စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်း မြို့နယ်
ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်ကောင်းကျေးရွာအနီးရှိ မဟိယင်္ဂဏ တောင်ကုန်းပေါ်ရှိ ထပ်လုံ(ဓာတ်လုံစွမ်ယောင်း)
စေတီတော်မြတ်သည် မိုင်းယောင်းမြို့၏ အမြင့်မြတ်ဆုံးနှင့် ရှေးအကျဆုံး သမိုင်းဝင်စေတီ
တစ်ဆူဖြစ်ပြီး ဂေါတမမြတ် စွာဘုရား၏ ဆံတော် ရှစ်ဆူနှင့် ဓာတ်တော်လေးဆူတို့ဖြင့် ဌာပ
နာထားသည့် စေတီလည်းဖြစ်သည်။
.
စေတီတော်ကို အေဒီ ၁၁ ရာစုက ရဟန္တာ လေးပါးနှင့် မိုင်းယောင်းနယ်ကို
မင်းပြုသော ဖရာသုလင်္ဂဝတ္တိမင်းတို့က ဦးဆောင်လျက် နယ်သူနယ်သားများနှင့် အတူ တန်ဆောင်
မုန်းလပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ တည်ထားကိုး ကွယ်ခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၉၈၂(ခရစ်နှစ်
၁၆၂ဝ)ခု နှစ်တွင် နယ်စားမင်း စဝ်ဖစက္ကမဏီက စေတီတော်ကို ပိုမိုခိုင် ခံ့အောင် ပြုပြင်
မွမ်းမံခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၁၁၃ဝ (ခရစ်နှစ် ၁၇၆၈)ခုနှစ်တွင် စဝ်ဖကောင်ခမ်းဖူးက
စေတီ တော်အုတ်တံတိုင်း ကာရံခြင်း၊ နဂါးရုပ်လေးကောင်နှင့် စေ တီတော်မြောက်ဘက်မုခ်ဦး
အတက်လှေကားတို့ကို တည် ဆောက်ခဲ့ကြောင်း သိရသည်။
.
ထို့အတူ မြန်မာသက္ကရာဇ် ၁၁၄၇(ခရစ်နှစ် ၁၇၈၅)ခု နှစ်တွင် စဝ်မွမ်ဇေယျဝံသာက
စေတီတော်ကို လေးတောင် ထပ်မြင့်၍ ပြုပြင် တည်ဆောက်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆ဝ (ခရစ်နှစ်
၁၈၉၈)ခုနှစ်တွင် စဝ်မွမ်ခမ်းအဲန်က စေတီ တော် အတက်လမ်းကို လေးထောင့် ကျောက်ပြားများဖြင့်
ခင်း ကျင်းပေးခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၈၄(ခရစ်နှစ် ၁၉၂၂) ခု နှစ်တွင် မိုင်းယောင်းစော်ဘွား
ကျောက်မွမ်ပျဲန်းမုန်းက လွယ် ကူအဆင်ပြေစွာ ဖူးမြော်ကြည်ညိုနိုင်ရန် လမ်းသစ်ဖောက် လုပ်
ပေးခဲ့သည်။
.
.
ထို့နောက် မြန်မာသက္ကရာဇ် ၁၃၃၅ (ခရစ်နှစ် ၁၉၇၃)ခုနှစ်တွင် မြို့နယ်သံဃနာယက
ဥက္ကဋ္ဌဆရာတော် ဦးဂန္ဓရ သ(ဝမ်ပုံကျောင်းတိုက်ဆရာတော်)က ဦးဆောင်၍ စေတီ တော် ပုလ္လင်တော်နှင့်
ဘုရားရင်ပြင်တော်တို့ကို တိုးချဲ့ပြုပြင် မွမ်းမံခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၅၁(ခရစ်နှစ်
၁၉၈၉) ခု နှစ်တွင် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာ တော် ဓမ္မသီရိအရှင်မြတ်က
ထီးတော်အသစ် တင်လှူခြင်း၊ ထီးတော်မှ ခေါင်းလောင်းတော်အဆင့်နှင့် အောက်ခြေပစ္စယံ အဆင့်အထိ
ရွှေပြားသင်္ကန်းနှင့် ရွှေဆေးသင်္ကန်းများ ကပ် လှူပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ရာ
လက်ရှိတွင် စေတီတော် သည် ခြေတော်အချင်း ၁၂ ပေနှင့် ဉာဏ်တော်အမြင့် ၅၄ ပေ ရှိကြောင်း
သိရသည်။
.
မြန်မာသက္ကရာဇ် ၁၃၆ဝ(ခရစ်နှစ် ၁၉၉၈)ခုနှစ်တွင် မြို့ နယ်သံဃနာယက
ဥက္ကဋ္ဌ ဟိုခုံကျောင်းတိုက် ဆရာတော် ဦးဂန္ဓရသ ဦးဆောင်၍ စေတီတော် ရင်ပြင်တော်နှင့် စေတီ
တော် အတက်မြေသားလမ်းကို တိုးချဲ့ကွန်ကရစ်ခင်းခြင်းများ အပါအဝင် ဘက်စုံပြုပြင်ခဲ့သည့်အပြင်
မြန်မာသက္ကရာဇ် ၁၃၇၉ (ခရစ်နှစ် ၂ဝ၁၇)ခုနှစ်တွင် စေတီတော်၏ ထီးတော်ကို ရွှေ သားစစ်စစ်ဖြင့်
ပြုလုပ်ပူဇော်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၆၉ (ခရစ်နှစ် ၂ဝဝ၇)ခုနှစ်တွင် တာချီလိတ်မြို့
မိုင်းဖုန်းအုပ်စု လွမ် တုံခမ်းဆရာတော် ဦးမဟာခမ်းကျောက်က စေတီတော်ကို ကိုယ်လုံးတော်ပြည့်
ရွှေပြားသင်္ကန်းကပ်လှူပူဇော် ခဲ့သည်။
.
ထပ်လုံစေတီတော် စတင်တည်ထား ကိုးကွယ်သည့်ရက်ကို အစွဲပြု၍ ဘုရားပွဲကို
နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့တွင် မီးမျှောပွဲနှင့်အတူ ကျင်းပရာ ပွဲတော်ကာလတွင်
ဒေသခံတိုင်း ရင်းသားများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ အထူးစည်ကားစွာ
လာရောက်လေ့ရှိကြသည်။
.
ဤကဲ့သို့ ခေတ်အဆက်ဆက်က မိုင်းယောင်းနယ်သား တိုင်းရင်းသားတို့၏
နှလုံးအိမ်တွင် မြတ်နိုးတန်ဖိုးထား ထိန်း သိမ်း စောင့်ရှောက်လာခဲ့ကြသည့် ဓာတ်လုံစွမ်ယောင်း
စေတီ တော်မြတ်အား ရွှေမိုင်းယောင်းသားတို့၏
ရင်ထဲကမဟာ (သို့မဟုတ်)ထပ်လုံ ဟု တင်စားခေါ်ဆိုလိုက်ရပါကြောင်း။
.
ကိုးကား
ထပ်လုံစေတီတော်မြတ်ကြီး၏ တည်ထားကိုးကွယ်ခြင်း နောက်ခံသမိုင်းအကျဉ်း
No comments:
Post a Comment