ရွေးကောက်ပွဲ အနိုင်အရှုံးသည် ပြည် သူများထည့်သည့်မဲနှင့်သာ သက်ဆိုင် ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 25, 2020

ရွေးကောက်ပွဲ အနိုင်အရှုံးသည် ပြည် သူများထည့်သည့်မဲနှင့်သာ သက်ဆိုင် ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား


မင်းဇော်မင်း
.
ရွေးကောက်ပွဲ အနိုင်အရှုံးသည် ပြည်သူများထည့်သည့်မဲနှင့် သာ သက်ဆိုင်ပြီး ရွေးကောက်ပွဲ ကော်မ ရှင်မှ ထည့်သည့် မဲ မဟုတ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုခဲ့ သည်။
.
နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်း များ တွေ့ဆုံသည့်ပွဲတွင် ဦးလှသိန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
“UEC ကို တိုက်ခိုက် နေမယ့်အ စား ပြည်သူယုံကြည်အောင် လုပ်ပါ။ ရွေးကောက်ပွဲ အနိုင်အရှုံးက ကော် မရှင်နဲ့ မဆိုင်ဘူး။ ပြည်သူနဲ့ပဲ ဆိုင် တယ်။ ပြည်သူထည့်တဲ့မဲနဲ့ အနိုင် အ ရှုံး လုပ်တာ။ UEC ထည့်တဲ့မဲ မဟုတ် ဘူး”ဟု ဦးလှသိန်းက ပြောသည်။
.


.
“တစ်ပြည်လုံးမှာ ၂၁ ပါတီပဲ နိုင် တယ်။ ၆၉ ပါတီက ဘဲဥ မကွဲဘူး။ တစ် ယောက်မှ အရွေးမခံရဘူး။ ၂၂ ပါတီကိုပဲ ပြည်သူယုံတယ်။ ၆၉ ပါ တီကို ပြည်သူမယုံဘူး။ မယုံလို့ မဲ မ ရတာပေါ့။ ပြည်သူယုံကြည်ရင် မဲ ထည့်မှာပေါ့။ မဲထည့် ရင် မဲနိုင်မှာ ပေါ့”ဟု ဦးလှသိန်းက ဆက်လက် ပြောဆိုခဲ့သည်။
.

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကာလက နိုင်ငံရေးပါတီပေါင်း ၉၁ ပါတီ ဝင် ရောက် ယှဉ်ပြိုင်ခဲ့ရာတွင်လွှတ် တော်တက်ရောက်ခွင့် ရသည့်ပါတီ ၂၂ ခုသာရှိပြီး လာမည့် ၂၀၂၀ ရွေး ကောက်ပွဲတွင် မည်သည့် နိုင်ငံရေး ပါတီမျှ ရွေးကောက်ပွဲဥပဒေ၊ နည်း ဥပဒေ၏ အထက်တွင် မရှိစေရဟု အာမခံကြောင်း ဦးလှသိန်းက ပြော သည်။
.
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင် ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ပြီး လက်ရှိတွင် တည် ဆဲနိုင်ငံရေးပါတီ ၉၆ ခု ရှိကြောင်း သိ ရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About