တောင်ကြီးမြို့၊ မြို့မဈေး၊ နာရီစင်အနီးရှိ ညဈေးအား ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ တစ်ဆိုင်ခြား စနစ်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့် ပြုသွားမည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေး (ကက်ဘိနက်)က ယနေ့ (ဇူလိုင်လ ၂ ရက်)တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
.
“ နာရီစင်
ညဈေးကို စားဝတ်နေရေး ခက်ခဲလာတာ၊ လူမှုရေးအရ ခက်ခဲလာတယ် ဆိုတာကို ကက်ဘိနက်ကို တင်ပြတော့
တစ်ဆိုင်ခြား ဖွင့်လှစ်တဲ့ စနစ်နဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းတွေနဲ့
အညီ ဆောင်ရွက်နိုင်တဲ့ ဈေးဆိုင်တွေကို ဖွင့်ခွင့်ပေးမှာပေါ့။ နာရီစင် ညဈေး တစ်ခုပဲ
ဖွင့်ခွင့် ပေးမှာပါ။” ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ
မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ
နာရီစင်ညဈေး ဖွင့်လှစ်မည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးဘဲ သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနနှင့်
ကျန်းမာရေးဌာနတို့မှ ဈေး ကော်မတီဖြင့် ညှိနှိုင်း၍ ရှမ်းပြည်နယ်အစိုးရသို့ ပြန်လည်
တင်ပြပြီးမှသာ သတ်မှတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
.
အခြားသော
ရှမ်းပြည်နယ်အတွင်းရှိ ဘုရား/စေတီများ၊ ငါးရက်တစ်ဈေးများ၊ ညဈေးများ၊ ကေတီဗွီ၊ ဘား၊
ကလပ်များကိုမူ ဖွင့်လှစ်ခွင့် ပြုမည် မဟုတ်ဘဲ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး
အမျိုးသားအဆင့် ဗဟိုကော်မတီမှ ခွင့်ပြုမှသာ ပြန်လည် ဖွင့်လှစ်ခွင့် ပြုမည် ဖြစ်ကြောင်း
သိရသည်။
.
တောင်ကြီးမြို့ရှိ
မြို့မဈေးရှိ နာရီစင် ညဈေး၊ Night 38 ညဈေးနှင့် ငါးရက်တစ်ဈေး ရောင်းချမှုတို့ကို မတ်လ
၂၉ ရက်မှ စတင်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီက COVID-19 ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက်
ပိတ်သိမ်းထားခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment