ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 2, 2020

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်မည်


မင်းဇော်မင်း
.
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဌ(၁) ဦးဝင်းမြင့်တို့သည် တတိယအကြိမ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေး လုပ်ငန်းများ၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း NLD က ယနေ့ (ဇူလိုင်လ ၂ ရက်)တွင် အထူးကြေညာချက် ထုတ်ပြန်ခဲ့သည်။
.

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ ဇူလိုင်လ ၂ ရက်က ပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြော်ငြာစာအရ ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြ ပါရှိသည်။
.
လွှတ်တော် အသီးသီးအတွက် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပြီးနောက် တစ်ရက် အကြာတွင် လက်ရှိ အနိုင်ရပါတီ ဖြစ်သည့် NLD ၏ ခေါင်းဆောင်များ ဖြစ်သည့် နိုင်ငံတော် အကြီးအကဲများက ပါတီစည်းရုံးရေး လုပ်ငန်းများ၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်မည်ဟု ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။
.
လက်ရှိ ဒုတိယအကြိမ် အစိုးရအဖွဲ့တွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် လည်းကောင်း၊ ဒုဥက္ကဌ ဦးဝင်းမြင့်သည် သမ္မတ အဖြစ် လည်းကောင်း တာဝန်ယူလျက် ရှိသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About