စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်ခရိုင်၊ မိုင်းယောင်းဒေသထွက်
ကနစိုသီးများ ဝယ်ယူစားသုံးသူ များ ပြားပြီး ခူးယူရောင်းချသူများ အဆင် ပြေလျက်ရှိကြောင်း
သိရသည်။
.
မိုင်းယောင်းဒေသထွက် ကနစို သီးသည် အလုံးလှပြီး အရသာထူး ကဲ့သည့်အတွက်
ဝယ်ယူ စားသုံးသူ များပြားခြင်းဖြစ်ကြောင်း သိရသည်။
.
ကနစိုသီး အလုံး ၇၀ ကျော်ပါ တစ်စီးလျှင် ငွေကျပ် ၂၀၀ မှ ၅၀၀ ကျပ်
အထိ ရောင်းချရပြီး ကျိုင်းတုံ၊ တာချီ လိတ်နှင့် အခြားမြို့များသို့ တစ်ဆင့် ဝယ်ယူရောင်းချသူများလည်း
ရှိ ကြောင်း မိုင်းယောင်းမြို့နေ ကနစိုသီး
ခူးယူ ရောင်းချသူများထံက သိရ သည်။
.
စပျစ်သီးကဲ့သို့ အပြွက်လိုက်၊ အခိုင်လိုက် သီးပြီး အရည်ရွှမ်းကာ
ချိုချဉ်အရသာ ရှိသော မိုင်းယောင်း ဒေသ ကနစိုသီးများမှာ အဝါရောင်၊ အနီရောင်ရှိပြီး အရသာ
ချိုကြောင်း သိရသည်။
No comments:
Post a Comment