မင်းဇော်မင်း
.
တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေး တံတား
အား အမြန်ဆုံး မဖွင့်လှစ်နိုင်ပါက ရှမ်းပြည် နယ်ဒေသအတွင်း တောင်သူ များ စိုက်ပျိုးထားသည့်
ခရမ်းစွဲကြက် သွန်ဖြူ ကီလိုသန်းပေါင်းများစွာ လွှင့် ပစ်ရမည့် အခြေအနေ ဖြစ်ပေါ်နေပြီး
ယင်း အခြေအနေနှင့် ပတ်သက်၍ အစိုးရမှ ကူညီပေးနိုင်ရေးအတွက် လွှတ်တော်တွင် ကြယ်ပွင့်မပြ
မေးခွန်း မေးမြန်းသွားမည်ဖြစ်သည်ဟု မိုင်း ပန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ရှမ်းပြည်နယ်
လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းနောင့်ထံက သိရသည်။
.
“မနှစ်ကလည်း ထိုင်းက အခွန် မြင့်တာဖြစ်လို့ တောင်သူတွေအထိ နာခဲ့တယ်။
အခုလည်း ထိုင်းဘက် ကတော့ ပစ္စည်းတွေ ဝင်လာပေမယ့် မြန်မာဘက်ကတော့ အဆင်ပြေတဲ့ တံတား
(၁) မဖွင့်တော့ မသွားနိုင်ဘူး။ ထိုင်းဘက်က တံတား (၁)က ဖွင့်မှ အဲဒီက ပို့တဲ့နည်းလမ်းက
တောင်သူ တွေ သက်သာပြီး အဆင်ပြေနိုင်တာ ဖြစ်လို့ အစိုးရအနေနဲ့ တောင်သူတွေ အကျိုးစီးပွားအတွက်
ထိုင်းအစိုးရကို ညှိနှိုင်းပေး စေချင်တယ်။ တောင်သူ အကျိုးစီးပွားကို မျှော်ကိုးပြီး
ကူညီ စေချင် လို့ ကြယ်ပွင့်မပြနဲ့ လွှတ်တော် ကို တင်ပြသွားဖို့ ရှိပါ့မယ်”ဟု ဦးစိုင်း
နောင့်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
.
လက်ရှိတွင် ရှမ်းပြည်နယ်ဒေ သထွက် ကြက်သွန်ဖြူများမှာ တစ် ပိဿာ
၁၂၀၀ ကျပ်မှ ၁၃၀၀ ကျပ် သာ ရရှိနေပြီး ထိုင်းနိုင်ငံဘက်မှ ချစ်ကြည်ရေးတံတား အမှတ် (၁)
မ ဖွင့် သေးသည့်အတွက် ဈေးကွက်မရှိ သဖြင့် လဲချား၊ မိုင်းပန်၊ မိုးနဲ၊ မိုင်းတုံ၊ ပုံပါကျင်
စသည့်ဒေသများမှ ထွက်ရှိ သည့် ခရမ်းစွဲ ကြက်သွန်ဖြူ အလေး ချိန် ကီလိုပေါင်းများစွာ ဆုံးရှုံးနိုင်
မည့် အခြေအနေတွင် ရှိနေခြင်း ဖြစ် ကြောင်း သိရသည်။
.
“ထိုင်းအစိုးရက သူ့တောင်သူ တွေအတွက် အမျိုးသားအကျိုးစီးပွား ကို
အကာအကွယ်ပေးတဲ့ အနေနဲ့ အခွန်မြှင့်ပြီး ကောက်တော့ ဒီက တောင်သူတွေ မတတ်နိုင်ဘူး။ ခက်
တာက ထိုင်းဘက်က ပစ္စည်းဝယ် လည်း မြန်မာ ကုန်သည်တွေကပဲ ထိုင်းဘက်ရော မြန်မာဘက်ပါ အခွန်
ဆောင်ရတယ်။ မြန်မာဘက်က ပစ္စည်း သွားရောင်းတော့လည်း မြန် မာ ကုန်သည်ကပဲ ၂ ဘက်လုံး အခွန်
ဆောင်ရတယ်။ ထိုင်းကုန်သည်တွေ ထိုင် ရောင်းထိုင်ဝယ် လုပ်နေရုံပဲ။ အခုလည်း ကြက်သွန်ဖြူ
ကုန်သည် တွေ မြန်မာဘက်မှာ အခွန်ဆောင်ပြီး ပေမဲ့ ထိုင်းဘက်ကို ပို့ဖို့ကြတော့ ခက်နေရတယ်။
ဒါကို ညှိနှိုင်းနိုင်မှ တောင်သူတွေ အသက်ရှူချောင်မယ်။ တာချီလိတ် ချစ်ကြည်ရေးတံတား
အမှတ် (၁) က တစ်ပိုင်တစ်နိုင် သယ် ယူရောင်းချမှုကသာ ကြက်သွန်ဖြူ တောင်သူများ အတွက်
အဆင်ပြေ မယ်”ဟု ၎င်းက သုံးသပ်ပြောဆိုခဲ့ သည်။
.
ရှမ်းပြည်နယ်ထွက် ခရမ်းစွဲ ကြက်သွန်ဖြူမှာ အမြိတ်ပါပြီး ထိုင်း
ဘက်မှ ကြိုက်နှစ်သက်သည့် အနံ့ အရသာများ ရှိသော်လည်း တရုတ် ဘက်မှ ဝင်ရောက်သည့် အမွှာကြီး
ကြက်သွန်ဖြူများကို စျေးအရ မယှဉ် နိုင်ဖြစ်နေရကာ လက်ရှိ ပြည်တွင်း စျေးကွက်တွင် အမွှာသေးများ
ဝယ် လက်မရှိဘဲ အမွှာကြီးများသာ ကျပ် ၁၄၀၀/၁၅၀၀ ခန့်ဖြင့် အရောင်း အ ဝယ်ဖြစ်နေကြကြောင်း
သိရသည်။
No comments:
Post a Comment