မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၅၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က
ဇူလိုင်လ ၄ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး
တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ
ပင်လောင်းမြို့နယ်၊ လိန်းလီကြိုးတံတားတွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်
ပင်လောင်းဘက်မှ ပေါင်းလောင်းဘက်သို့ အိမ်မဲမြို့၊ ကန်ကြီးထောင့်ကုန်း ရပ်ကွက်နေ မြမင်းသူ
(ခ) ဇင်မင်းကို စီးနင်း မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်
တင်ဆောင်လာသော ခရီးဆောင်အိတ်များ အတွင်းမှ ပလတ်စတစ် ကပ်ခွာ အိတ်များဖြင့် ထည့်ထားသည့်
စိတ်ကြွရူးသွပ်ဆေးပြား ၅၉၉၄၀၀ ပြား (ဒေသ ကာလပေါက်စျေး တန်ဖိုးငွေ ကျပ် ၁၄၉၈၅ သိန်း)၊
ICE အလေးချိန် ၅ ကီလို (ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၂၅၀ သိန်း)ကို တွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မြမင်းသူ (ခ) ဇင်မင်းကိုအား ဖိုကုန်းနယ်မြေ
ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့်
အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment