နန်းဝင်းရီ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာ
အုပ်စု၊ လူရိုးတောင် ကျေးရွာရှိ နောင် ဘိုကြာကန်သို့ လာရောက်လည်ပတ် သူ များပြားလျက်ရှိကြောင်း
ဒေသခံ များထံက သိရသည်။
.
အဆိုပါ နောင်ဘိုကန်သည် လွန် ခဲ့သည့် ၂ လ ခန့်မှ စ၍ လူမှုကွန်ရက်
တွင် စတင် နာမည်ကြီးလာခြင်း ဖြစ် ပြီး လည်ပတ်သူ များပြားလာခြင်း ဖြစ်ကာ လူရိုးတောင်ကျေးရွာရှိ
ဒေ သခံများမှ အပိုဝင်ငွေ ရရှိနေသော် လည်း လာရောက် လည်ပတ်သူများ မှ ကျန်းမာရေးဆိုင်ရာ
စည်းမျဉ်းစည်း ကမ်း ကန့်သတ်ချက်များကို လိုက် နာမှု အားနည်းနေသည်ဟု သိရ သည်။
.
.
“လွန်ခဲ့တဲ့ ၂ လလောက်မှ ကြာ ပင်တွေ ပွင့်တော့ အဲ့ချိန် စပြီး လာ
ကြတာ။ လာလည်တဲ့လူတွေကိုတော့ ကန်ထဲက ကြာပန်းတွေတော့ ပေးမ ခူးဘူး။ ခုလို လာကြတော့ အဆင်ပြေ
တယ်။ ကြာကန်တော့ မပိတ်ထား ရပါဘူး။ လူလည်း သိပ်မများတော့ မပိတ်ဘူး။ လှေတစ်စီးကို ၄ ယောက်
ပဲ အများဆုံး တင်တော့ လူစုလူဝေး လည်း မဖြစ်တော့ဘူးပေါ့” ဟု လူရိုး တောင်ကျေးရွာနေ လှေမောင်း
တစ် ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ နောင်ဘိုကြာကန်သို့ လာရောက်လည်ပတ်သူ ဟိုပုံးမြို့ နယ်နေ
နန်းသိန်းကြည်ကလည်း "ကန်ကို လာရောက်လည်ပတ်တဲ့သူ များပေမဲ့လည်း လှေစီးတာ အကန့်
အသတ်နဲ့ဆိုတော့ အဆင်ပြေတယ်။ ကန်ထဲရောက်တော့လည်း သူ့နေရာ နဲ့သူ ရှိနေတော့အဆင်ပြေပါတယ်။
ခုလို လည်ပတ်ရတာ စိတ်အပန်း လည်း ဖြေရသလို စက်လှေမောင်းတဲ့ သူတွေကလည်း အဆင်ပြေတာပေါ့"
ဟု ပြောသည်။
.
ယင်း နောင်ဘိုကြာကန်တွင် လူ စုလူဝေး မဖြစ်စေရန် တာဝန်ရှိသူ များမှ
သတိပေးနေမှုများ ရှိနေပြီး ကြာပန်းရှိသည့် နေရာများသို့ သွား မည်ဆိုပါက စက်လှေ ၂၀ ကျော်၊
လှေငယ် ၃၀ ကျော်ဖြင့် ပြေးဆွဲ လျက် ရှိကာ စက်လှေဖြင့် တစ်ဦးလျှင် ၂၀၀၀ ကျပ်နှုန်း၊
လှေငယ် စင်းလုံး ငှား တစ်စီးလျှင် ၅၀၀၀ နှုန်းဖြင့် ပြေး ဆွဲပေးလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment