မင်းဇော်မင်း
.
နိုင်ငံရေး ကစားပွဲကြီးလည်း နီးလာပြီ၊ ခတ်ကွင်းများလည်း ပြင်နေကြသည်၊
ကုတ်ကော်ကလန့် အပုတ်ချပွဲများလည်း ပိုပြင်းထန်လာနေသည်၊ ကစားသမား လူရွေးပွဲကလည်း အုပ်စုဖွဲ့
ပြိုင်ဆိုင်နေကြသည်ဟု အသံများ ထွက်လာနေကြ သည်။ သူ့ထက်ငါ လူစွမ်းကောင်းများ အလုအယက်
ဖြစ်နေ ကြသည်။ ထောင်ကျမည်ဆိုလျှင် ပါကြမည်လား၊ မိုးတွင်းဖား များ အော်နေသည်နှင့် တူနေသည်။
.
အထက်က စာများကို ကျောင်းစာလို ဖတ်ပါက ပိုပြီးများ ဌာန်ကရိုင်း
ကျမည်လားမသိ၊ မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲဆိုသည့် နိုင်ငံရေးကစားပွဲကြီး
အတွက် ပြင်ဆင်မှုများက လူထုစိတ်ဝင်စား နေကြသည်မှာ ဧကန်ပင်။ မြန်မာနိုင်ငံဆိုသည့် ကစားကွင်းကြီးတွင်
လွှတ် တော်အမျိုးအစား ၃ ခု ဆိုသည့် ပထမအဆင့် အမျိုးသား လွှတ်တော်၊ ဒုတိယအဆင့် ဆိုနိုင်သည့်
ပြည်သူ့လွှတ်တော် နှင့် တတိယအဆင့် ဆိုရမည့် ပြည်နယ်လွှတ်တော် ကစား သမား Political
Player များ အဆင့်မီစေရန် ပြင်ဆင်ဖို့ လုပ် ဆောင်ကြသည်မှာ စစ်တုရင်ပွဲ အပေါ်က ကြည့်သလို
မြင်ရ၊ ဘောလုံးပွဲလို ဘေးကကြည့်၍ မြင်ရသည်များလိုပင်၊ ဘေး ကြည့်သူများအနေဖြင့် နိုင်ငံရေးကစားပွဲတွင်တော့
ဘေးပြော မှရပေမည်။
.
ဘေးပြောမကြိုက်ဟု ဆိုလာသူရှိပါက အဆိုပါသူမှာ နိုင် ငံရေးသမားဟု
ဆိုဖွယ်မရှိပေ၊ နိုင်ငံရေးသမားဆိုသည်မှာ အ ကြမ်းဖျင်းအားဖြင့်ဆိုလျှင် Thick skin ဆိုသည့်
ဝေဖန်ဒဏ် ခံနိုင်မှု စွမ်းရည်မြင့်မားရမည်ဟု ဆိုရိုးရှိသည်။ Thin Skin အ ဖြစ်ဆတ်ဆတ်ထိမခံ
တုံ့ပြန်နေပါမူ နိုင်ငံရေးသမားကောင်း တစ်ဦး မဖြစ်နိုင်တော့ချေ။
.
စင်ပေါ်တွင် သီဆိုဖျော်ဖြေနေသူ တစ်ဦးကို ပရိသတ် က ကြိုက်လျှင်
လက်ခုတ်တီးမည်၊ အားပေးမည်၊ မကြိုက် လျှင် မောင်းချမည်၊ ဆဲဆိုမည်၊ ဤသည်ကို ပရိသတ်အား
ငါ့ လိုလဲ မလုပ်ဆောင်နိုင်ဘဲနှင့်ဟု ပြန်ရန်တုံ့ပြန်ပါက ပွဲ လှနိုင် တော့မည် မဟုတ်ချေ၊
သို့သော် ပရိသတ်၏ အကြိုက်၊ ကာ လ၊ ဒေသကိုတော့ ဆန်းစစ်စေ့ငုထားဖို့ ပွဲသွင်းသူ ကန်ထ ရိုက်တာများက
ဖျော်ဖြေသူအမျိုးအစားကို ရွေးချယ်တတ်ဖို့ လိုမည် ဖြစ်ပေသည်။ သူ့အရပ်နှင့် သူ့ဇာတ်ဆိုသည့်
စကားရှိ သည် ဖြစ်ရာကာလ(၃)ပါးနှင့် ကိုက်ညီဖို့ လိုအပ်သည့် သူကို ရွေးချယ်တတ်ဖို့ လိုအပ်ပါမည်။
.
ယခု ပါတီစုံရွေးကောက်ပွဲများ သည်လည်း ဤနည်းနှင့်ပင်၊ ဒီမိုကရေစီကို
ရည်ညွှန်းသည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် ဒီမိုကရေစီ၏ အနှစ်သာရ တစ်ခုဖြစ်သည့် ရွေးကောက်ပွဲသည်
မရှိမဖြစ် မပါမဖြစ် ဖြစ်ပေမည်။ ယင်းနိုင်ငံရေး ကစားပွဲ၏ လက် ရှိစည်းမျဉ်းမှာ
Fast-past-to-the-post နိုင်သူအကုန်ယူ ဖြစ် ပေသည်။ နိုင်သူ အကုန်ယူဆိုသဖြင့် ကျန်သူအတွက်
ဘာမှ ကို မရှိသည့် အခြေအနေ ဖြစ်နေပေသည်။ လူနည်းစုကို လူ များ စုက အသိအမှတ်ပြု အလေးထားရမည်
ဆိုသည့် ဒီမို ကရေစီ နိုင်ငံရေးယဉ်ကျေးမှု အသွင်သဏ္ဍန်မှာ ရံဖန်ရံခါ အ နိုင်ကျင့်ခံရသည်ဟု
အော်ရသည်အထိ ဖြစ်တတ်ခြင်း ရှိပေ သည်။
.
ကစားပွဲမှာ နိုင်ငံရေးကစားပွဲဖြစ်သည်။ ကစားကွင်းမှာ မြန် မာနိုင်ငံဖြစ်ပြီး၊
ကစားပွဲ၏ရလဒ်မှာ ဒီမိုကရေစီဟုဆိုနိုင်သည်။ ကစားပွဲ၏ စည်းမျဉ်းမှာ နိုင်သူအကုန်ယူ စည်းမျဉ်းဖြစ်ပြီး
က စားပွဲ၏ ပြယုဂ်မှာ အင်အားများသူက နည်းသူကို အလေးထား မှုအနေဖြင့် လုပ်ဆောင်ရန် ရှိနေသည်။
.
ဆိုတော့ကာ ကစားမည့် အသင်းများ နိုင်ငံရေးပါတီများ၊ ထိုပါတီများမှ
ကစားသမားများ (နိုင်ငံရေးသမား)များ ဆို သည်မှာ မည်သို့သောသူများ ဖြစ်သင့်သည်လဲဟု ဆန်းစစ်
ရန်လိုပါမည်။ ဤသည်မှာ ရွေးချယ်ပေးရမည့် ပရိသတ်၏ အ ရည်အချင်းဟု ဆိုနိုင်သည်။ ကိုယ့်စိတ်ကြိုက်
ရွေးချယ်ခွင့်ကို မှန်ကန်သည့် ဒိုင်စနစ်၏ မျက်မှောက်တွင် ကျင့်သုံးခွင့် ရရှိရန် အထူးလိုအပ်မည်ဖြစ်သည်။
.
မြန်မာနိုင်ငံ၏ လက်ရှိကစားပွဲကို စာအုပ်အစိမ်းခေါ် ၂၀၀၈ ဖွဲ့စည်းပုံ၏
အခွင့်ထူးခံများ ဖြစ်သည့် ရွေးချယ်စေလွှတ်ခံများ ပါဝင်နေသည့် စည်းမျဉ်းများအရ ဒိုင်လုပ်သူများက
အနိုင်ပိုင်း၍ ဝင်ကစားနေမှုကမူ ဒီမိုကရေစီ အနှစ်သာရ အနေဖြင့်တော့ လမ်းလွဲနေဆဲဖြစ်သည့်
ကစားပွဲတစ်ခုဟုပင် ဆိုချင်သည်။ ဆို လိုသည်မှာ စည်းမျဉ်းခံ ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်၏ရေး
ရာများကို ဆောင်ရွက်နေရသည်ဆိုလျှင် မှားမည်မထင်ပေ။
.
သို့အတွက် ယင်းကစားပွဲအတွင်း တစ်ဖက်သတ် ဝင် ရောက်နေရာ ယူထားသည့်
ကစားသမား များမှအပ ကျန် တကယ့် ရွေးကောက်ခံ နိုင်ငံရေးသမား ဆိုသူများ၏ အ ရည်အချင်းကို
ပါတီနောက်ခံဖြင့် လူထုပရိသတ်မှ ဆန်းစစ် ရမည်ဖြစ်သည်။ ဒါကလည်း ဆန်းစစ်ခွင့်ရသည့် အခြေအနေ
ကြောင့်သာဖြစ်သည်။
.
မိမိသည် နိုင်/ကျဉ်းဟောင်းတစ်ဦး ဆိုသည်ကို ရှေ့ ဆောင်းပါးများစွာကတည်းက
ဝန်ခံခဲ့ပြီးဖြစ်သည်။ ဤသို့ဝန် ခံထားရခြင်းမှာ မိမိသည် ဒီမိုကရေစီ ဘက်တော်သားဟု ဆိုလိုရင်းဖြစ်သည်။
အာဏာရှင် ဘက်တော်သား မဟုတ် ကြောင်း ပြောလိုရင်းဖြစ်သည်။ သို့အတွက် မိမိ၏ သုံးသပ်ချက်
သည် ဒီမိုကရေစီ ထောက်တိုင်များဖက်မှသာ အထောက်အခံ ပြုမည်ဖြစ်ပြီး ကျန်ဘက်များကိုမူ ဆန့်ကျင်သည့်
သဘော ထားများ ပါရှိမည်ဟု ဝန်ခံပါသည်။
.
မိမိနှင့် ထုံးဘိုကျောင်းတော်ကြီးတွင် တစ်စိတ်တစ်ပိုင်း တွေ့ဆုံခဲ့ရသူ(၈၈
မျိုးဆက်၊ ဗကသ) မှ ဦးတင်အေးက ပြီးခဲ့ သည့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၀ ရက်က ရေးတင်လာသည့်
နိုင်ငံရေးသမားဆိုသည့် ဖွင့်ဆိုချက်ဖြင့် အစပြုလိုပါသည်။
.
နိုင်ငံရေးသမား ဆိုသည်က သူ့အတွက် တကယ်လန့်သွား ကြောင်း၊ မြန်မာစာ
ပညာရပ်ဆိုင်ရာ စာအုပ်များဖတ်ပြီး အ ထိတ်တလန့် ဖြစ်သွားရကြောင်း၊ ဖြစ်ရသည့်အကြောင်းမှာ
မြန်မာစာပါမောက္ခ ဆရာကြီးများဖြစ်သည့် မြန်မာစာ၊ မြန်မာ့ စကားများတွင် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)
က `မြန်မာစာ ကိုယ်ခံတည်ဆောက်ရေး(အခြေခံ စာအရေးအသား ဆိုင်ရာ စာစု) စာအုပ်ထဲတွင် `အချို့သော
စကားလုံးများသည် ခံ စားမှုများ၊ အတွေးများကို ဖော်ထုတ်ပေးနိုင်စွမ်းရှိသည်၊ ထို စကားလုံးမျိုးကို
သုံးလိုက်သည်နှင့် ခံစားမှုများ၊ အတွေးများ သည် နောက်ကရိုက်ခတ်ပြီး ပါလာတတ်သည်။ ဗုဒ္ဓဘာသာ
ဝင်များအနေဖြင့် `ဘုရား` ဟု သုံနှုန်းလိုက်သည်နှင့် ကြည် ညိုသောခံစားမှု ကပ်ပါလာမြဲဖြစ်သည်။
`ပုဂံ`ဟုဆိုလိုက် သည်နှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဂုဏ်ယူသော ခံစားမှု ပေါ်ပေါက်လာမြဲဖြစ်သည်။
`အမေ`ဟုသုံးလိုက်သည် နှင့် ရင်ထဲနွေးကနဲဖြစ်သွားပြီး ချစ်ခင်လေးစားသော ခံစားမှု မျိုး
ပေါ်ပေါက်လာမြဲဖြစ်သည်။ `မြွေ`ဟုသုံးလိုက်သည်နှင့် ဘေးအန္တရာယ်ကို ထိတ်လန့်သော ခံစားမှုများ
ပေါ်ပေါက် လာမြဲဖြစ်သည်။ `ဈေး`ဟု သုံးလိုက်သည်နှင့် လူစည်ကားပြီး ရောင်းသံ၊ ဝယ်သံတို့ဖြင့်
ဆူညံနေသော နေရာဟူသည့် အ တွေးများ နောက်က လိုက်လာမြဲ ဖြစ်သည်။
.
.
စကားလုံးများအနောက်က ရိုက်ခတ်လာသည့် အတွေး များ၊ ခံစားမှုများကို`ဂယက်အနက်`ဟု
ခေါ်သည်၊ စကားလုံး အတော်များများက ဂယက်အနက် စွဲထင်ပြီးသား ဖြစ်နေသည် ဟု ဆိုထားသည်။
.
နောက်တစ်ဦးဖြစ်သူ မြန်မာစာပါမောက္ခ ဒေါက်တာအောင် မြင့်ဦး၏ `လူမှုဘာသာဗေဒ
မိတ်ဆက်`စာအုပ်ထဲတွင်မူ စ ကားများ၏ အနက်အဓိပ္ပါယ် ပြောင်းလဲသွားပုံကို ၎င်းက`အ နက်ချဲ့ထွင်ရာတွင် တစ်ချိန်တစ်ခါက အဓိပ္ပါယ်တစ်မျိုးဖြင့်
သုံး သော စကားလုံးတစ်ခုကို နောင်တစ်ချိန်တွင် အခြားအဓိပ္ပါယ် တစ်မျိုးဖြင့် ပြောင်းလဲသုံးစွဲခြင်းဖြင့်
အဓိပ္ပါယ် ကျယ်ပြန့်လာ သည်။ ထိုသို့ အနက် ချဲ့ထွင်ရာတွင် တစ်ခါတစ်ရံ မူလ အဓိပ္ပါယ်
နှင့် အလှမ်းကွာနေတတ်သည်`ဟု ရေးသားထားသည်။
.
ဦးတင်အေး မှဆရာကြီးများ၏ ရေးသားချက်များကို ဖတ် ရှုရင်းက အထိတ်တလန့်ဖြင့်
ဆက်စပ်စဉ်းစားမိသွားသည် မှာ `နိုင်ငံရေးသမား` ဆိုသည့် စကားလုံးနှင့် ပတ်သက်၍ပင်၊ နိုင်ငံရေးသမားဟု
ကြားလိုက်တာနှင့် ယခုအချိန်တွင် လူအ များ၏ စိတ်တွင် မည်သို့ ခံစားကြမည်လဲ၊ မည်သည့်အတွေး
ပေါ်ပေါက်ကြမည်လဲ မည်သို့သော ဂယက်အနက် ထင်မည် လဲဟု ။
.
ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ရှင်းပြခဲ့သလို ဘုရား၊ အ မေ၊ မြွေ၊
ဈေး၊ စကားလုံးများကြားသည်နှင့် နောက်ကပါလာ သည့် ဂယက်အနက်များကဲ့သို့ နိုင်ငံရေးသမားဟု
ကြားလိုက် သည်နှင့် ဆရာကြီး ဒေါက်တာအောင်မြင့်ဦး ရေးသားသလို လွတ်လပ်ရေး လှုပ်ရှားမှု
ကာလတုန်းကလို စွန့်လွှတ်အနစ် နာခံသူတွေ၊ ငါတို့တိုင်းပြည် ကောင်းစားဖို့အတွက် ကြိုးပမ်း
အားထုတ်နေသူတွေ၊ ငါတို့အကျိူးအတွက် အသက်ကို ပဓာ နမထားဘဲ ကိုယ်ကျိုးစွန့်ရဲသူတွေ ဟု
စိတ်ထဲတွင် တန်းကနဲ ခံစားရသလား။ ဒါမှ မဟုတ်……။
.
နောင်တစ်ချိန်တွင် `နိုင်ငံရေးသမား` ဆိုသည့် အသုံးအ နှုန်းသည်
ဆရာ ၂ ပါးရေးခဲ့သလို အနက်ချဲ့ထွင်ပြီး၊ ဂယက်အ နက်တွေများ ပြောင်းလဲသွားနိုင်မလား၊ ယင်းသို့စဉ်းစားမိရင်း
တွေးပူမိသည်ဟု ဦးတင်အေးက ဆိုသည်။ ဖြတ်သန်းနေရသည့် ခေတ်ကြီးက ယင်းကဲ့သို့ တွေးပူးစရာများ
ကောင်းနေပြီလား ဟုပင်။
.
လူအများသည် ကိုယ်ကြုံတွေ့ ဖြတ်သန်းရသည့် အခြေအ နေများမှ နိုင်ငံရေးသမား
ဆိုသည်ကို ကြည့်မြင်ခံစားလာမည် ဖြစ်ရာ တရွေ့ရွေ့နှင့် ယခုအတိုင်း ဖြတ်သန်းသွားပြီး
နောင်အ နှစ်(၁၀၀)ခန့်တွင် ထုတ်မည့် မြန်မာစာအဘိဓါန် စာအုပ် တွင်`နိုင်ငံရေးသမားဆိုသည်မှာ
ကိုယ့်ကိုယ်ကို အခွင့်ထူးခံ ထိုက်သည်ဟု သိမြင်ခံစားနေရသူများ`ဟူ၍များ အဓိပ္ပါယ်ဖွင့်
ဆိုမည်လား။
လူအများသည် ကိုယ်ကြုံတွေ့ ဖြတ်သန်းရသည့် အခြေအ နေများမှ နိုင်ငံရေးသမား ဆိုသည်ကို ကြည့်မြင်ခံစားလာမည် ဖြစ်ရာ တရွေ့ရွေ့နှင့် ယခုအတိုင်း ဖြတ်သန်းသွားပြီး နောင်အ နှစ်(၁၀၀)ခန့်တွင် ထုတ်မည့် မြန်မာစာအဘိဓါန် စာအုပ် တွင်`နိုင်ငံရေးသမားဆိုသည်မှာ ကိုယ့်ကိုယ်ကို အခွင့်ထူးခံ ထိုက်သည်ဟု သိမြင်ခံစားနေရသူများ`ဟူ၍များ အဓိပ္ပါယ်ဖွင့် ဆိုမည်လား။
.
`နိုင်ငံရေးသမား ဆိုသည်မှာ အခွင့်အရေး မရခင်က တစ် မျိုးပြောပြီး
အခွင့်အရေး ရလာသည့်အခါ ပြောခဲ့သမျှ ပြောင်း ပြန်လုပ်သူများ`ဟု အဓိပ္ပါယ်ဖွင့်ဆိုမည်လား။
`နိုင်ငံရေးသမား ဆိုသည်မှာ အများအကျိုး အယောင်ဆောင်ပြီး ကိုယ်ကျိုးအ တွက် နိုင်ငံရေးလုပ်ငန်း
တစ်ခုခုတွင် ပါဝင်လုပ်ဆောင်နေသူ များ`ဟု အဓိပ္ပါယ်ဖွင့်ဆိုမည်လား ။ ဤသို့သောဖွင့်ဆိုချက်များ
ဆိုပါက ခက်ရချည်ရဲ့ဟု ဦးတင်အေးက ညည်းတွားသည်။ မ လိုအပ်ဘဲ အပိုပြောခြင်းမဟုတ်၊ လိုအပ်လို့
အပိုပြောခြင်းပါ။`နိုင်ငံရေးသမား`ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ကို ရှင်းလင်း ထားဖို့
လိုအပ်လာပြီဟု ယူဆသည့်အတွက် အမြဲတမ်း မ ပြောင်းမလဲ၊ အကျုံးဝင် မှန်ကန်နေမည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ဟု
မဆိုလိုသော်လည်း ယခုလို စစ်အာဏာရှင် အကုန်အစင် မ ဖျက်သိမ်းရသေးသည့် ဒီမိုကရေစီကာလကို
လွှမ်းခြုံနိုင်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက် တော့ ဖြစ်မည်ဖြစ်သည်။
.
(ယခုကာလသည် စစ်အာဏာရှင်စနစ်လည်း လုံးဝမရှိ တော့ဟု။ ဒီမိုကရေစီ
တိုက်ပွဲကာလလည်း မဟုတ်တော့ဟု ယူ ဆသူများအတွက်တော့ ယခုစာကို ဆက်မဖတ်တာ အန္တရာယ် အကင်းဆုံးဖြစ်လိမ့်မည်
- ဦးတင်အေး)။
.
`နိုင်ငံရေးသမား`သမားဆိုတာ ဘယ်လိုတွေ ဖြစ်နိုင်သလဲ၊ ဘာတွေ ကြုံလာနိုင်သလဲ
ဆန်းစစ်ပါ။
.
နိုင်ငံရေးလုပ်ရင် ကိုပါကြီးလို အသေနှိပ်စက်ခံရပြီး အ လောင်းပါ
ဖျောက်ခံရနိုင်ပါတယ်။ ဦးကိုနီလို လူထူထပ်တဲ့နေ
ရာမှာ နောက်စေ့ကို သေနတ်နဲ့ တေ့ပစ်ခံရပြီး ပွဲချင်းပြီးလည်း ပြီးသွားနိုင်ပါတယ်။
ယခုပူပူနွေးနွေးကာလ သံချပ်အဖွဲ့ ကျောင်းသားကျောင်းသူများလို ထောင်တွေတန်းစီ ကျပြီးရင်း
ကျတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စစ်အာဏာရှင်စနစ်နှင့် ဒီမို ကရေစီအရေး တိုက်ပွဲကာလမှာ
နိုင်ငံရေးလုပ်ရင် ထောင်ကျ၊ သေကြေ၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ပျက်စီးဘဝနလံမထူ အဆိုးတ
ရား အစုံစုံ ဖြစ်နေ၊ ကြုံတွေ့နေရဦးမှာဖြစ်လို့ အပေါ်က ဦးကို နီတို့လို အဖြစ်အပျက်မျိုးတွေ
ကြုံရနိုင်တာဖြစ်လို့ နိုင်ငံရေးသ မားနှင့် နိုင်ငံရေးကိုယ်ကျိုးသမား ဆိုတာများကို
ရောထွေးနား လည်ကုန်ကြမည်ဖြစ်သည်။
.
ဦးတင်အေးကမူ `နိုင်ငံရေးသမား` ဆိုသည်ကို `(ဘဝ၊ ပိုင်ဆိုင်မှု၊
ခန္ဓာကိုယ်၊ အသက် အပါအဝင်) ကိုယ်ကျိုးစွန့်
နိုင် သမျှစွန့်ပြီး အများအကျိုး၊ ပြည်သူ့အကျိုးအတွက် နိုင်ငံရေး လုပ်ငန်းစဉ် တစ်ခုခုတွင်
ပါဝင်ဆောင်ရွက်နေသူ`ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါရစေဟု ဆိုထားကြောင်းပါခင်ဗျား။
.
SNLD မှ ဦးစိုင်းညွန့်လွင်ကမူ သေလွန်သူ နိုင်ငံရေး သ မားများအတွက်
`ကျင်း`ကြီး ၂ ကျင်းရှိကြောင်း ကိုယ်ကျိုး ရှာ သမားများအတွက် တစ်ကျင်းနဲ့ ကိုယ်ကျိုးစွန့်
သမားများ အတွက် တစ်ကျင်းရှိကြောင်း၊ မသေမီ ကိုယ်ကျိုးရှာသမား မှန်း လူသိခံရတဲ့ နိုင်ငံရေးသမားဆိုပါက
အရမ်းကို ရှက်စရာ ကောင်းကြောင်း မှတ်ချက်ပြုထားတာတွေ့ရပါတယ်။
.
ဤသည်ကို မီပြီး ဆိုပါရစေ။ နိုင်ငံရေးလုပ်စားသူနှင့် နိုင် ငံရေးသမား
လုံးဝမတူ ကွဲပြားကြောင်း အထောက်အခံ ပြုပါ သည်။ နိုင်ငံရေးအကြောင်းပြ ကိုယ်ကျိုးရှာ
အချောင်သမား များအနေဖြင့် နိုင်ငံရေးသမားဟု အယောင်ဆောင်တာကိုက ရှက်ဖို့ ကောင်းနေပါပြီ၊
သို့သော်လည်း ဤသူမျိုးသည် ရှက် ကြောပြတ်နေကြသူများ ဖြစ်သဖြင့် ဂုဏ်သိက္ခာနှင့် အရှက်တ
ရား တို့ဆိုသည်မှာ ၎င်းတို့အတွက် လားလားမျှ ဂရုစိုက်စရာ မ ဟုတ်ဟု ယူဆထားသူများ ဖြစ်ကြောင်းပါ။
.
နိုင်ငံရေးသမားများ၏ အထက်ပါ စွန့်လွှတ်အနစ်နာခံမှု အရည်အချင်းများအပြင်
နိုင်ငံရေးနှင့် လူမျိုးများသမိုင်း၊ နိုင် ငံရေးပြုပြင်တည့်မတ်မှု၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု၊
နိုင်ငံရေး ဘောဂဗေဒ၊ နိုင်ငံရေးဒသန၊ နိုင်ငံရေးသိပ္ပံပညာ၊ နိုင်ငံရေး လူမှုဗေဒ၊ နိုင်ငံရေးနှင့်
စိတ်ပညာ၊ အကြောက်တရား လက် ကိုင်ပြုနိုင်ငံရေး စသည့်နိုင်ငံရေးဆိုင်ရာ ပညာရပ်များကို
လည်း အလျဉ်းသင့်သလို လေ့လာထားသင့်ကြောင်း နိုင်ငံ ရေး ကစားသမားများကို အကြံပြုလိုပါသည်။
ဆရာလုပ်ခြင်း မဟုတ်ပါ ဝန်းရံပေးခြင်း ဖြစ်သည်ဟု မြင်စေလို ကြောင်းပါ။
.
၎င်းအပြင် မိမိ ပါဝင်ကစားမည့် ကစားကွင်းများ၏ အ နေအထား၊ အားသာမှုအားနည်းမှု၊
အုပ်စုအမြင်ကိုလည်း ရှု ထောင့်စုံမှ ချဉ်းကပ်တတ်စေလိုပါသည်။ အထူးအကြံပြု လို သည်မှာ
Public Relation ဆိုသည့် လူမှုဆက်ဆံရေးမှ သည် လူထုဆက်ဆံရေး နိုင်ငံရေးယဉ်ကျေးမှုကို
အတတ်နိုင်ဆုံး ချဉ်း ကပ်တတ်စေလိုကြောင်းပါ ခင်ဗျား။
.
သို့အတွက် နိုင်ငံရေးသမား ရှင်းတမ်းဟု ခေါ်ဆိုအပ်သည့် နိုင်ငံရေးကစားပွဲများတွင်
ပါဝင်ကြသည့် ကစားသမားများ၏ အရည်အချင်းကို မဲပေးမည့် လူထုပရိသတ် ဆန်းစစ်ဝေဖန် နိုင်ရန်
အကြံပြုအပ်ကြောင်းပါခင်ဗျား။
.
ဤဆောင်းပါးကို ဆရာကြီး ဒဂုန်တာရာ၏ နိုင်ငံရေး သမား များအပေါ် ခံစားချက်ဖြင့်
အဆုံးသတ်လို၏။ ဆရာကြီးက `ကျွန်တော်သည် နိုင်ငံရေးကို ယုံကြည်၏။ သို့သော် နိုင်ငံရေး
သမားများနှင့် ပတ်သက်၍ ကျွန်တော့်ရင်တွင်း၌ ခံစားနေရ သော သံသယတစ်ခု ရှိနေ၏။ နိုင်ငံရေး
ပန်းတိုင်ကား ကျွန် တော်နှင့် အတူတူပင် ဖြစ်၏။ သို့သော် နိုင်ငံရေး သမားတွေနှင့် ကျွန်တော်မှာ
အကြီးအကျယ်ကွဲတာ တစ်ခုရှိ၏။ သူတို့က ပန်း တိုင်ရောက်အောင် ဘယ်နည်းနဲ့မဆို သွားနိုင်ကြ၏။
ကျွန်တော် က `ဘယ်နည်းနဲ့မဆို`ကို လက်ခံ၍မရ။ ပန်းတိုင်လည်းမှန်ရ မည်။ သွားမည့် နည်းလမ်းလည်း
မှန်ကန်ရမည်။ ဖြောင့်ရမည်ဟု ယုံကြည်မိသည်။ မှန်ကန်ရမည် ဖြောင့်ရမည် ဆိုရာ၌ တရား သော
နည်းလမ်းကို ဆိုလို၏။ နိုင်ငံရေး ပန်းတိုင်ကား `တိုင်း ပြည်ကြီးပွားရေး ဖြစ်သည်` ဟု
ဆိုခဲ့ပါသည်။ နိုင်ငံရေး သမား များ၊ နိုင်ငံရေး သမားဆိုသူများ၊ နိုင်ငံရေးကို စိတ်ပါဝင်စား
လိုက်စားလေ့လာသူများ ချင့်ချိန်နှိုင်းဆ စဉ်းစားဆင်ခြင်နိုင်ကြ ပါစေကုန်။
.
သို့အတွက် နိုင်ငံရေးသမား ရှင်းတမ်းဟု ခေါ်ဆိုအပ်သည့် နိုင်ငံရေး ကစားပွဲများတွင် ပါဝင်ကြသည့် ကစားသမားများ၏
အရည်အချင်းကို မဲပေးမည့် လူထုပရိသတ် ဆန်းစစ်ဝေဖန်နိုင် ရန် အကြံပြုအပ်ကြောင်းပါ ခင်ဗျား။
နိုင်ငံရေးသမား အမည်ခံ လူလည်များ ကျဆုံးကြပါစေ။
No comments:
Post a Comment