အသစ်ပေါ်လာမည့် လွှတ်တော်သစ်ကို မှန်းမျှော်ခြင်း - Kanbawza Tai News

Breaking

Friday, July 31, 2020

အသစ်ပေါ်လာမည့် လွှတ်တော်သစ်ကို မှန်းမျှော်ခြင်း

မင်းဇော်မင်း
.
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ သမိုင်းစဉ်သည် လာမည့်၂၀၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ်၊ ပါ တီစုံ အထွေထွေ ရွေးကောက်ပွဲတွင် တတိယအကြိမ်သို့ ရောက် ရှိစေတော့မည် ဖြစ်ရာ ပြီးဆုံးခဲ့ပြီး ဖြစ်သည့် ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲ အပေါ်တွင် အခြေခံ၍ တတိယအကြိမ် အသစ် ဖြစ်ပေါ် လာမည့် ရှမ်းပြည်နယ်လွှတ်တော်ကို မှန်းဆချက်များဖြင့် မှန်း မျှော် ကြည့်မိခြင်း ဖြစ်ပါသည်။
.
လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ဆယ်စုနှစ်(၃)ခုအကြာ အတိုက်အခံအဖြစ်မှ အစိုးရအဖြစ်သို့ ရောက်ရှိသည့် NLD ပါတီ၏ ပထမဆုံး ကျင်းပပြုလုပ်ရသည့် အထွေထွေ ရွေး ကောက်ပွဲ ဖြစ်ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှု ဖြစ်စဉ်အတွင်း အရေးကြီးသည့် နိုင်ငံရေး ဖြစ်စဉ်ဖြစ်ပြီး ယင်းမှ တစ်စိတ်တစ်ပိုင်း ထုတ်နုတ် မှန်းဆမိခြင်း ဖြစ်ပါသည်။
.
ခြေဆင်းအရ ဆိုရလျှင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက် ပွဲကို နိုဝင်ဘာ(၈)ရက်တွင်ပင် ကျင်းပပြီးစီးခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခြေ/ဥ အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ အနက် မဲဆန္ဒ နယ် ၃၂၃ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၇၃ နယ် (တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ် အပါအဝင်)ကို မဲဆန္ဒ ရှင် ပြည်သူများက ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
.
၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင် ခွင့်ရှိသူ ၃၄၂၉၅၃၃၄ ဦး ရှိသည့်အနက် ၂၃၉၄၆၇၀၃ လာရောက် မဲပေးခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော် မရှင်က ထုတ်ပြန်သည့် စာရင်းများအရသိရပြီး ကြိုတင်ဆန္ဒမဲ ၁၄၃၈၁၈၂ ပါဝင်ကြောင်းနှင့် ဆန္ဒမဲပေးမှု ၆၉ ဒသမ ၈၂ ရာခိုင် နှုန်း ရှိခဲ့သည်ဟု သိရသည်။
.
လွှတ်တော်များ အလိုက် ကိုယ်စားလှယ်လောင်းများပါဝင် ယှဉ်ပြိုင်မှုတွင် နိုင်ငံရေးပါတီ(၉၁)ပါတီမှ ကိုယ်စားလှယ်များ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော်၌ နိုင်ငံရေးပါတီများ မှ ကိုယ်စားလှယ် ၁၆၄၃ ဦးနှင့် တစ်သီးပုဂ္ဂလ ၉၀ ဦး ၊ စုစုပေါင်း ၁၇၃၃ ဦး၊ အမျိုးသားလွှတ်တော်တွင် ပါတီ ကိုယ်စားပြု ၈၄၄ ဦး နှင့် တစ်သီးပုဂ္ဂလ ၄၂ ဦး၊ စုစုပေါင်း ၈၈၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေရာများတွင် တိုင်းရင်း သားလူမျိုး မဲဆန္ဒနယ်များ အပါအဝင် နိုင်ငံရေးပါတီ ကိုယ်စားပြု ၃၂၄၁ ဦးနှင့် တစ်သီးပုဂ္ဂလ ၁၇၈ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ စုစု ပေါင်းချုပ် အနေဖြင့် နိုင်ငံရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ် လောင်း ၅၇၂၈ ဦး၊ တစ်သီးပုဂ္ဂလ ၃၁၀ ဦး စုစုပေါင်း ၆၀၃၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
.
ယင်း ရွေးကောက်ပွဲမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသားလွှတ်တော် ၁၆၈ ဦး၊ တိုင်းရင်းသား လူမျိုး လွှတ်တော်၂၉ ဦး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ၆၅၉ ဦးကို ရွေးချယ် တင်မြှောက်ခဲ့ကြ သည်။
.
NLD ပါတီက ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုး သား လွှတ်တော် ၁၃၅ နေရာ၊ USDP ပါတီက ပြည်သူ့လွှတ် တော် ၃၀ နေရာ၊ အမျိုးသားလွှတ်တော် ၁၁ နေရာ၊ SNLD ပါတီ က ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေ ရာ၊ ANP ပါတီက ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ် တော် ၁၀ နေရာတို့ ရရှိခဲ့ကြသည်။
.
ဆိုရလျှင် မဲပေးနိုင်သူ ၃၄ သန်း ကျော်၊ မဲလာပေးသူ ၂၃ သန်းကျော်တွင် NLD ကို မဲပေးသူ ၁၂ သန်း၊ USDP ကို မဲပေးသူ ၇ သန်း၊ တိုင်းရင်းသားပါတီနှင့် အခြားကို မဲပေးသူ ၄ သန်း ရှိခဲ့ သည်ဟု အကြမ်းဖျဉ်း သိနိုင်ပါသည်။
.
ဒါက တစ်တိုင်းပြည်လုံး၏ ၂၀၁၅ အထွေထွေ ရွေးကောက် ပွဲ၏ အခြေအနေ ဖြစ်ပြီး ယင်းထဲမှ NLD အနေဖြင့် အစိုးရဖွဲ့နိုင် သော်လည်း တတိယနေရာသာ ရရှိခဲ့သည့် ရှမ်းပြည်နယ်လွှတ် တော်၏ အခြေအနေကို တင်ပြခြင်းဖြင့် လာမည့် တတိယအ ကြိမ်မြောက် ရှမ်းပြည်နယ်လွှတ်တော်သစ်ကို စာရှုသူများ မှန်း ဆနိုင်ရန် တင်ပြလိုရင်းပါ။
.
၂၀၁၅ ခုနှစ်၊ ဒုတိယအကြိမ် ပါတီစုံ အထွေထွေရွေးကောက် ပွဲတွင် ရှမ်းပြည်နယ် အနေဖြင့် ပြည်သူ့လွှတ်တော် ၄၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ(ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ၅ နေရာအပါအဝင်)၊ ပြည်နယ်လွှတ်တော် ၉၆ နေရာ၊ တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်(ဗမာ၊ ကချင်၊ အခါ၊ လားဟူ၊ ကယန်း၊ လီဆူး၊ အင်းလူမျိုးတိုင်းရင်းသား ရေးရာဝန်ကြီး) ၇ နေရာ တို့ကို ကျင်းပခဲ့သည်။
.
ရှမ်းပြည်နယ် ၅၅ မြို့နယ်တွင် ၂၀၁၅ ၌ ကျေးသီး၊ မိုင်းရှူး၊ ပန်ဆန်း(ပန်ခမ်း)၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန်နှင့် မိုင်းလား မြို့ နယ်များတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
.


.
ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် အတွက် နိုင်ငံရေး ပါတီများ ကိုယ်စားပြု ၂၃၆ ဦး၊ တစ်သီးပုဂ္ဂလ ၁၄ ဦး၊ စုစုပေါင်း ၂၅၀ ဦး၊ အမျိုးသားလွှတ်တော်တွင် နိုင်ငံရေးပါတီ ကိုယ်စားပြု ၅၅ ဦး၊ တစ်သီးပုဂ္ဂလ ၄ ဦး၊ စုစုပေါင်း ၅၉ ဦး၊ ပြည်နယ်လွှတ် တော်တွင် နိုင်ငံရေးပါတီကိုယ်စားလှယ် ၄၆၈ ဦး၊ တစ်သီးပုဂ္ဂလ ၂၀ ဦး၊ စုစုပေါင်း ၄၈၈ ဦးတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
.

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ၃၁ ဦးဖြင့် ပထမ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၂၇ ဦးဖြင့် ဒုတိယ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၂၄ ဦးဖြင့် တတိယ အသီးသီး ရှိကြပြီး ၄င်းပါတီများ၏ နောက်မှ တအာင်း(ပလောင်)အမျိုးသားပါတီ ၇ ဦး၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် မှ ၆ ဦး၊ ၀ ဒီမိုကရက်တစ်ပါတီမှ ၂ ဦး၊  လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၂ ဦး၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ ကိုးကန့် ဒီ မိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ဝ အမျိုးသား စည်းလုံးညီညွတ် ရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အာခါအ မျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့မှ ၁ ဦးစီနှင့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် ၁ ဦးတို့ ပါဝင်လျက်ရှိပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၀၀ ဦး၊ တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ် စားလှယ် ၇ ဦး၊ တပ်မတော်သား ၃၆ ဦး စုစုပေါင်း ၁၄၃ ဦးဖြင့် ဖွဲ့စည်းထားသည်။ ဤသည်ကို ကြည့်လျှင် အာဏာရပါတီ ဟောင်း USDP သည် ရှမ်းပြည်နယ်တွင် အောင်မြင်မှု အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။
.
လွှတ်တော်သက်တမ်း ၄ နှစ်အတွင်း ကြားဖြတ်ရွေးကောက် ပွဲ ၂ ကြိမ် ကျင်းပခဲ့ရာ ၂၀၁၅ က မကျင်းပနိုင်ခဲ့သည့် ရှမ်းပြည်နယ် ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တို့ရှိ ပြည်သူ့နှင့် ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်များကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်တွင်ကျင်း ပရွေးချယ်နိုင်ခဲ့သည်။ လစ်လပ်သည့် လဲချားမြို့နယ် ပြည်သူ့ လွှတ်တော်နေရာကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် အစားထိုး ရွေးချယ်နိုင်ခဲ့သည်။
.
၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ အထိ ရှမ်းပြည်နယ် ရှိ ၅၅ မြို့နယ်တွင် မြို့နယ် ၅၀ တွင် ပြည်သူ့လွှတ်တော် ၅၀ ဦး၊ အမျိုးသားလွှတ်တော် ၁၂ ဦးနှင့် ပြည်နယ် လွှတ်တော် ၁၀၀ ဦး တို့ကို ရွေးကောက်တင်မြှောက်ပွဲ ကျင်းပနိုင်ခဲ့ရာ ပန်ဆန်း (ပန် ခမ်း)၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန် နှင့် မိုင်းလား(၅) မြို့နယ်တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်မှု မရှိခဲ့ချေ။
.
လက်ရှိတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က ကွယ် လွန်ခဲ့သည့် မိုးမိတ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊စွမ်း အင်နှင့်စက်မှုဝန်ကြီး ဦးဆွေသိန်း(NLD)၏ နေရာနှင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် ကွယ်လွန်ခဲ့သူ မိုင်းရယ်မြို့နယ်အ မှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းစံဖေ (SNLD) တို့၏ နေရာများမှာ လစ်လပ်လျက် ရှိနေသည်။
.
သို့အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ်များတွင် အနိုင်ရရှိထား သည့် နိုင်ငံရေးပါတီ ၁၃ ပါတီရှိပြီး ယင်းတို့အနက် ၁၂ ပါတီမှာ တိုင်းရင်းသား ပါတီများ ဖြစ်သည်။ ယင်းတို့အနက် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၇ နေရာနှင့် ပထမ၊ တ အာင်း(ပလောင်) အမျိုးသားပါတီက ၇ နေရာနှင့် ဒုတိယ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီက ၆ နေရာနှင့် တတိယ နေရာများရရှိ ထားသည်ကို တွေ့ရသည်။
.
ပကတိ အခြေအနေအရ ရှမ်းပြည်နယ်လွှတ်တော်တွင် တပ် မတော် ကိုယ်စားလှယ် ၃၆ ဦးနှင့် USDP မှ  ၃၁ ဦး စုစုပေါင်း ၆၄ ဦးဖြင့်  ရှမ်းပြည်နယ်လွှတ်တော်ကို ထိန်းချုပ်ထားပြီး NLD၊ SNLD နှင့် အခြားပါတီများက အတိုက်အခံအဖြစ် ရပ်တည်နေ သည့် အနေအထား ဖြစ်ကြောင်း တွေ့ရသည်။ ပြည်နယ်လွှတ် တော် အများစု ကိုယ်စားပြုမှုမှာ ၇၁ နေရာဖြစ်ရာ USDP အနေ ဖြင့် ၄ နေရာသာ လိုအပ်ပြီး ကျန်ပါတီများမှာမူ ၇၁ နေရာ အနိုင် ရမှသာ ပြည်နယ်လွှတ်တော်တွင် အများစု ကိုယ်စားပြုနိုင်မည် ဖြစ်ပေသည်။
.
ယင်းသို့ ဖြစ်စေရန်မှာ NLD ဖြစ်ဖြစ်၊ တိုင်းရင်းသား ပါတီ များဖြစ်ဖြစ် မိတ်ဖက်ဆက်ဆံရေးသည် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်ကြောင်း သုံးသပ်ရပါသည်။ သို့သော် တိုင်းရင်းသား ပါတီများ ဖြင့် မိတ်ဖွဲ့ခြင်း မရှိဟု ပြောကြားထားသည့် NLD   အနေဖြင့် အစိုးရ ဖွဲ့နိုင်မှုကိုသာ အလေးထားနေသည်ဖြစ်ရာ ရှမ်းပြည်နယ် လွှတ်တော်တွင် လက်ရှိ တတိယနေရာမှ တန်းဆင်း မသွားရေး အပြင် တန်းတက်ရေး အထူး လိုအပ်မည် ဖြစ်သည်။
.
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လက ထုတ်ဝေသည့် ၂၀၂ဝပြည့်နှစ်၊ နိုင်ငံသားများ ၏ နိုင်ငံရေး မျှော်မှန်းချက် စစ်တမ်းတွင် NLD အပေါ် မည်သို့ သဘောထား ရှိသည်ကို  အဆင့်သတ်မှတ်စေရာ ပြည်နယ်များ တွင် ၃၉ ရာခိုင်နှုန်းက အကောင်းမြင်သည်၊ ၁၁ ရာခိုင်နှုန်းက အ ကောင်း မမြင်ပါ၊  ၁၄ ရာခိုင်နှုန်းက မသိပါ၊၂၃ ရာခိုင်နှုန်းကကြား နေအဖြစ် ဖော်ပြထားကြောင်း တွေ့ရသည်။
.
USDP ပါတီအပေါ် မည်သို့သဘောထားရှိသည်ကို  အဆင့် သတ်မှတ်စေရာ ပြည်နယ်များတွင် ၂၃ ရာခိုင်နှုန်းက အကောင်း မြင်သည်၊ ၁၈ ရာခိုင်နှုန်းက အကောင်း မမြင်ပါ၊  ၃၄ ရာခိုင်နှုန်း က မသိပါ၊ ၃၁ ရာခိုင်နှုန်းက ကြားနေအဖြစ် ဖော်ပြထားကြောင်း တွေ့ရသည်။
.
SNLD ပါတီအပေါ် မည်သို့သဘောထားရှိသည်ကို  အဆင့် သတ်မှတ်စေရာ ရှမ်းပြည်နယ်တွင် ၂၃ ရာခိုင်နှုန်းက အကောင်း မြင်သည်၊ ၅ ရာခိုင်နှုန်းက အကောင်း မမြင်ပါ၊  ၄၄ ရာခိုင်နှုန်းက မသိပါနှင့် ၂၅ ရာခိုင်နှုန်းက ကြားနေအဖြစ် ဖော်ပြထားကြောင်း တွေ့ရသည်။
.
ရှမ်းပြည်နယ်အတွင်း တိုင်းစစ်ဌာနချုပ် (၄)ခု၊ ပြည်သူ့စစ် အဖွဲ့ဝင်များ များပြားစွာ ရှိမှုသည် USDP အတွက် အမာခံ မဲဆန္ဒရှင်များ ရရှိနိုင်ပြီး EAOs များကမူ တိုင်းရင်းသား ပါတီများကိုသာ မဲပေးနိုင်ကြမည် ဖြစ်သော်လည်း ၂၀၁၅ ကမူ`ဝ` စစ်ဒေသ ၁၇၁ တွင် NLD ကို မဲပေးခဲ့သည့် သာဓက ရှိခဲ့သည်။
ရှမ်းပြည်နယ်အတွင်း တိုင်းစစ်ဌာနချုပ် (၄)ခု၊ ပြည်သူ့စစ် အဖွဲ့ဝင်များ များပြားစွာ ရှိမှုသည် USDP အတွက် အမာခံ မဲဆန္ဒရှင်များ ရရှိနိုင်ပြီး EAOs များကမူ တိုင်းရင်းသား ပါတီများကိုသာ မဲပေးနိုင်ကြမည် ဖြစ်သော်လည်း ၂၀၁၅ ကမူ`ဝ` စစ်ဒေသ ၁၇၁ တွင် NLD ကို မဲပေးခဲ့သည့် သာဓက ရှိခဲ့သည်။
.
ရှမ်းပြည်နယ် မဲဆန္ဒနယ်မြေမှ ၂၀၁၅ ၏ မဲရလဒ်အရ ဖော် ပြရမည်ဆိုလျှင် NLD နိုင်ခဲ့သည့် ပြည်သူ့လွှတ်တော် ၁၂ နေရာ တွင် တောင်ကြီးနှင့် ရွာငံတို့တွင် ရလဒ်အနည်းငယ်သာ ကွာခြား ခဲ့သည်ကို မှတ်သားမိသည်။ တောင်ကြီးတွင် NLD က ၆၅၇၉၉ မဲရပြီး PNO က ၆၅၁၆၉ ရရှိသဖြင့် မဲကွာဟချက် ၆၃၀ သာ ရှိခဲ့ ပြီး ရွာငံတွင် NLD က၁၇၁၈၃ ရပြီး USDP က ၁၇၀၁၀ မဲရသ ဖြင့် ၁၇၃ မဲသာ ကွာခြားကြောင်း တွေ့ရသည်။ သို့အတွက် ယင်း နေရာများသည် ၂၀၂ဝ တွင် အကြိတ်အနယ် ယှဉ်ပြိုင်မှုဖြစ်မည် ဖြစ်သည်။
.
NLD အနေဖြင့် ၂၀၂၀ တွင် အားကောင်းလာမည့် တိုင်းရင်း သား ပါတီများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ကို သုံးသပ်မိ သည်။ ၂၀၁၅ က အနိုင်ရခဲ့သည့် နေရာများအနက် ကလော၊ ဖယ်ခုံ၊ နောင်ချိုတို့ကို သတိပြုရမည် ဖြစ်ပြီး မိုင်းတုံမှာမူ လူဦးရေ များသည့် `ဝ`ဒေသ ၁၇၁ ၏ မဲက အဆုံးအဖြတ် ပြုမည်ဖြစ်သည်။
.
USDP အနေဖြင့်မူ ၂၀၁၅ က မဲရလဒ် သိပ်မကွာသည့် မြို့ များဖြစ်သည့် ရပ်စောက်၊ နမ့်စန်၊ မောက်မယ်၊ မိုင်းပန် မြို့နယ် များတွင် အကြိတ်အနယ်ရှိမည်ခန့်မှန်းရပြီး လားရှိုး၊ မိုင်းဆတ် နှင့် မိုင်းဖြတ်မြို့များတွင် သတိထားရမည့် အခြေအနေဖြစ်သည်။ ကျိုင်းတုံ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်း ပျဉ်းများကမူ နိုင်ခြေ မြင့်မားသည်ဟု ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ထားသည်။
.
ကျားခေါင်း(SNLD) အနေဖြင့်မူ မိုင်းရှူး၊ ကျေးသီး၊ မူဆယ်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရယ်၊ တန့်ယန်း၊ သိန္နီ၊ မိုးနဲ၊ လင်း ခေး၊ မိုင်းကိုင်၊ လဲချားတို့တွင် ပြန်လည်၍ နိုင်ခြေ မြင့်မားပြီး လွိုင်လင်နှင့် နမ့်စန်တို့တွင် အားစိုက်ရန် လိုအပ်သည်ဟု သုံး သပ်မိသည်။ SNLD အနေဖြင့် တစ်မဲအသာဖြင့် ပြည်နယ်ပြည့် အနိုင်ရခဲ့သည်။ ကွန်ဟိန်းကဲ့သို့ မဲဆန္ဒနယ်မျိုးတွင် ကျားဖြူ ပါတီ-SNDP နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိသည်။
.
PNO သည် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း မြို့များတွင် နိုင်ခြေ များသည်သာမက တောင်ကြီးတွင်ပါ အကြိတ်အနယ် ယှဉ်ပြိုင် နိုင်မည်ဖြစ်သည်မှာ တောင်ကြီးမြို့လူဦးရေ ၃၇၆၁၁၇ ဦးတွင် ပအိုဝ်း တိုင်းရင်းသားဦးရေ ၁၅၇၅၀၉ (၄ဝ ဒသမ ဝ၅ ရာခိုင်နှုန်း) ဖြင့် လူဦးရေ အများဆုံး ဖြစ်နေခြင်း ဖြစ်ပြီး ဗမာလူဦးရေမှာ ၁၅၀၇၂၂ (၃၇ ဒသမ ၉၉ ရာခိုင်နှုန်း)ဦးရှိနေကာ ရှမ်းတိုင်းရင်း သား ဦးရေမှာမူ ၂၅၉၆၆ (၅ ဒသမ ၈၇ ရာခိုင်နှုန်း) ဦး ရှိနေသည် ဆိုသည့် တောင်ကြီးမြို့နယ်၏ ဒေသန္တရ အချက်အလက်များအရ ခန့်မှန်းရခြင်း ဖြစ်ပါသည်။
.
တအာင်း(ပလောင်)ပါတီကမူ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံများ တွင် ရာနှုန်းပြည့် ပြန်လည် ရနိုင်မည် ခန့်မှန်းပြီး ကိုးကန့် ဒီမို ကရေစီနှင့် ညီညွတ်ရေး ပါတီအနေဖြင့် ကွမ်းလုံတွင် USDP ကို ၅၉ မဲ အသာဖြင့် ၂၀၁၅ တွင် အနိုင်ယူခဲ့ခြင်းကြောင့် လာမည့် ၂၀၂၀ တွင် အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဖြစ်ပေသည်။
.
'ဝ'(၃)ပါတီ ပေါင်းထားသည့် ဝ အမျိုးသားပါတီသည် ရှမ်း အရှေ့တစ်ခုလုံး ဝင်ပြိုင်မည်ဖြစ်ရာ ဟိုပန်တွင် အနိုင်ရရှိနိုင်ပြီး မိုင်းတုံနှင့် အခြားနယ်များ သတိထားရမည် ဖြစ်သည်ကို လေ့ လာ တွေ့ရှိမိပါသည်။
.
၂၀၂ဝ အတွက် မဲဆန္ဒအမှတ်များ ပြောင်းလဲမှုအပေါ် ခန့်မှန်း မှုအရ ကျားခေါင်းပါတီသည် အမျိုးသားလွှတ်တော် ၁(ကျောက် မဲခရိုင်နှင့် မိုးမိတ်ခရိုင်)နှင့် ၇ (လင်းခေးနှင့် လွိုင်လင်ခရိုင်)တို့ တွင် အနိုင်ရနိုင်ပြီး ၆(လားရှိုးခရိုင်တစ်ခုလုံး) တွင် USDP နှင့် အ ကြိတ်အနယ် ရှိမည်။  ၂၀၁၅ က ယင်းနယ်မြေတွင် ကျားခေါင်း မှ ၆၅၃၆၄၊ USDP က ၆၃၂၃၅ မဲ ရရှိထားသည်။ USDP အ နေဖြင့် ၆ နှင့် ၁၂ (ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ-ကုန်း ကြမ်းနှင့် လောက်ကိုင်)တွင် နိုင်ခြေ မြင့်မားသော်လည်း ၀ အ မျိုးသားပါတီနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ရှိမည်။ NLD အနေ ဖြင့် ၁(ကျောက်မဲခရိုင်နှင့်မိုးမိတ်ခရိုင်) နှင့် ၉ (ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ-ရွာငံနှင့် ပင်းတယမြို့နယ်) တို့တွင် နိုင်ခြေ များသော်လည်း မပေါ့ဆဖို့ လိုပေမည်။ တအာင်း (ပလောင်) ပါ တီကမူ မဲဆန္ဒနယ် ၈(ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ- နမ့်ဆန်နှင့် မန်တုံမြို့နယ်)တွင် ပြန်နိုင် နိုင်မည် ဖြစ်သော်လည်း မဲဆန္ဒနယ် အမှတ် ၅ (မူဆယ်ခရိုင်)တွင်မူ ၂၀၁၅ က ၄င်းက ၄၁၀၄၆ မဲ၊ USDP က ၄၀၈၄၇ ရရှိပြီး ၁၉၉မဲ သာ ကွာဟသ ဖြင့် အထူး ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ် ဖြစ်နေပေသည်။ PNO သည် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၀ ( ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ-ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း)တွင် ရာနှုန်းပြည့် အနိုင်ရမည်ဟု ခန့်မှန်းပြီး မဲဆန္ဒနယ် ၄ (တောင်ကြီးခရိုင် တစ်ခု လုံး)တွင်မူ NLD နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပေသည်။
.
သို့သော် ပန်ဆန်း(ပန်ခမ်း)၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန်နှင့် မိုင်းလားမြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပရန် မသေချာ သေးဟု သိရသည်။
.
အခြား ရှမ်းအစိုးရဖွဲ့ရေးကြွေးကြော်သံဖြင့် ဝင်ရောက်ယှဉ် ပြိုင်မည့် ကျားဖြူနှင့် မဟာမိတ်ပါတီများ အနေအထားကိုမူ စောင့်ကြည့်ရမည်သာ ဖြစ်ကြောင်း တင်ပြလိုပါသည်။ လက်ရှိမှ သည် ရွေးကောက်ပွဲကာလ အထိ နိုင်ငံရေး ပါတီများ၏   ပွတ် တိုက်မှု များပြားလာနေသည် ဖြစ်ရာ ရှမ်းပြည်နယ်သည် အဓိက ပွတ်တိုက်မှု အများဆုံး ဖြစ်နိုင်သည်ဟု ခန့်မှန်းမိသည်။
အခြား ရှမ်းအစိုးရဖွဲ့ရေးကြွေးကြော်သံဖြင့် ဝင်ရောက်ယှဉ် ပြိုင်မည့် ကျားဖြူနှင့် မဟာမိတ်ပါတီများ အနေအထားကိုမူ စောင့်ကြည့်ရမည်သာ ဖြစ်ကြောင်း တင်ပြလိုပါသည်။ လက်ရှိမှ သည် ရွေးကောက်ပွဲကာလ အထိ နိုင်ငံရေး ပါတီများ၏   ပွတ် တိုက်မှု များပြားလာနေသည် ဖြစ်ရာ ရှမ်းပြည်နယ်သည် အဓိက ပွတ်တိုက်မှု အများဆုံး ဖြစ်နိုင်သည်ဟု ခန့်မှန်းမိသည်။

.
အဘယ့်ကြောင့်ဆိုသော် ၀ အမျိုးသားပါတီများ ပေါင်းစည်း လာမှု၊ ရှမ်းပါတီများ ပေါင်းစည်းခြင်း မပြုနိုင်သော်လည်း မိတ် ဖက်ပါတီများဖြင့် မဲဆန္ဒနေရာနှင့် နယ်မြေ ခွဲဝေယှဉ်ပြိုင်မည့် အနေအထားများ ဖြစ်ပေါ်နေမှုများက ပင်မပါတီများထက် မိတ်ဖက် ပါတီများ အောင်နိုင်မှုနှင့် ပေါင်းစည်းမှုကို အခြေ အနေများက တောင်းဆိုလာနေသည်ဟု သုံးသပ်မိပါသည်။
.
NLD အပါအဝင် PNO လို တိုင်းရင်းသားပါတီများတွင်ပင် လွှတ်တော် ကိုယ်စားလှယ် သာမက ပြည်နယ်ဝန်ကြီးဖြစ်လိုသူ များ၏ နေရာ သတ်မှတ်ချက်များ ၊ ပြည်သူ/အမျိုးသား စသည့် ကိုယ်စားလှယ်များကလည်း ပြည်နယ် ကိုယ်စားလှယ် အဖြစ်အ ရွေးချယ်ခံကာ ပြည်နယ်ဝန်ကြီး မှန်းနေကြကြောင်း ကြားသိနေ ရရာ ပြည်သူနှင့် အမျိုးသားလွှတ်တော် မဲထည့်သူများသည် ပြည်နယ် အတွက်ပါ တစ်ဆက်တည်း မဲထည့်တတ်သည့် သ ဘော ရှိနေသည်က ရှမ်းပြည်နယ်လွှတ်တော်အတွက် ခန့်မှန်း ရာတွင် ပြည်သူ/အမျိုးသားကိုယ်စားလှယ်များ သာမက ပြည် နယ် (၁/၂)များကို ပေးသည့် မဲကပါ အဆုံးအဖြတ် ပြုမည် ဖြစ် ပါသည်။
.
နိုင်ငံရေး စိတ်မဝင်စားနှင့် စိတ်ပျက်မှုများ၏ အသံ N၀ Vote များလည်း ကြားလာနေရသည်ဖြစ်ရာ ရွေးကောက်ပွဲများကို အ ထိအခိုက် ဖြစ်စေနိုင်သည့် အခြင်းအရာ ဖြစ်သည့်အတွက် နိုင်ငံ သားများ၏ မဲပေးလိုစိတ်ကို ထက်သန်စေရန် နှိုးဆွပေးမှုများ လည်း လိုအပ်လာနေပြီ ဖြစ်သည်။
နိုင်ငံရေး စိတ်မဝင်စားနှင့် စိတ်ပျက်မှုများ၏ အသံ N၀ Vote များလည်း ကြားလာနေရသည်ဖြစ်ရာ ရွေးကောက်ပွဲများကို အ ထိအခိုက် ဖြစ်စေနိုင်သည့် အခြင်းအရာ ဖြစ်သည့်အတွက် နိုင်ငံ သားများ၏ မဲပေးလိုစိတ်ကို ထက်သန်စေရန် နှိုးဆွပေးမှုများ လည်း လိုအပ်လာနေပြီ ဖြစ်သည်။
.
မဲပေးလိုစိတ်ကို ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့၏၂၀၁၉ ဆန်းစစ်ထားချက်တွင် ၂၀၁၅ တွင် ဆန္ဒ မဲပေးမှု ၆၉ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၇ ကြားဖြတ်တွင် ၃၇ ရာခိုင်နှုန်းနှင့် ၂၀၁၈ တွင် ၄၂ ရာခိုင်နှုန်းသာ ရှိခဲ့ရာ ယခု ၂၀၂ဝ အတွက်တစ်နိုင်ငံလုံး ၄၈ ရာခိုင်နှုန်းသာ ကျိန်းသေမဲပေးလို စိတ်ရှိပြီး ပြည်နယ်များတွင် ၃၂ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ ရှိရပါသည်။
.
သို့အတွက် မိမိတို့ပါတီအောင်နိုင်ရေးမှသည် မိတ်ဖက်ပါတီ များ အောင်နိုင်မှုကလည်း အားဖြည့် ပါဝင်မှု လိုအပ်မည် ဖြစ်ရာ အင်အားကြီး ပါတီကြီးများ အနေဖြင့် မိတ်ဖက် နည်းဗျူဟာကို ကျင့်သုံးခြင်း ရှိ/မရှိ၊ ဒီမိုကရေစီ စံနှုန်းများဖြင့် စစ်မှန်သည့် ရွေး ကောက်ပွဲ ဖြစ်ရေးနှင့် ပြည်သူများ အပြည့်အဝ လာရောက်မဲ ပေးရေးကို စောင့်စားကြည့်ရှုရင်း ပြည်သူကို အစစ်အမှန် ကိုယ် စားပြုမည့် ပြည်သူ့ဆန္ဒကို အပြည့်အဝ ဖော်ဆောင်နိုင်မည့် ရှမ်း ပြည်နယ်လွှတ်တော် အသစ်ကို မျှော်လင့်မိကြောင်းပါ ခင်ဗျာ။
 .
ယခုတွင်မူ ကိုယ့်ပြည်နယ်အတွင်း တိုက်ပွဲများ အကြောင်းပင် ဆွေးနွေးခွင့် မရသေးသည့် လွှတ်တော် ဖြစ်နေဆဲဟုသာ။
ကိုးကား
- ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေး မျှော်မှန်းချက် (ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့)
- ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ စိန်ခေါ်မှုနှင့် ရှမ်းပြည်နယ်(ဒေါက်တာ ရန်မျိုးသိန်း)
-  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များ ခိုင်လုံမဲ စာရင်းများ

No comments:

Post a Comment

Journal Download

Photo of three cats