မယ်စု
.
ရှမ်းပြည်နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကာလအတွင်း
Night Club များ၊ KTV များ၊ Bar များ ဖွင့်လှစ်ခြင်း မပြုရန် ညွှန်ကြားထားပြီး ဖြစ်ရာ
ဖွင့်လှစ်နေ ကြောင်း တိုင်ကြားလာပါက ရှမ်းပြည်
နယ်အစိုးရအဖွဲ့ အစည်းအဝေးဆုံး ဖြတ်ချက်ဖြင့် အရေးယူသွားမည်ဖြစ် သည်ဟု သိရသည်။
.
“အခု ထက်ထိတော့ တိုင်ကြား စာတော့ မလာသေးဘူး။ တိုင်ကြား လာခဲ့ရင်
ဘယ်လိုအရေး ယူသင့်လဲ ဆိုတာ ပြည်နယ် အစိုးရအဖွဲ့အစည်း အဝေးထိုင်မှာ ပေါ့။ ဘယ်လို ဥပဒေနဲ့
ဘယ်လိုအရေး ယူမယ် ဆိုတာတော့ ရှိပြီးသားပဲ။ သီးခြား ညွန်ကြားချက် ထုတ်ထားတာတော့ မရှိဘူး။
ဗဟိုက ထုတ်တဲ့ဟာကို ထပ်ဆင့်ညွန်ကြား ထားတာပဲ ရှိတယ် ”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး
ဦးနေ လင်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးဒေသခံ တစ်ဦးကလည်း “တော်တော်များများတော့
ဖွင့်နေကြ ပြီ။ တချို့ ဆိုင်တွေက အခန်းတွေ စ နစ်တကျ လုပ်ထားတယ်။ လူစု လူဝေး လည်းမဖြစ်ဘူး။
အဆင်ပြေအောင် အကောင်းဆုံး လုပ်ထားတော့ သူတို့ ရဲ့ စီးပွားရေးအရ ဖွင့်တယ်လို့ပြော နေကြတယ်။
အစိုးရဘက်က ကြည့် ရင်လည်း ထုတ်ပြန်ချက်တွေက လို အပ်နေသေးတယ်”ဟု ၎င်း၏ အမြင် ကို ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ်တွင် KTV ဆိုင် များ ဖွင့်လှစ်ထားကြောင်း တိုင်ကြားမှု ရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊
ရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ အ ထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စစ်ဆေးသွားမည် ဖြစ် ကြောင်း ရှမ်းပြည်နယ် မြန်မာ့ရုပ်ရှင်
မြှင့်တင်ရေး ဦးစီးဌာနမှလည်း ပြော ဆိုထားသည်။
.
ရှမ်းပြည်နယ် အတွင်းရှိ KTV များ၊ Night Club များ၊
Bar များကို COVID -19 ကူးစက်ရောဂါ ကာကွယ်ထိန်း ချုပ် နိုင်ရေးအတွက် မတ်လ ၂၄ မှ စ တင်၍
ယာယီပိတ်ထားရန် ညွန်ကြား ထားခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment