၂၀၁၈ ခုနှစ်တွင် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား ခေါင်းဆောင်များသည်
အရက်ခွက်ချင်း တိုက်ကာ အတူတကွ ရယ်မောပျော်ရွှင်ခဲ့ကြသည်။ ထိပ်သီး ဆွေးနွေးပွဲများကလည်း
၃ ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး အလို့ငှါ ကတိကဝတ် စကားများ အောင်မြင်စွာ
ပြောဆိုခဲ့ကြသည်။ မြောက်ကိုရီးယား ၏ နျူကလီးယား လက်နက် စမ်းသပ်မှုများကြောင့် စစ်ရေးတင်း
မာမှုများလည်း သိသာစွာ လျော့ကျသွားခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ်ကာလတွင်ကား အခြေအနေကောင်းများ
အလားအလာ ကောင်းများသည်။ အဆင့်မြင့် အဆောက်အဦ တစ်ခုလုံးနှင့်အတူ ရုတ်တရက် ပြိုလဲကာ ပျက်စီးသွားရတော့သည်။
အဘယ် အ ကြောင်းကြောင့်နည်း။
.
၁၆-၆-၂၀၂၀
မြောက်ကိုရီးယားသည် ၂ နိုင်ငံ နယ်စပ်ဒေသရှိ ကီဆောင်း မြို့တွင်
တည်ရှိသည်။ ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးရုံးကို ၁၆.၆. ၂၀၂၀ ရက်နေ့တွင် ဖြိုချဖျက်ဆီးလိုက်သည်။
ကိုရီးယား၂ နိုင်ငံ ကိုယ်စားလှယ်များ အခြေစိုက်ရုံးထိုင်ရာဖြစ်သော အဆိုပါရုံးကို ဒိုင်းနမိုက်ဖြင့်
ဖြိုချလိုက်ခြင်းသည် မည်သူတစ်ဦး တစ်ယောက် ကမျှ မျှော်မှန်းမထားသော ဖြစ်ရပ်တစ်ခု ဖြစ်လာသည်။
ထို့ပြင် တောင်ကိုရီးယားနှင့် နယ်စပ်ဒေသများသို့ မြောက်ကိုရီးယားမှ တပ်ဖွဲ့များကို
တိုးချဲ့စေလွှတ်မည်ဟု ကြေညာလိုက်သည်။ မြောက်ကိုရီးယားသည် COVID-19 ဗိုင်းရပ်စ်ရောဂါကြောင့်
ရုံး ဝန်ထမ်းများ မရှိတော့သည့် ဆက်ဆံရေးရုံးအား ဖောက်ခွဲဖျက် ဆီးမှုကို သေချာကျနစွာ
ရိုက်ကူးကာ မြောက်ကိုရီးယား အစိုးရ ပိုင် ရုပ်မြင်သံကြားမှ အကြိမ်များစွာ ထုတ်လွှင့်ပြသခဲ့သည်။
မြောက်ကိုရီးယား၏ ယခု လုပ်ရပ်အား တစ်ကမ္ဘာလုံးမှ အာရုံ စိုက်ဖွယ်ရာ ဖြစ်ရပ်တစ်ခုအဖြစ်
ဖြစ်ပေါ်လာတော့သည်။
.
မြောက်ကိုရီးယား၏ အဆိုပါ လုပ်ရပ်သည် သေချာကျနစွာ အကွက်ချ စီစဉ်ထားခြင်း
ဖြစ်သည်ဟုလည်း ယူဆရသည်။ မြောက်ကိုရီးယား အစိုးရသည် ရန်သူများကို အလျှော့ပေးကာ ဧည့်ခံခြင်း
မရှိကြောင်းကို ပြည်သူများအား ဝါဒဖြန့်ရန်အတွက် ထိုကဲ့သို့ ဖောက်ခွဲကာ ဖျက်ဆီးပြလိုက်ခြင်းပင်
ဖြစ်သည်။ လွန်ခဲ့ သည့် ဆယ်စုနှစ်များကလည်း မြောက်ကိုရီးယား ချော့တစ်ခါ မြောက်တစ်လှည့်
မဟာဗျူဟာကို လက်ဝယ် ပိုင်ပိုင်ကျင့်သုံးခဲ့ သည်။ မြောက်ကိုရီးယားသည် အမေရိကန်အား တော်သင့်စွာ
လိုက်လျောပေးခဲ့သော်လည်း ဒေါ်နယ်ထရမ့်က ဆန်ရှင်များဖြေ လျော့ခြင်း မပြုခဲ့သဖြင့် ယခုကဲ့သို့
အခြေအနေများကို ပြန်လည် တင်းမာလာစေခြင်း ဖြစ်သည်။
.
မြောက်ကိုရီးယား၏ ရည်ရွယ်ချက်
မြောက်ကိုရီးယား၏ ရည်ရွယ်ချက်သည် အမေရိကန်ကို ဖိ အားပေး လိုက်ခြင်းဖြစ်သော်လည်း
အမေရိကန်အား တိုက်ရိုက် ရန်မစရဲသဖြင့် တစ်ဘက်လှည့်ဖြင့် တောင်ကိုရီးယားကို ရန်စ လိုက်ခြင်းပင်
ဖြစ်သည်။ လက်ရှိ အနေအထားတွင် တောင်ကိုရီး ယားသမ္မတ မွန်ဂျေအင်းသည် ငြိမ်းချမ်းရေးဝါဒီတစ်ဦးဖြစ်ပြီး
သ ဘောထား ပျော့ပြောင်းသူ ဖြစ်၍ တောင်ကိုရီးယားနှင့် ဆက်ဆံ ရေးကို အချိန် မရွေး ပြန်လည်တည့်မတ်သွားနိုင်မည်ဟု
မြောက် ကိုရီးယားမှ ယုံကြည်သက်ဝင်လျက်ရှိသည်။
.
.
တောင်ကိုရီးယားရောက် ပြည်ပြေးများက မိုးပျံပူဖောင်းများ ဖြင့်
ဝါဒဖြန့် စာရွက်စာတမ်းများ ဖြန့်ဝေနေသောကြောင့် ၂ နိုင် ငံဆက်ဆံရေးရုံးအား ဖောက်ခွဲဖျက်ဆီးရသည်ဟု
မြောက်ကိုရီး ယားမှ အကြောင်းပြ ပြောဆိုသည်။ သို့သော် စင်စစ်တွင် မြောက် ကိုရီးယားသည်
အကြောင်း မရှိအကြောင်းရှာကာ တင်းမာမှုများ ကို ပြန်လည် မြှင့်တင်လိုက်ခြင်းပင် ဖြစ်သည်။
မြောက်ကိုရီးယား သည် တောင်ကိုရီးယားနှင့် နယ်စပ်ဒေသသို့ တပ်ဖွဲ့များ တိုးချဲ့ ကာ စေလွှတ်မည်ဟု
ကြေညာသည်။ နယ်စပ်၌ ကင်းစခန်းများ ကို ပြန်လည် ဖွင့်လှစ်မည် ဖြစ်သကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ
လည်း ပြန်လည်ပြုလုပ်မည်ဟု ကြေညာသည်။ မြောက်ကိုရီးယား သည် ၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားနှင့်
လက်မှတ်ရေးထိုးခဲ့ သော နယ်စပ်ဒေသ စစ်ရေး တင်းမာမှုများ လျှော့ချရေး သဘော တူညီချက်ကို
အလုံးစုံ ချိုးဖောက်ရန် ပြင်ဆင်လာခြင်းပင် ဖြစ် သည်။
.
ကင်ဂျုံအန်၏ ညီမ ကင်ယိုဂျုံ
ကင်ယိုဂျုံသည် ၁၉၈၈ ခုနှစ်တွင် မွေးဖွားသည်ဟု သိရှိရ သည်။ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း
ကင်ဂျုံအီနှင့် တ တိယမြောက် ဇနီးတို့၏ သားသမီး ၃ ဦးအနက် ဒုတိယမြောက် သမီးဖြစ်သည်။ ကင်ယိုဂျုံသည်
ကင်ဂျုံအန်နှင့်အတူ ဆွစ်ဇာ လန်နိုင်ငံတွင် ပညာသင်ကြားခဲ့သူ ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင်
ကင်ဂျုံအီ ကွယ်လွန်ပြီးနောက် ကင်ဂျုံအန် အာဏာရရှိလာသော အခါ ကင်ယိုဂျုံကလည်း ပိုမို
အရေးပါသူ တစ်ဦး ဖြစ်လာသည်။ ကင်ယိုဂျုံကို ကမ္ဘာမှ ပထမဆုံး အကြိမ် သိရှိခဲ့ရသည်ကား ကင်
ဂျုံအီ၏ ဈာပနဖြစ်သည်။ ဈာပန၌ ကင်ဂျုံအန်၏ နောက်ဘက် ကပ်လျက်နေရာ ယူထားပြီး ငိုကြွေးနေပုံပေါ်နေသော
ကင်ယိုဂျုံ ကို အစ်ကိုဖြစ်သူ ကင်ဂျုံအန်နှင့်အတူ တစ်ပူးတွဲတွဲ တွေ့မြင်လာ ရသည်။
.
အမေရိကန် ပြည်ထောင်စု ဝယ်လစ္စလေ တက္ကသိုလ်မှ နိုင် ငံရေး ပါမောက္ခမစ်ကက်သရင်းမွန်းက
"ကင်ယိုဂျုံက ကင်ဂျုံအန် ပေါ် အလွန် သစ္စာရှိတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်သစ်
အဖြစ် ကင်ဂျုံအန်ကို ရွေးချယ်ရာမှာလည်း ထောက်ခံပြောဆို ပေးခဲ့တယ်။ အစိုးရ အဖွဲ့ကို
စီမံခန့်ခွဲရာမှာလည်း ကင်ဂျုံအန်ရဲ့ လက်ထောက်အဖြစ် ကင်ယိုဂျုံက အမြဲတမ်း ကူညီဆောင်ရွက်
ပေးနေတယ်" ဟူ၍ သုံးသပ်ပြောကြားခဲ့သည်။ ကင်ဂျုံအန်နှင့် ကင်ယိုဂျုံတို့ မောင်နှမ
၂ ဦးသည် လွန်စွာမှပင် စည်းလုံးချစ်ခင် ကြသည်မှာ သံသယ ဖြစ်ဖွယ်ရာ မရှိဟူ၍ တောင်ကိုရီးယား
ဆိုးလ်မြို့ရှိ မြောက်ကိုရီးယားအရေး လေ့လာမှု တက္ကသိုလ်မှ ယန်မူဂျန်က ပြောဆိုသည်။ ဆက်လက်၍
ယန်မူဂျန်ကပင် "ကင် ဂျုံအန်နဲ့ ကင်ယိုဂျုံတို့ ၂ ဦးက ငယ်စဉ်ဘဝကတည်းက နိုင်ငံခြား
မှာ ပညာသင်စဉ်မှာ သူတို့ ၂ ဦးပဲ စည်းစည်းလုံးလုံးပဲ အဖော်ပြု ခဲ့ကြတယ်။ ဒါကြောင့်လည်း
သူတို့ ၂ ယောက်က သာမန်မောင် နှမတွေထက် ပိုပြီးတော့ စည်းလုံးချစ်ခင်ကြတယ်"ဟု ပြောခဲ့
သည်။
.
ကင်ဂျုံအန်၏ အရိုက်အရာ ဆက်ဆံမည့်သူ
မြောက်ကိုရီးယားတွင် အမျိုးသမီးခေါင်းဆောင်ဟူ၍ မရှိခဲ့ ဖူးပေ။
သို့သော် ယခုနှစ် အစောပိုင်းကာလ၌ ကင်ဂျုံအန် လူမြင် ကွင်းမှ နေ၍ သီတင်းပတ် အတော်ကြာ
ပျောက်ကွယ်နေခဲ့ပြီး သေဆုံးပြီဟူ၍ ကောလာဟလ သတင်းများ ထွက်ပေါ်လာသော အခါ ကင်ယိုဂျုံကို
ကင်ဂျုံအန်၏ အရိုက်အရာ ဆက်ဆံသူအဖြစ် နိုင်ငံတကာမှ သမိုင်း သုတေသီ ပညာရှင်များနှင့်
နိုင်ငံရေး လေ့ လာသုံးသပ်သူများမှ စောင့်ကြည့်လျက်ရှိနေကြသည်။ မြောက် ကိုရီးယားတွင်
အာဏာကို သားစဉ်မြေးဆက် လွှဲပြောင်းပေး သည့် အလေ့အထကို ကျင့်သုံးသည်။ ခေါင်းဆောင်သစ်
ရွေးချယ် တင်မြှောက်ရေးသည် မိသားစု အရေးသာ ဖြစ်သည်။ သို့သော် ကင်ဂျုံအန်၌ လက်ရှိအနေအထားတွင်
အရွယ်ရောက်ပြီး သားသ မီး မရှိသေးသည်ဖြစ်ရာ ၎င်းရုတ်တရက် ကွယ်လွန်ခဲ့မည်ဆိုပါက မြောက်ကိုရီးယားတွင်
အာဏာလုပွဲများ မကြုံစဖူးပေါ်ပေါက်လာ နိုင်ခြေ ရှိသည်ဟု သုတေသီများက သုံးသပ်ပြောဆိုခဲ့ကြသည်။
.
ထို့ကြောင့် ကင်ဂျုံအန်မှ ရုတ်တရက် ကွယ်လွန်ပါက အာ ဏာလုပွဲများ
ပေါ်ပေါက်လာခြင်း မရှိစေရန် ကင်ယိုဂျုံကို ချော ချောမွေ့မွေ့ဖြင့် အာဏာ လွှဲပြောင်းပေးအပ်နိုင်စေရေးအတွက်
မြောက်ကိုရီးယားသည် ယခုကတည်းပင် ပြင်ဆင်ဆောင်ရွက်နေ ပြီဟု ယူဆရသည်။ မြောက်ကိုရီးယား
အစိုးရက ကင်ယိုဂျုံ အ မည်ဖြင့် အရေးကြီးသည့် ကိစ္စရပ်များ ကြေညာချက် ဟူသရွေ့တို့ ကို
ကင်ယိုဂျုံ လက်မှတ်ထိုး ထုတ်ပြန်နေခြင်းသည် လိုအပ်ပါက အလွယ်တကူဖြင့် အရိုက်အရာ ဆက်ဆံနိုင်ရန်
ညီဖြစ်သူ ကင်ယို ဂျုံကို လေ့ကျင့်ပေးနေသည်ဟု ထင်ကြေးပေးနေကြသည်။ ကင် ယိုဂျုံနှင့် ပတ်သက်၍
လူအများစုက သတိပြုမိကြသည်မှ ၎င်း၏ ချောမောလှပ ကျော့ရှင်းသော ရုပ်ရည်ရူပကာပင် ဖြစ်သည်။
သို့ သော် မြောက်ကိုရီးယား အာဏာကို မိသားစု အသိုင်းအ ဝိုင်းသည် လွန်စွာ လျှို့ဝှက်သိုသိပ်လှသည်ဖြစ်ရာ
ကင်ယိုဂျုံတွင် အိမ်ထောင် ရှိ/မရှိ ဟူသည်ကို မည်သူမျှ သိရှိခြင်း မရှိပေ။
.
ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးရုံး အရေး
မြောက်ကိုရီးယား အစိုးရ၏ သဘောထား ရုတ်တရက် ပြန် လည်တင်းမာလာမှုကို
ဦးဆောင်ခဲ့သူသည် ကင်ဂျုံအန်၏ ညီမ ကင်ယိုဂျုံပင် ဖြစ်သည်။ တောင်ကိုရီးယားသို့ ရှားရှားပါးပါး
သွား ရောက်ကာ အပြုံးများဖြင့် ၂ နိုင်ငံ ချစ်ကြည်ရေး လမ်းခင်းခဲ့သည့် ကင်ယိုဂျုံသည်
ယခုအခါ တောင်ကိုရီးယားကို "ရန်သူ" အဖြစ် သတ်မှတ်ခဲ့သည်။ ၂ နိုင်ငံ ဆက်ဆံရေးရုံးအား
၁၆.၆.၂၀၂၀ ရက် နေ့တွင် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးရန် ၁၄.၆.၂၀၂၀ ရက်နေ့ တွင်
သူမကိုယ်တိုင် လက်မှတ်ရေးထိုးကာ မြောက်ကိုရီးယား အ စိုးရမှ ကြေညာခဲ့သည်။ ယင်း ဖောက်ခွဲမှု
လုပ်ရပ်သည် မြောက် ကိုရီးယားမှ တောင်ကိုရီးယား အစိုးရအား စိန်ခေါ်လိုက်ခြင်းဖြစ် ကာ
သမ္မတ မွန်ဂျေအင်းကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ကို ရီးယား ၂ နိုင်ငံအကြား ၂၀၁၈
ခုနှစ်တွင် ခိုင်မာသော သဘောတူ ညီချက် ရရှိစေခဲ့သည်။ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပခဲ့ရာ
၂ နိုင်ငံ နယ်ခြားမှရုံးသည် ဝမ်းနည်းဖွယ်ရာ အတိဖြင့် ပျက်စီးခဲ့ရတော့ သည်။ ထိုဖြစ်ရပ်
ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် မွန် ဂျေအင်းသည် လုံခြုံရေး အကြံပေးများဖြင့်
အရေးပေါ် ဆွေးနွေး ပြီး စစ်တပ်အင်အား အမြင့်ဆုံး အနေအထားသို့ တပ်လှန့်ခဲ့တော် သည်။
မြောက်ကိုရီးယားမှ အခြေအနေ တင်းမာလာရန် ပြုမူခဲ့ လျှင် တင်းကျပ်စွာဖြင့် တုံ့ပြန်သွားမည်ဟု
သတိပေးချက် ထုတ် ပြန်ခဲ့သည်။
.
ဆက်ဆံရေးရုံးကို ဗုံးဖောက်ခွဲ ဖျက်ဆီးမှုကြောင့် ကိုရီးယား ၂ နိုင်ငံ
ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ပြီး ကိုရီးယားကျွန်းဆွယ် ထာဝရ ငြိမ်းချမ်းရေး ရရှိမှုအတွက်
ကိုရီးယားပြည်သူလူထုများ ၏ မျှော်လင့်ချက်များလည်း ပျက်သုဉ်းခဲ့ရတော့သည်။ ဗုံးဖောက်
ခွဲပြီး နာရီပိုင်းအတွင်းမှာပင် မြောက်ကိုရီးယား ဒုံးကျည်များ သည် ဂျပန်နိုင်ငံကောင်းကင်ယံ၌
ဖြတ်သန်းကာ စစ်ရေးပြသခဲ့ သည်။ တောင်ကိုရီးယားဘက်ရှိ ဘက်ကူးပြောင်းသူများအား လက်စားချေ
တိုက်ခိုက်မည်ဟု မြောက်ကိုရီးယားမှ သတိပေးခဲ့ ပြီး စစ်မဲ့ဇုန်တပ်များ စေလွှတ်မည် ဟူ၍
ခြိမ်းခြောက်ခဲ့သည်။ ယခုကဲ့သို့ တောင်ကိုရီးယားအား ခြိမ်းခြောက်သည့် လုပ်ရပ်သည် ကင်ဂျုံအန်၏
ညီမ ကင်ယိုဂျုံက ဦးဆောင်ကာ ပြုလုပ်နေခြင်းဖြစ် သည်။ တောင်ကိုရီးယားသည်လည်း ဖြစ်ပေါ်လာမည့်
အကျိုး ဆက်များ ဆိုးကျိုးများ အားလုံးအတွက်ကလည်း မြောက်ကိုရီး ယား၌ တာဝန်ရှိသည်ဟု ဆိုလာသည်။
ဗုံးဖောက်ခွဲစဉ်က ပါလီ မန် အစည်းအဝေး တက်ရောက်နေသည့် တောင်မြောက်ပေါင်း စည်းရေး ဝန်ကြီး
ကင်ရောင်ချောက ဗုံးဖောက်ခွဲခံရမည်ဆိုသည် ကို မှန်းဆထားပြီးဖြစ်ကြောင်း အစည်းအဝေးတွင်
တင်ပြခဲ့သည်။
.
ဆွေးနွေးညှိနှိုင်းမှုများ လမ်းစ ပျောက်သွားခြင်း
မြောက်ကိုရီးယားသည် အမေရိကန်၏ ဆန်ရှင်များကြောင့် စီးပွားရေး ထိခိုက်နေရသည့်အပြင်
COVID-19 ကြောင့် တရုတ် နှင့် နယ်စပ်ကို ပိတ်ထားခဲ့ရသဖြင့် အခြေအနေများက ပိုမို ဆိုး
ရွားလာခဲ့သည်။ ထို အခြေအနေတွင် မြောက်ကိုရီးယားသည် အ မေရိကန်၏ အာရုံ စူးစိုက်မှု၊ အလျှော့ပေးမှုကို
ရရှိရန် လုပ်ဆောင် လာခြင်းပင် ဖြစ်သည်။ လက်ရှိတွင် မြောက်ကိုရီးယားနှင့် အမေ ရိကန်တို့၏
နျူကလီးယား လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆွေး နွေးညှိနှိုင်းမှုသည် ရှေ့သို့မတိုးနိုင်သည့်
အခြေသို့ ရောက်ရှိခဲ့ရ သည်။ မြောက်ကိုရီးယားသည် အမေရိကန်ကို အလျှော့ပေးသည့် အနေနှင့်
နျူကလီးယားဗုံးနှင့် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှု များကို ရပ်ဆိုင်းပေးထားသည်။
အမေရိကန် သမ္မတဒေါ်နယ်ထ ရမ့်၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့နှင့်လည်း ထိပ်သီး
ဆွေးနွေးပွဲများကို အကြိမ်ကြိမ် ကျင်းပခဲ့သည်။ သို့သော် နျူက လီးယား လက်နက်များ ဖျက်သိမ်းပေးပြီးမှသာ
ဆန်ရှင်များ ရုပ် သိမ်းပေးမည်ဟု အမေရိကန်က ပြောဆိုလာသည့်အခါတွင် ဆွေး နွေးညှိနှိုင်းမှုများသည်
လမ်းစ ပျောက်သွားတော့သည်။
.
အထွေထွေ မကျေနပ်ချက်များကြောင့် မြောက်ကိုရီးယား သည် တန်ပြန်ဖိအားပေးသည့် အနေဖြင့် တောင်မြောက်ကိုရီး
ယား နယ်စပ်ဂိတ်တွင် စစ်ရေးလေ့ကျင့်မှုများကို ပြန်လည်ပြုလုပ် လာနိုင်သည်ကို တွေ့ရှိရသည်။
၂ နိုင်ငံ အငြင်းပွားနေသော ရေ ပြင်များသို့လည်း စစ်သင်္ဘောများ စေလွှတ်ကာ ရန်စလာနိုင်
သည်။ ၂၀၁၀ ပြည့်နှစ်တွင် မြောက်ကိုရီးယား ရေတပ်၏ ပစ်ခတ် မှုကြောင့် တောင်ကိုရီးယား
စစ်သင်္ဘောပေါ်မှ ရေတပ် သား ၄၆ ဦး သေဆုံးခဲ့ရသည်။
.
နိဂုံးချုပ်ရမည် ဆိုပါက မြောက်ကိုရီးယား၏ အစိုးရအဖွဲ့ကို ကင်ယိုဂျုံက
ဦးဆောင်လာလိမ့်မည်ဟု ကမ္ဘာ့နိုင်ငံရေး သုတေသီ တို့က တွေးဆနေကြသည်။ ကင်ယိုဂျုံကသာ အစိုးရခေါင်းဆောင်
ဖြစ်လာမည် ဆိုပါက။ ။
No comments:
Post a Comment