ဆိုးရွားစွာ ပျက်စီးနေသည့် ဘုရားဖြူရပ်ကွက်၊ ရေထွက်ဦးလမ်းအား လာမည့် ဘဏ္ဍာနှစ်မှသာ ပြင်ဆင်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 14, 2020

ဆိုးရွားစွာ ပျက်စီးနေသည့် ဘုရားဖြူရပ်ကွက်၊ ရေထွက်ဦးလမ်းအား လာမည့် ဘဏ္ဍာနှစ်မှသာ ပြင်ဆင်သွားမည်


မယ်စု
.
ရှမ်းပြည်နယ်မြို့တော် ‌‌တောင် ကြီးမြို့ရှိ ဆိုးရွားစွာ ပျက်စီးနေသော လမ်းများအနက် ချိုင့်ခွက်ထူထပ်များ ပြားသည့် ဘုရားဖြူရပ်ကွက်၊ နယ် မြေ (၇)၊ ခမရ (၅၁၀) တပ်အနီးရှိ ရေ ထွက်ဦးလမ်းအား လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်မှ ပြင်ဆင် ဆောင်ရွက်ပေးသွားမည် ဖြစ်သည် ဟု သိရသည်။
.
“အဲဒီလမ်းက ဒီနှစ်ဘတ်ဂျက် မှာတော့ မပါဘူး။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မှာပေါ့။ လောလော ဆယ် ရေစီးရေလာ ‌ကောင်းသွား အောင် စက်နဲ့ တူးပေးထားပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာ ယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.


.
“ရေထွက်ဦးလမ်းက မိုးတွင်းဆို ရင် သွားရတာ အဆင်မပြေဘူး။ ချိုင့်ခွက်တွေက ရေတောင် ချိုးလို့ရ တယ်။ ကားရှောင်လို့လည်း အဆင်မ ပြေဘူး။ တအားဆိုးပါတယ်” ဟု ဘု ရားဖြူ ရပ်ကွက်၊ နယ်မြေ (၇) နေ ဒေ သခံ တစ်ဦးက ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့တွင် နှစ်စဉ် လူဦး ရေ ထူထပ်များပြားလာမှု၊ မြို့ပြ ဧရိယာ တိုးချဲ့လာမှုများနှင့်အတူ ဘုရားဖြူရပ် ကွက်တွင် ယာဉ်အသွား အလာ များပြားလာပြီး ယင်းရေထွက် ဦးလမ်းကိုသာ အဓိကထား သွားလာ နေရသည့်အတွက် လမ်းပျက်စီးမှု များ ရှိနေခြင်းဖြစ်ပြီး အမြန်ဆုံး ပြု ပြင်ပေးရန် ဒေသခံများက လိုလား လျက်ရှိကြောင်း သိရသည်။
.
ဘုရားဖြူရပ်ကွက်တွင် အိမ်ခြေ ၂၆၉၀ စု၊ အိမ်ထောင်စု ၂၇၅၀ စု ရှိပြီး ရပ်ကွက်လူဦးရေ စုစုပေါင်း ၁၃၇၄၇ ဦး ရှိကြောင်း တောင်ကြီးမြို့နယ် အ ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေ သဆိုင်ရာ အချက်အလက်များအရ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About