နောင်တရား ​ဒေသခံပြည်သူများက အထက ကျောင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 11, 2020

နောင်တရား ​ဒေသခံပြည်သူများက အထက ကျောင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ခွန်အောင်(နောင်တရား)
.
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အထကကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးနှင့် ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ​ဒေသခံ ပြည်သူများက စု​ပေါင်း သန့်ရှင်း​ရေး ပြုလုပ်ခဲ့​​ကြောင်း သိရသည်။
.

ကျောင်းဝန်းအတွင်းရှိ ပေါင်းပင်များ၊ မြက်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ လက်ဆေးကန်များ တပ်ဆင်ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စာသင်ကြားနိုင်ရေး စာသင်ခုံများ နေရာချခြင်းတို့ကို နောင်တရားမြို့ ဒေသခံလူထုနှင့် ကျောင်းသားမိဘများ ၊ ဆရာဆရာမများက ပူးပေါင်း ပါဝင် ဆောင်ရွက်ကြခြင်း ဖြစ်​ကြောင်း သိရသည်။
.
အထက်တန်းအဆင့် ကျောင်းသား/သူများအား ဇူလိုင် ၁၃ ရက်မှ စ၍ ကျောင်းအပ်နှံခွင့် ပြုထားပြီး အထက်တန်းအဆင့် ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သောကြောင့် ယင်းကဲ့သို့ ​ဆောင်ရွက်ခြင်း ဖြစ်​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats