်ပိုင်း၌
ရုရှားနှင့် ဆက်ဆံရေး ပျက်ဆီးလာပြီး အမေရိ ကန် ပြည်ထောင်စုသည် တရုတ်၏ အဓိကထောက်ခံသည့်
နိုင်ငံဖြစ်လာခဲ့သည်။
.
တရုတ်၏
စီးပွားရေး ဖွံ့ဖြိုးနှုန်း
မကြာသေးမီ
နှစ်များအထိ တရုတ်၏ နိုင်ငံခြားရေး မူဝါဒ သည် အခြားတစ်ဘက်အား ဆန့််ကျင်ရန် တစ်ဘက်ကို
အား ပေးသည့် မဟာဗျူဟာကို သုံးခဲ့သည်။ အမေရိကန်ကို ဆန့် ကျင်သည့် ရုရှားကို တရုတ်မှ
သွယ်ဝိုက်၍လည်းကောင်း၊ ပွင့် လင်းမြင်သာစွာဖြင့် လည်းကောင်း ထောက်ခံခဲ့သည်။ ကုလသ မဂ္ဂ
အစည်းအဝေးတွင် မဲပေးရာ၌ဖြစ်စေ၊ ရုရှားအပေါ် အ နောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကို
ဆန့်ကျင်သည့် စီး ပွားရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၌ဖြစ်စေ၊ တရုတ်က ရုရှားအား
ထောက်ခံခဲ့သည့် အကျိုးဆက်အဖြစ် ဆိုဗီယက် ပြည်ထောင်စုခေတ်က ရုရှားပိုင်နက် ဟောင်းများ၊
အာဖရိက၊ အရှေ့အလယ်ပိုင်း ပင်လယ်နက်နှင့် မြေထဲပင်လယ် ဒေသများ တွင် ရုရှား၏ သြဇာအာဏာ
လွှမ်းမိုးမှု ကင်းနိုင်စေရန် ဟန့်တား ရန်အလို့ငှာ အမေရိကန် ပြည်ထောင်စုက စစ်ရေးနှင့်
စီးပွားရေး ရင်းမြစ် သယံဇာတများ ဆက်လက်အသုံးပြုနေရသည်။
.
ရုရှားနှင့်
အနောက်အုပ်စု ယှဉ်ပြိုင်မှုအပေါ် အထက်ပါ သဘောထားအမြင်ကြောင့် တရုတ်သည် လက်ရှိကမ္ဘာ့နိုင်ငံ
များ၏ အစီအစဉ်များကို လုံးဝပြောင်းလဲစေရန် ရည်ရွယ်ကာ ကြိုးပမ်းလျက်ရှိသည်ဟု ရုရှားမှ
ရှုမြင်လာတော့သည် သံသယ များလည်း ကြီးထွားလာသည်။ သို့သော်လည်း လက်ရှိကမ္ဘာ့အ စီအစဉ်က
တရုတ်အတွက် အကျိုးများနေဆဲဖြစ်သည်။ နိုင်ငံ များစွာနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်
စီးပွားရေးအရ ဆက်ဆံမှု ထူထောင်ထားနိုင်သဖြင့် တရုတ်၏ စီးပွားရေးသည် ဖွံ့ဖြိုးနှုန်း
တိုးတက်လာပြီး ကမ္ဘာ့ရပ်ဝန်းဒေသ ၈၀ ရာခိုင်နှုန်းနီးပါးသို့ ကုန် ပစ္စည်းများကို ထုတ်လုပ်ကာ
တင်ပို့ရောင်းချနိုင်သည့် နိုင်ငံအ ဆင့်သို့ ရောက်ရှိလာခဲ့ပြီး အများစုကို တရုတ်မှ
ပိုင်ဆိုင်မှု များ ပြားလာသည်။ ရုရှား၊ တရုတ်ဆက်ဆံရေးသည် တရုတ်က ကမ္ဘာကို လွှမ်းမိုးနိုင်ရန်
အားပေးခြင်းမျိုး မဟုတ်ဘဲ တစ်ဘက် နှင့်တစ်ဘက် အပြန်အလှန် အသုံးချ၍ အမေရိကန် ဦးဆောင်
သော ယနေ့ကမ္ဘာ့အစီအစဉ်ကို နည်းလမ်းကျနစွာ နှောင့်ယှက် သွားရန်သာ ဖြစ်သည်ကို တွေ့ရှိရသည်။
.
ဥရောပ
အာရှဒေသ ပထဝီနိုင်ငံရေး ကစားကွင်း
တရုတ်က
ရုရှားအား တန်းတူအင်အားကြီးနိုင်ငံ အဖြစ် လက်ခံစဉ်းစားသည်ဟု ယူဆနေကြခြင်းသည် မှားယွင်းနေ
ကြောင်း တရုတ်နိုင်ငံရေး သမားများ၏ ပြောဆိုချက်များနှင့် တရုတ်လေ့လာဆန်းစစ်သူများ၏
သုံးသပ်ချက်အရ ရုရှားသည် ဥရောပအာရှဒေသ ပထဝီနိုင်ငံရေး ကစားကွင်းတွင် မိမိရင်ဆိုင် ရမည့်
အစိတ်အပိုင်း တစ်ခုအဖြစ်သာ တရုတ်က လက်ခံထား ကြောင်း ဖော်ပြထားသည်။ ဥရောပအာရှဒေသတွင်း
မကြာ သေးမီက ပိုင်ဆိုင်ခဲ့သည့် ရုရှား၏ သြဇာအာဏာသည် တရုတ် ၏ သြဇာအာဏာခန့်ပင် အခြေခံမကျသည်ကို
တွေ့ရှိနေရ သည်။ ထို့ကြောင့် ရုရှား-တရုတ် ဦးဆောင်သည့် ဥရောပအာရှ ဒေသသည် တဖြည်းဖြည်းချင်း
ဖြစ်ပေါ်လာရန် ရုရှား၏ အခွင့် အလမ်းသည် အကန့်အသတ်ရှိနေသည်ကို မြင်လာရသည်။ ရု ရှား၏
အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ မူဝါဒသည် ရုရှားနှင့် အနောက်အုပ်စု ယှဉ်ပြိုင်နေရခြင်းကလည်း
တရုတ်အတွက် အကူအညီများက အလိုအလျောက် ဖြစ်ထွန်းလာတော့သည်။ ထိုဒေသသည် စီးပွားရေးအရ တရုတ်အတွက်
အရေးပါလှသော် လည်း အနောက်အုပ်စုက ဒေသတွင်း အဓိက လွှမ်းမိုးချုပ်ကိုင် ထားချိန်၌ ရုရှားကမထင်မှတ်ဘဲ
ဝင်ရောက်နှောင့်ယှက်လာ သည်။ ထို့ကြောင့် အရှေ့အလယ်ပိုင်း ဒေသတွင်း အနောက် အုပ်စုမှ
အခြေအနေများ ပျက်ပြားသွားသဖြင့် တရုတ်အတွက် အကျိုးရှိလာတော့သည်။ ရေရှည်တွင် အရှေ့အလယ်ပိုင်း
ဒေ သတွင်း ရုရှား၏ လက်ရှိအာဏာကို ဆက်လက်၍ ထိန်းသိမ်း နိုင်မှု မရှိတော့လျှင် တရုတ်ကဒေသတွင်းတွင်
ပိုမို၍ တက်ကြွ စွာ လှုပ်ရှားနိုင်ဖွယ်ရှိလာသည်။ တရုတ်၏ တွက်ချက်မှုအရ အရှေ့အလယ်ပိုင်းဒေသ၏
အရေးပါမှုသည် အနာဂတ်ကာလ ၌ ပိုမိုမြင့်မားလာနိုင်သည့် စားသုံးသူဦးရေ သန်း ၅၀၀ ရှိ ဥရော
ပဒေသနှင့် တရုတ်ကို ချိတ်ဆက်ပေးနိုင်သော ဒေသများအ နက် လက်ရှိပထဝီအနေအထားအရ အရှေ့အလယ်ပိုင်းဒေသ
က အဓိကနေရာတစ်ခု ဖြစ်နေသည်။
.
ကွာဟချက်များကို
ချဲ့ထွင်ရန် လိုအပ်
ကမ္ဘာ့စူပါ ပါဝါအမှတ်
၁ ဖြစ်လာစေရန် စီးပွားရေးအင်အား တောင့်တင်းရုံမျှမက အခြားစူပါပါဝါ များအကြား ကွာဟချက်
များကို ချဲ့ထွင်ရန် လိုအပ်ပါသဖြင့် ရုရှားနှင့် အနောက်အုပ်စု ယှဉ်ပြိုင်မှုများက တရုတ်အတွက်
အခွင့်အလမ်းကောင်းတစ်ခု ဖြစ်နေသည်။ လက်ရှိတရုတ်၏ ခေတ်သစ်နိုင်ငံရေး မူဝါဒသည် ဥရောပအာရှ
ကုန်းမြေဒေသကြီးအတွက် စစ်ပြင်ဆင်မည် မ ဟုတ်သော်လည်း ရုရှားနှင့် အနောက်အုပ်စုကြား သံတမန်ရေး၊
စီးပွားရေးအရ ပြိုင်ဆိုင်နေမှုများသည် တရုတ်၏ စီးပွားရေး တိုး တက်ရန် လုပ်ဆောင်မှုအတွက်
အခွင့်အလမ်း တစ်ခုဖြစ်လာ သည်ကို မြင်တွေ့လာရသည်။ ရပ်ဝန်းနှင့် လမ်းကြောင်းစီမံချက်
ဟု အမည်တပ်ထားသည့် ထိုအခွင့်အလမ်းသည် တရုတ်စီးပွား ရေးအား တစ်ရှိန်ထိုး တိုးမြှင့်စေလိမ့်မည်ဟု
သုံးသပ်ထားသည် ကို တွေ့ရှိရသည်။ တရုတ်၏ စီးပွားရေးအား တစ်ရှိန်ထိုး တိုး မြှင့်လာမည်ဆိုပါက
ကမ္ဘာ့စီးပွားရေးသည်လည်း ကမောက်က မ ဖြစ်လာမှာကား မလွဲနိုင်တော့ကြောင်း စီးပွားရေး ပညာရှင်
သုတေသီများက ခန့်မှန်းတွက်ချက်ထားကြသည်။
No comments:
Post a Comment