အာဏာ သရဏံ ဂစ္ဆာမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, July 9, 2020

အာဏာ သရဏံ ဂစ္ဆာမိ


မင်းဇော်မင်း
.
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၉ ခန့်က နန်းတွင်းထောင်အတွင်းမှ မန္တလေးဆေးရုံကြီးသို့ ထုတ်ကာ ခွဲခံခဲ့ရသည့် "ဗိုက်" ။
.
တိတိကျကျပြောရရင် လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်၊ အောက်တို ဘာလက ထောင်အတွင်းမှာ ဗိုက်နာရာက  တစ်ရက်လုံးလုံး မ ခံနိုင်သည်အထိ ဖြစ်ပွားခဲ့ရပြီး ပြည်ထဲရေးအမိန့် မရသဖြင့် တစ် ရက်ကြာ ဝေဒနာခံစားရပြီးမှ မန္တလေးဆေးရုံကြီးသို့ နန်းတွင်း ထောင်မှ ထုတ်ကာ သဲခြေကျောက်တည်၊ အူအတက်ပိတ်၊ အစာအိမ်အနာ အားလုံးကို  ၃ နာရီကျော်ကြာ ခွဲစိတ်ခံခဲ့ရ သည့် ဗိုက်မှာ ယခု ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကာလ မေလမှစ ကာ ချုပ်ရိုးနေရာမှ ပြည်များ ပြန်ထွက်လာသဖြင့် ကုသနေ ရာ အတွင်းတွင် လှိုဏ်ခေါင်းဖြစ်နေသဖြင့် ဇွန်လကုန်တွင် ပြန်လည် ခွဲစိတ်ရသည့် ဖြစ်အင်သည် မတရားမှုများ စိုးမိုး သည့် လွန်ခဲ့သည့်နှစ်ပေါင်း၂၉ ခန့်က ရရှိခဲ့သည့် ထောင်တွင်း ခံစားရမှုများ၏ နောက်ဆက်တွဲ ကိစ္စပင်ဖြစ်သည်ဟု ဆိုချင်ပါ သည်။
.
ထောင်တွင်းခတ်ခြေကျင်းကို မဖြုတ်ပေးသဖြင့် ခွဲစိတ်မှုမ ပြုဟု ဆေးရုံမှ ကန့်ကွက်မှသာ ခြေကျင်းဖြုတ်ကာ ခွဲခံခဲ့ရ သည့် နိုင်ငံရေးအကျဉ်းသားဘဝ၊ မခွဲခင် ၅၀/၅၀ ဟု ဆရာ ဝန်ကြီးများက ပြောခဲ့ကြသည်။ ကံအရ ဆက်လက် အသက် ရှင်ခွင့် ရသော်လည်း ထောင်တွင်းဒဏ်ရာများကား စိတ်ဒဏ် ရာ ခြောက်အိပ်မက်များကအစ ကိုယ်ဒဏ်ရာ အနာများအ ထိခုထိတိုင် ပျောက်ကင်းမှုမရှိသေးပေ။ ပြုသူအသစ် ဖြစ်သူ အဟောင်း ဆိုသော်လည်း မိမိအတွက်မူ ချေသော်လည်း မ ကျေနိုင်သေးပေ။ ပုထုဇဉ်ဖြစ်သည့်အတွက် ခွင့်လွှတ်ခြင်းကို လက်ကိုင်ပြုသော်လည်း မေ့ချင်သော်လည်း ပြန်လည်ဖြစ် ပွားနေရသည့် အနာရောဂါများက ခွင့်လွှတ်ခြင်းကို အားမပေး သေးပေ။
.
ထောင်တွင်း ဆေးဝါးမလုံလောက်မှု၊ အာဟာရ မပြည့်၀ မှု များက ယခုချိန်ထိ တီဘီဆေး  ၁ နှစ်နီးပါးမျှ သောက်ခဲ့ရ ခြင်း၊ ခွဲပြီးသားဗိုက်ကို ပြန်ခွဲရခြင်း၊ ဖင်နှစ်ဘက်လုံး ဆေးထိုး နာများကြောင့် အနာရွတ်များဖြစ်ကာ တင်ပါးကို ဆေးထိုးတိုင်း နာကျင်ရသည့်ဒုက္ခများက ယခင်အာဏာရှင် အစိုးရများကို ချေ သော်လည်း မကြေရသည့် ဥဒါန်းပင်။
.
ဒါက တစ်ကိုယ်ရေ ခံစားမှုဖြစ်သည်။ မိသားစုအတွင်း သေ သွားရသည့်သူများ၊ ပျက်စီးသွားရသည့် စီးပွားများ၊ ပေးဆပ် ခဲ့ရသည့် ကိုယ်စိတ်နှစ်ဖြာ စိတ်ဒဏ်ရာများမှာလည်း ယခုထိ မည်သည့် ရင်းစားကမျှ ပြန်လည်ကုစားနိုင်သည် မဟုတ်သေး ချေ။
.
နိုင်ငံရေး အကျဉ်းသားဟောင်းများ အသက် ကြီးရင့် လာ သည်နှင့်အမျှ ထောင်တွင်းဒဏ်ရာများ၏ နောက်ဆက်တွဲ အ နာရောဂါများကြောင့် သေကြေပျက်စီးနေရသည်ကို ရင်နှင့် အမျှ ကြားသိနေရသဖြင့်  ယခု နိုင်ငံရေး လုပ်နေကြသော သူ အပေါင်းကို ပေးဆပ်မှုများကို သနားရန် မဟုတ်၊ အသိအမှတ် ပြုပြီး လူထုအတွက် မှန်ကန်သည့် နည်းလမ်းများဖြင့် လူထု အကျိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ရည်ညွှန်းလိုရင်း ဖြစ် ကြောင်းပါ။
.
ဘုရား၊ တရား မဆိုထားနဲ့ သံဃာရတနာကိုတောင် နည်း အမျိုးမျိုးနဲ့ နှိပ်စက်ညှင်းပန်း သတ်ခဲ့ကြသူတွေဟာ အာဏာ သရဏံဂစ္ဆာမိ သမားတွေပါ။
.
သက်တော် ၂၇ နှစ်နှင့် ကမ္ဘာ့အသက် အငယ်ဆုံး စံချိန် တင် တိပိဋကဓရဘွဲ့ ရခဲ့သည့် အရှင်သုမင်္ဂလာ လင်္ကာရ ဆရာတော်ကြီးကိုဖမ်း အင်းစိန်ထောင်ပို့၊ ထောင်ဝန်ထမ်း တွေကဆွမ်းကပ်တာကို မကြားချင်လို့ ရာသီဥတုဆိုးပြီး အစ စအရာရာ ချို့ငဲ့စေတဲ့ ကချင်ပြည်နယ် မချမ်းဘောထောင် က ၁၀ ပေပတ်လည် အကျဉ်းခန်းထဲ ၄ နှစ်နီးပါး ထောင်အဝတ် ဖြူနဲ့ ညှင်းပန်းခဲ့သူတွေသည် အာဏာ သရဏံဂစ္ဆာမိ သမား တွေပါ။
.
ဆရာတော်ကြီး ထောင်က လွတ်လာပြီးနောက် ထောင်က ပါလာတဲ့ ဝေဒနာဟောင်းတွေနဲ့ပဲ ၂၀၀၆ ခုနှစ်မှာ ခန္ဓာဝန်ချခဲ့ရ ခြင်းပါ။ အာဏာ၊ နိုင်ငံတော်ခေတ်မှာ အမျိုးမျိုးသော ညှဉ်းပန်း နှိပ်စက်မှုတွေကြောင့် ထောင်တွင်း ပျံလွန်တော် မူခဲ့ကြရသည့် သံဃာတော်များ စာရင်းကိုပါ တစ်ပါတည်း သမိုင်းတွင်ရန် တင် ပြပါရစေ။ မန္တလေးနန်းတွင်းထောင် သီးသန့်ဆောင်ကနေ ဝေး လံသီခေါင်ပြီး ရာဇဝတ်သားတွေလို အလုပ်လုပ်ရတဲ့ ရဲဘက် စခန်းတွေမှာ သံခြေကျဉ်းတွေနဲ့ အလုပ်လုပ်ရရင်း မဝရေဆာ ဘုန်းပေးရရင်း အာဟာရချို့တဲ့ ၊ဝေဒနာသည်းကြလို့ ပျံလွန် တော်မူခဲ့ကြရတဲ့ သာသနာ့ အာဇာနည်တွေများမှာ- ဦးဓမ္မ ဝရ(ဓမ္မာစရိယ၊ ခင်မကန်တိုက်၊ ပုဂံကျောင်း၊ သံဃာ့သမဂ္ဂီ ဒုဥက္ကဌ။ ဦးစန္ဒိမာ( ဘုရားကြီးတိုက်၊ လယ်ပေါ်ကျောင်း)။ ဦးကောသလ္လ(ဂွေးချိုတိုက်၊ စည်သူဘုရင်အုတ်ကျောင်း)။ ဦးနန္ဒသာရ (ဂွေးချိုတိုက်၊ ဂန္ဓာရုံကျောင်း)။ ဦးဝိသုဒ္ဓ (အ နောက်ထီးလင်းတိုက်၊ ရတနာသိင်္ဂီကျောင်း) ။ ဦးစန္ဒန( ဝေယံ ဘုံသာတိုက်၊ အနောက်တောင်မြို့နယ်) တို့အပြင်ချီဖွေ၊ ကေန။ လောခေါင်မရောက်မီ နမ့်မလိနှင့် ရှငေါ် အကြားလမ်း ခရီးတွင် ဦးသြဘာသနှင့် ဦးပညာနန္ဒ တို့(၂)ပါးပျံလွန်တော်မူ ခဲ့သည်ဟု သိရသည်။
.


.
ရဲဘက်စခန်းတွင် ကျောက်တုံးကြီးများသယ်၊ တူများနှင့် ထုရ စသည့်အလုပ်ကြမ်းများ လုပ်ဆောင်ခဲ့ရပြီး ဝမ်းကိုက် ရောဂါများဖြင့် ပျံလွန်တော်မူခဲ့ကြရသည်။ ငှက်ဖျားဖြစ်ခါ မသေရုံ တမယ် ထောင်က လွတ်ခဲ့ရသူ သံဃာတော်များမှာ လည်း ထောင်ထဲမှပါလာသည့် ဝေဒနာဟောင်းများဖြင့် ပျံလွန် တော်မူခဲ့ကြရပေပြီ။
.

မစိုးရိမ်တိုက်မှ ဆရာတော်ကြီးများဖြစ်သည့် ဦးရာဇဓမ္မ၊ ဦးကောဝိဒတို့ကို နန်းတွင်းထောင် ၁ တိုက်တွင် ဖူးတွေ့ ဖူးပြီး ပတ္တနိကုစ္စန ကံဆောင် ဆရာတော် ဦးရေဝတ တို့မှာလည်း ထောင်မှ လွတ်ပြီးနောက် ပါလာသည့် ဝေဒနာများဖြင့် ခန္ဓာ ဝန်ချခဲ့ကြပေပြီ။
.
ထောင်သက် ၂၁ ကျော် ခံစားခဲ့ရသည့် မြင်းခြံတိုက် ကျောင်း ဆရာတော် ဓမ္မာစရိယဘွဲ့ရ ဦးသုနန္ဒရဘိဝံသကတော့ သာသနာ့ဝန်ကို မဆုတ်မနစ် ထမ်းရွက်ဆဲပါ။
.
သေဒဏ်ပေးခံခဲ့ရသည့် ကျောင်းသား ခေါင်းဆောင် တင် မောင်ဦးတို့ အညတရ လေလွင့်ခဲ့ကြရသည့် နိုင်ငံရေးအကျဉ်း သားများလည်း များပြားခဲ့ပေပြီ။
.
ခေတ်တွေ စနစ်တွေ ပျက်လွန်းသဖြင့် လူသားသန်းပေါင်း များစွာ အသက်ပေးပျက်စီး ဆုံးရှုံးခဲ့ကြရသည်။
.
လူတွေ မူတွေ  ညံ့ဖျင်းလွန်းသဖြင့် လူသားများ သည်းထန် စွာငိုကြွေးကြရသည်။ ပြောင်းသည့်ခေတ်တိုင်း၊ တည်ဆောက် သည့် စနစ်အတိုင်း မူအပျက်၊ လူအပျက် ၊ မူအညံ့၊ လူအညံ့၊ မူအလိမ် လူအလိမ်များ တွေ့ကြုံနေကြရသည်။ တိုင်းပြည်ကို သူတို့သာလျှင် အချစ်ဆုံးဟု ဆိုကြပြီး ထိုတိုင်းပြည် နလံမထူ နိုင်အာင်ပင် သူတို့ ကိုယ်ကျိုးအတွက် လောဘဇောများ တိုက် ကြသည်။
.
ပြည်သူသာ ထာဝရ ပြည်သူသာအဓိကဟု ဟစ်ကြွေးကြ သည်။ ပြီးတော့ ထိုပြည်သူများကို ဆင်းရဲတွင်း နက်သထက် နက်အောင် ကိုယ်ကျိုးစီးပွားများ ကျင့်သုံးကြသည်။ ယုတ်မာမှု မှန်သမျှတွင် ဘယ်သူသေသေ ငတေမာ ပြီးရော သဘောဖြင့် ကိုယ်ကျိုးစီးပွားကို ရှာကြသည်။ ညံ့ဖျင်း ယုတ်နိမ့်သော လော ဘဆိုးများဖြင့် ပြည်သူကိုအညွန့် ကျိုးအောင် လုပ်ကြသည်။
.
ဤသို့သော သူများ၏ ကိုးကွယ်ရာသည် ဘုရားလည်းမ ဟုတ်၊ တရားလည်းမဟုတ် သံဃာလည်းမဟုတ်၊ အာဏာ သာဖြစ်သဖြင့် အာဏာသရဏံ ဂစ္ဆာမိဟု ကင်ပွန်းတပ်ရခြင်း ဖြစ်သည် ဟူလို။
.
ယင်းသို့ အာဏာသရဏံဂစ္ဆာမိ သမားများသည် မည် သို့သော အခြေအနေ အချိန်အခါတွင်မျှ တာဝန်ယူမှု တာဝန်ခံမှု မရှိကြချေ၊ အာဏာလက်လွတ်ဆုံးရှုံးမှာကို ကြောက်သည်။ အာဏာ လက်လွတ်ရပါက ဘဝပျက်မည်ယူဆသဖြင့် အာဏာ ကို ရသမျှနည်းဖြင့် ဖက်တွယ်ကြသည်။
.
ဒီမိုကရေစီစံနှုန်း မြင့်မားသည့် နိုင်ငံများတွင်မူ တာဝန်ယူမှု တာဝန်ခံမှုအပြင် လူသားများအပေါ် ၎င်းတို့၏ ချို့ယွင်းချက်ဟု ဝန်ချ တောင်းပန်တတ်ကြသည် ။ ပွင့်လင်းမြင်သာမှု အပြည့် ရှိသလို အာဏာကိုကိုင်တွယ်ပြီး အကျိုးစီးပွားအမြတ် ယူမှု ထက် တာဝန်ယူမှု တာဝန်ခံမှုကို ဘဝနှင့်ရင်းပြီး သက်သေပြ ကြခြင်းက မွန်မြတ်သည့် အစဉ်အလာ ပင်တည်း။
.
ဤသည်ပင် ဒီမိုကရေစီ ယဉ်ကျေးမှုဟု ဆိုအပ်သည်။ သိက္ခာကို ရိက္ခာနှင့် မလဲကြသူများသည် သူရဲကောင်းများဖြစ်ကြ ပေသည်။  ဒီမိုကရစီ နည်းအရ အုပ်ချုပ်ရေးမဏ္ဍိုင်တွင် တာဝန် ယူရသူ အစိုးရကောင်းများတွင် ဤအလေ့အထကို ကျင့်သုံး သည်ကို တွေ့ရသည်။
.
ဥပဒေပြုမှုမဏ္ဍိုင်တွင်ရော လူထုနှင့်ဆန့်ကျင်မည့် ဥပဒေ တွေကို ဖော်ဆောင်ရသူများအနေဖြင့်လည်း မဆုတ်မနစ်တမ်း ကန့်ကွက်ကြသည်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲထက် လူထုကို ဒုက္ခပေး မည့် ဥပဒေမျိုးကို မပြုမိစေရန် ကန့်ကွက်ကြခြင်းဖြစ်သည်။ ဤ နေရာတွင် ဥပဒေကို လုံခြုံရေးအကြောင်းပြ ဖိနှိပ်ရေး ကိရိယာ အဖြစ် အသုံးမပြုစေဘဲ လူ့အဖွဲ့အစည်း လွတ်လပ်ခွင့်ကို အ လေးထားသည်ကို လေ့လာတွေ့ရှိရသည်။
.
တရားစီရင်ရေးတွင်လည်း တရားစွဲအဖွဲ့အစည်းကအစ အပြစ်မရှိသူ တစ်ဦးကို အပြစ်ပေးမိသည်ထက် အပြစ်မရှိသူ လွတ်ပါစေ သံသယအကျိုးဆိုသည့် ဆင်ခြင်တုံတရားဖြင့် တ ရားစီရင်ကြသည်။ မှားယွင်းမှုများကို နိုင်ငံတော်အနေဖြင့် တာ ဝန်ယူ တောင်းပန်ကာ လျော်ကြေးများ ပေးသည်ကို တွေ့မြင် လေ့လာမိသည်။
.
စတုတ္ထမဏ္ဍိုင်တွင် ပါဝင်သူ သတင်းစာဆရာ တစ်ဦးအနေ ဖြင့်ရော နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးအနေနှင့်ရော မိ မိတို့ ထောင်တွင်း ဖြတ်သန်းမှု အတွေ့အကြုံမှ ရင်နင့်ဖွယ် ကိစ္စ ရပ် အချို့ကို ပြန်ပြောင်းပြောပြလိုသည်။ သမိုင်းကြွေးကို ဆပ် သည် မဆပ်သည် ထားဦး အကြွေးယူထား သူများဘက်က ဝန် ခံအသိအမှတ်ပြုဖို့ လိုအပ်မည်ဟု တောင်းဆိုလိုသည်။ စတုတ္တ မဏ္ဍိုင်အနေဖြင့်လည်း တည့်မတ်လိုခြင်းဖြစ်သည်။
 .
စတုတ္ထမဏ္ဍိုင်ဆိုသည်မှာ အမှန်စစ်စစ် ညွှန်းရလျှင် လော ကကို စောင့်ရှောက်သူများဟု ဆိုလျှင် မမှားပေ၊ လောကကို စစ်မှန်သည့် သတင်းဖြင့်စောင့်ရှောက်ခြင်းမည်၏။ သတင်းစစ် သတင်းမှန်သည် ဘာသာရေး အပေါ်တွင်လည်း အခြေမစိုက်၊ လူမျိုးအပေါ်တွင်လည်း အခြေမစိုက် ၊ တိုင်းပြည်စသည့် ပ ထဝီဝင်များ ပေါ်တွင်လည်း အခြေမစိုက်၊ မည်သည့်ရာထူး၊ အာဏာ ၊ အသက်၊ ဒေသ စသည်များအပေါ်တွင် အခြေမ စိုက်ဘဲ ဘက်လိုက်မှုကင်းစွာဖြင့် တင်ပြခြင်းမည်၏။
.
သို့သော် လူမျိုးရေး၊ နိုင်ငံရေးများ ပါလာပါက သစ္စာဖောက် ဟု ကင်ပွန်းတပ် ခံရတော့သည်။ ဘက်ယိမ်းမှ ငါတို့လူ၏ သတ် မှတ်ခံရ၏။ ပုထုဇဉ် လူသားများ ဖြစ်သည့် သတင်းသမားများ သည်လည်း ဘက်ယိမ်းရသည့် အခါအကဲ့ရဲ့ခံရမှုမှသည် ဒုက္ခ ပေးခံရ ကင်းလွတ်ပေ၏။ ဆိုရလျှင် ဝါဒဖြန့်ခြင်းနှင့် သတင်း မှန်ခြင်းတို့မှာ တူသလိုလိုနှင့် မတူပေ။ ဝါဒဖြန့်သည် ဆိုသည် မှာ တစ်စုတစ်ဖွဲ့က၎င်းတို့ ကောင်းကျိုးနှင့် အခြားသူ၏ ဆိုးမှု များ၏ အခြေအနေများကို ဖြန့်ဝေစေခြင်းဖြစ်သည်။
.
သို့ဖြစ်၍ သတင်းဌာနများတွင် မိမိတို့ကောင်းကျိုးကိုသာ ရေးသားသော သတင်းဌာနများကိုသာ လူ၏အတ္တအရ အ လိုရှိကြကုန်၏။ မိမိကို ဝေဖန်သော မကောင်းမှုကို ထောက် ပြသော သတင်းမှန်ကို အလိုမရှိကြကုန်ချေ။ သတင်းကို သ တင်းဖြင့်သတ်သည်။ သတင်းတုများဖြင့် တစ်ဖက်သို့ တိုက် ခိုက်ကြသည်။
.
သို့အတွက် အစိုးရပိုင် သတင်းစာ၊ အစိုးရမီဒီယာတို့ ဖြစ် တည်မှု ဖြစ်ပြီး တစ်နည်းအားဖြင့်ဆိုလျှင် ခရိုနီမီဒီယာများကို အ စိုးရများ ကိုယ်တိုင်က ပြည်သူများ၏ စရိတ်ဖြင့် မွေးမြူကြကုန် ၏။ အမွှန်းတင်ခိုင်းကြကုန်၏။ ဘုန်းတော်ဘွဲ့များ သီကျုးကြ စေ၏ ဤသည်မှာ သတင်းလွတ်လပ်ခွင့်မဟုတ် ဝါဒဖြန့်ခြင်း သာမည်၏။
.
လူ့လောကသည် သတင်းများဖြင့်သာ ခရီးသွားနေကြခြင်း ဖြစ်သည်။ သတင်းများဖြင့်သာ ရပ်တည်နေကြခြင်းဖြစ်သည်။ သို့အတွက် သတင်းမှန်ဖြင့် ဘဝခရီး သွားနိုင်ရေးအတွက် အင် မတန်လိုအပ်ပါသည်။ နိုင်ငံရေးသာမက မည်သည့် ရှုထောင့် ကမဆို သတင်းမှန်ရရှိရေးက  အရေးကြီးပေသည်။ ယင်းအ တွက် သတင်းတုများ၊ သတင်းယောင်များကို ဖော်ထုတ်ရင်း သ တင်းမှန်များကို တင်ပြရင်း လောကတာဝန်ကို  ထမ်းဆောင် နေကြပါသည်။ 
လူ့လောကသည် သတင်းများဖြင့်သာ ခရီးသွားနေကြခြင်း ဖြစ်သည်။ သတင်းများဖြင့်သာ ရပ်တည်နေကြခြင်းဖြစ်သည်။ သို့အတွက် သတင်းမှန်ဖြင့် ဘဝခရီး သွားနိုင်ရေးအတွက် အင် မတန်လိုအပ်ပါသည်။ နိုင်ငံရေးသာမက မည်သည့် ရှုထောင့် ကမဆို သတင်းမှန်ရရှိရေးက  အရေးကြီးပေသည်။ ယင်းအ တွက် သတင်းတုများ၊ သတင်းယောင်များကို ဖော်ထုတ်ရင်း သ တင်းမှန်များကို တင်ပြရင်း လောကတာဝန်ကို  ထမ်းဆောင် နေကြပါသည်။ 
.
သို့သော်လည်း  အာဏာ သရဏံ ဂစ္ဆာမိ သမားများအတွက် သူတို့အကြောင်း အကောင်းပြောသော သတင်းဌာန များကိုသာ မျက်နှာသာပေး၏။ အမှန်အကန် သတင်းဌာနများကိုမူ တတ် နိုင်သမျှ ကန့်သတ်၏။ အလိုမကျသဖြင့် ညစ်ခြင်းတစ်မျိုး ပင်တည်း။ မမှန်သောသူသည် သတင်းကို ကြောက်သည်။ မှန် သောသူသည် သတင်းကို ကြိုဆိုသည်။
.
မမှန်တာမကြိုက်သဖြင့် မဟုတ်တာကို မလုပ်သဖြင့် ဆန့် ကျင်ခဲ့ကြသူ ၊ တွန်းလှန်ခဲ့ကြသူ၊ ပြုပြင်လိုကြသူ များအတွက် သတင်းမဏ္ဍိုင်မှ ထောက်ပြ ဝေဖန် အကြံပြုနေပါသည်။ ကိုယ် ကိုယ်တိုင်က မကြိုက်သည်များကို အာဏာရလာသောအခါ ကြိုက်၍ လုပ်ခြင်းများ ပေါ်ပေါက်လာပါက သတိပေးရန်၊ အ သိပေးရန် တာဝန်ကို အမုန်းခံထမ်းဆောင် နေသူများသည် သတင်းသမားများဖြစ်ကြပါသည်။
.
ထောက်ပြဝေဖန်၊ ဖော်ပြတိုင်း မုန်း၍မဟုတ်၊ ကိုယ့်အကျိုး အတွက် အမုန်းခံ ချစ်ပေးကြသည်ဟု ယူဆစေချင်သည်။ အ ချို့သော အဆင်ပြေအောင် မြင်နေသူများ ရှိနေနိုင် မှုသည် အမုန်းခံ နှလုံးသားပိုင်ရှင်တွေက မသိမသာ သို့မဟုတ် သိသိ သာသာ တွန်းတင်ပေးမှုများကြောင့်ဟု သိမြင်စေချင်ပါသည်။
.
သို့မှသာ အာဏာ သရဏံ ဂစ္ဆာမိ သမားများ မဖြစ်စေ ရန် သတိပေးနိုင်ပေးမည်။ သို့သော် သတိပေးမှုကို သတိချပ် ကာပြန်လည်ပြုပြင် တည့်မတ်ခြင်းအမှုကို ပြုရန်မှာ အာဏာ အမှောင်ပိတ်မနေဖို့ လိုအပ်ပါမည်။ လူဆိုသည်မှာ အမှား သတ္တ ဝါဟု ဆိုသည်။ အနည်းဆုံး တစ်ကြိမ် တစ်ခါတော့ မှားတတ် ကြပေသည်။ မှားသည့်အမှားသည် ပျက်အစဉ် ပြင်မရအမှား မျိုးမဟုတ်ဘဲ ပြင်ရသည့် ခဏတာ အမှားမျိုးဖြစ်ရန်လိုအပ်ပါ သည်။ သတင်းသမား များသည်လည်း မှားတတ်ကြပါသည် ပု ထုဇဉ်များပေကိုး။
.
နိဂုံးချုပ်ပါမည်။ မရှိတာထက် မသိတာခက် ဟုဆိုသည်။ မရှိတာ အားလုံးတွင် အရှက်မရှိခြင်းက အဆိုးဆုံးဖြစ်သည်။ လောကကို စောင့်ရှောက်သော တရား(၂)ပါးသည် မကောင်း မှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း တို့ဖြစ်ကြရာ မကောင်းမှု ပြုလုပ်ရမည်ကို ရှက် ခြင်း၊ ကြောက်ခြင်းများဖြင့် လောကကို စောင့်ရှောက်ရသူများ ဖြစ်ကြပါစေ၊ အာဏာကို မက်မောကာ ကိုးကွယ်ရာ ရတနာအ စစ်များကို ပစ်ပယ်ကာ အာဏာ သရဏံ ဂစ္ဆာမိ သမားများ မ ဖြစ်ကြပါစေကြောင်း မေတ္တာရည်လျက်။
.
" ကိုယ်မကြိုက်တာ သူများမလုပ်စေချင်ရင်၊ သူများမကြိုက် တာလည်း ကိုယ်မလုပ်နဲ့၊ ကိုယ်ချင်းစာတရားဆိုတာအဲဒါ"
မဟတ္တမ ဂန္ဒီ

No comments:

Post a Comment

Journal Download

Photo of three cats

About