ကျိုင်းတုံတွင် ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းစေရေးအတွက် အဝိုင်းပတ် ပြုလုပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 7, 2020

ကျိုင်းတုံတွင် ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းစေရေးအတွက် အဝိုင်းပတ် ပြုလုပ်နေ


စုလှိုင်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်းနှင့် မိုင်းလား လမ်းဆုံနေရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် အဝိုင်းပတ် ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
.
လေယာဉ်ကွင်း လမ်းနဲ့ မိုင်းလားဘက် ထွက်တဲ့ လမ်းက ထိပ်တိုက်တွေ့နေတော့ မတော်တဆမှုကို တစ်လ ၄/၅ ခါလောက် ဖြစ်နေတယ်။ ပြီးတော့ အဲဒီရှေ့မှာ အထက () ကျောင်း ရှိတယ်။ ကလေးတွေရဲ့ အန္တရာယ်၊ လေယာဉ်ကွင်းက ဆင်းလာတဲ့ သူတွေရဲ့ အန္တရာယ်နဲ့ နောက် မိုင်းလားလမ်းမကြီး ဖွံ့ဖြိုးလာရင် ယာဉ်အသွားလာ များပြားလာမယ့် အခြေအနေမှာ ရှိတာကြောင့် ဒါကို အမြန်ဆုံး လုပ်နေတာပါဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ပြောသည်။
.

ယင်းကဲ့သို့ အဝိုင်းပတ် ပြုလုပ် ရန်အတွက် မြေသယ်ခြင်း လုပ်ငန်းကို စတင် ဆောင်ရွက်နေပြီး သစ်ပင်များ၊ ဓါတ်တိုင်များ နေရာပြောင်းရွှေ့ခြင်းနှင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးပါက အဝိုင်းပတ်ကို တစ်ပတ် အတွင်း ဆက်လက် လုပ်ဆောင်သွားရန် ရှိနေပြီး အလှူရှင်များ၏ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ မြို့တော်ဖြစ်ပြီး တောင်ကြီး- ကျိုင်းတုံ- တာချီလိတ် ပြည်ထောင်စု လမ်းမကြီး၊ ကျိုင်းတုံ- မိုင်းလားလမ်းဆုံတွင် တည်ရှိသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About