ထမံသီ
.
ရှမ်းပြည်နယ်အတွင်း၌ ပြည်တွင်း ဈေးကွက် ဝယ်လိုအား အပေါ်
ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည့် ပတ္တမြား ငမောက် သရက် မျိုးများကို ပိုမို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း
ရှမ်းပြည်နယ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများအသင်း
တာဝန်ရှိသူက အကြံပြု ပြောဆိုခဲ့သည်။
.
“ပြည်ပ ဈေးကွက်အထိ တင်ဖို့ စဉ်းစားစရာ မလိုဘူး။ ပြည်တွင်း ဈေးကွက်မှာတင်
ရောင်းမလောက် ဖြစ်နေတာ။ ဝယ်လိုအားအရ ကျွန် တော်တို့ ရှမ်းပြည်နယ်မှာ သရက် စိုက်ဧက စုစုပေါင်း
၂၀၀၀၀ လောက် မှာ ပတ္တမြားငမောက် စိုက်ဧကက ၀ ဒသမ ၁ ရာခိုင်နှုန်းတောင် မရှိသေး ဘူး။
ဒါကြောင့် ပိုမို တိုးချဲ့စိုက်ပျိုးသင့် တယ်”ဟု ရှမ်းပြည်နယ် ဟင်းသီး ဟင်းရွက်နှင့်
သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း တာဝန်ရှိသူ၊ ရပ်စောက်မြို့နယ်မှ
သရက်စိုက် တောင်သူ ဦးဝင်းနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စံချိန်မီ စိန်တစ်လုံး သရက်သီး တစ်လုံးလျှင် အများဆုံး
အလေးချိန် ၃၀ ကျပ်သား (၅၀၀ ဂရမ်) ခန့်သာ ရှိပြီး စံချိန်မီ
ပတ္တမြားငမောက် သရက်သီး တစ်လုံးလျှင် အလေးချိန် ၇၅ ကျပ်သား (၁၂၅၀ ဂရမ်)ခန့် ရှိကာ ဒေသတွင်း၌ ပတ္တမြားငမောက်
သရက်သီး တစ်လုံးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်များတွင်
၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ခန့်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
.
“အဓိက ကတော့ အချိုဓါတ် ပါဝင်နှုန်း နည်းလို့
ဆီးချို၊ သွေးတိုးရောဂါသည်တွေအတွက် အထူး သင့်လျော်တယ်။ ဥပမာ စိန်တစ်လုံး သရက်မှာ သကြား(အချိုဓါတ်) ပါဝင်မှုက ၁၄ ရာခိုင်နှုန်း
အထက်ဆိုရင် ပတ္တမြားငမောက် သရက်မှာ ၈ ကနေ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပါတယ်လို့ ကျန်းမာရေးဆိုင်ရာ
သုတေသန စာတမ်း အချို့မှာ ဖော်ပြထားတာ ရှိပါတယ်” ဟု ဦးဝင်းနိုင်က ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်ပြည်နယ်အတွင်း သရက် ပန်းပွင့်ချိန်ဖြစ်သည့် ဒီဇင်ဘာနောက်ဆုံးအပတ်မှ
မတ်လ ပထမအပတ် အတွင်း စိန်တစ်လုံး၊ ရင်ကွဲ၊ မချစ်စု၊ ရွှေဟင်္သာနှင့် အခြားသရက်မျိုးများ
အပါအ၀င် ပတ္တမြားငမောက်တို့ အချိန်အားဖြင့် ကွဲပြားခြားနားခြင်း မရှိသော်လည်း သရက်မျိုး၏
ဇီဝကမ္မပေါ် မူတည်၍ ဆွတ်ခူးချိန် စောခြင်း၊ နောက်ကျခြင်းတို့ ဖြစ်လေ့ရှိရာ ပတ္တမြားငမောက်သရက်မှာ
စိန်တစ်လုံး သီး အကုန် ရင်ကွဲသီး မခူးမီ ကြားကာလ ဖြစ်သည့် ဇူလိုင်လအတွင်း
ထွက်ရှိခြင်းသည်လည်း ဈေးကောင်း ရခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment