မင်းမင်း
.
ပြည်တွင်း အခွန်များ ဦးစီးဌာနမှ မော်တော်ယာဉ် ဝယ်ယူခြင်းအပေါ်
အခွန်ကိစ္စ ပြီးစီးကြောင်း ထုတ်ပေး ထားသည့်ထောက်ခံချက်ပါ အချက် အလက်များ ကွဲလွဲမှု
ရှိပါက သက် ဆိုင်ရာ အခွန် ဦးစီးမှူးရုံးများသို့ အ မြန်ဆုံး ဆက်သွယ် ဆောင်ရွက်ရန် လိုကြောင်း
ပြည်တွင်းအခွန်များ ဦး စီးဌာနက ဇူလိုင်လ ပထမအပတ် အ တွင်း ကြေညာချက် တစ်စောင် ထုတ် ပြန်ကြေညာခဲ့သည်ဟု
သိရသည်။
.
အဆိုပါ ထုတ်ပြန်ချက်အရ မော် တော်ယာဉ် ဝယ်ယူခြင်းအပေါ် ထုတ် ပေးသည့်
အခွန်ကိစ္စ ဆောင်ရွက်ပြီးစီး ကြောင်း ထောက်ခံချက်ပါ
အချက် အလက်များတွင် တစ်စုံတစ်ယောက် ၏ အလွဲသုံးစားမှုကြောင့် အချက်အ လက်ကွဲလွဲမှုများ
ရှိပါက မည်သူမဆို အတည်ဆဲ ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။
.
ထို့အပြင် ယင်းကဲ့သို့ မော်တော် ယာဉ် ဝယ်ယူခြင်း အပေါ် အခွန်ကိစ္စ
ဆောင်ရွက်ပြီးစီးကြောင်း ထုတ်ပေး သည့် ထောက်ခံချက်ပုံစံပေါ်တွင် ကပ် နှိပ်ထားသည့်
QR ကုတ်အားမိုဘိုင်း ဖုန်းများဖြင့် အချက်အလက် မှန်ကန် မှုရှိ/မရှိ စစ်ဆေး ဆောင်ရွက်နိုင်
ကြောင်း ယင်း အသိပေးကြေညာ ချက်တွင် ဖော်ပြထားသည်။
.
.
ယင်း ထောက်ခံချက်ပုံစံပေါ် ပါရှိ သည့် QR Code Stam Label မှတစ်
ဆင့် မော်တော်ယာဉ် ဝယ်ယူသူ၏ သတင်းအချက်အလက်များနှင့် မော် တော်ယာဉ်ဆိုင်ရာ အချက်အလက်
များကိုလည်း စစ်ဆေးနိုင်မည် ဖြစ် ကြောင်း သိရသည်။
.
ထိုသို့ မော်တော်ယာဉ် ဝယ်ယူ ခြင်းများအတွက် အခွန်ကိစ္စ စိစစ် ဆောင်ရွက်ပြီးစီးကြောင်း
ထောက်ခံ ချက်ပုံစံများအား အတုအပ ပြုလုပ် ခြင်းမှ ကာကွယ်တားဆီးနိုင်ရေး၊ နိုင်ငံတော်မှ
ရသင့်ရထိုက်သော အ ခွန်ငွေများ ဆုံးရှုံးမှု မရှိစေရေးနှင့် မော်တော်ယာဉ်ဆိုင်ရာ အခွန်စည်း
ကြပ်မှုများကို စနစ်တကျ မှတ်တမ်း တင် စစ်ဆေးနိုင်ရေးအတွက် အခွန် ဆိုင်ရာ စိစစ်၍ ဆောင်ရွက်
ပြီးစီး ကြောင်း ထောက်ခံချက် ပုံစံ ပေါ် တွင် QR Scanner Application ဖြင့် စစ်ဆေးနိုင်မည့်
လုံခြုံမှု အဆင့်တန်း ပါဝင်သော IRD Documentation Staml Label ကပ်နှိပ် ၍ ထုတ်ပေး ခြင်းအား
ပြီးခဲ့သည့် ဇွန်လ ၁ရက်မှ စတင်ကာ အကောင်ထည် ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။
No comments:
Post a Comment