ကြည်ဖြူသန့်စင်အောင်
.
ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ၂၀၁၉ ခုနှစ်မှာ
စတွေ့တဲ့ရောဂါ၊ တစ်ကမ္ဘာလုံးကို ကူးတာကတော့ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ သိသာထင်ရှားလာပြီး
၂၀၂၀ မတ်လ ၁၁ ရက်မှာ ဒီရောဂါကို ကပ်ရောဂါအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ် ပြန်ခဲ့တာ
ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပြည်သူ ပြည်သား၊ နိုင်ငံသူ နိုင်ငံသားတွေ နားစွင့်နေကြတယ်။
ခြိမ်းခြောက်လာတဲ့ ကမ္ဘာ့ ကပ်ရောဂါဆိုးကြီးကြောင့် လူတွေ ကြောက်စိတ်တွေ ပိုလာတယ်။
.
တစ်ကမ္ဘာလုံး ကူးစက်ပြန့်နှံ့တဲ့ ရောဂါဆိုတော့ လူအားလုံး သေကြေ
ပျက်စီးနိုင်တဲ့ ရောဂါ ကပ်ဆိုးဖြစ်တော့ ပို၍ ကြောက်ဖို့ ကောင်းတယ်။ ယခုဖြစ်ပေါ်နေတဲ့
ရောဂါအစ တရုတ်နိုင်ငံ ဝူဟန် မြို့ကြီးက စခဲ့တာဆိုတော့ အင်တာနက် လိုင်းတွေပေါ် ဝူဟန်မြို့
ကြီးကို ကြည့်လိုက်သောအခါ မြင်ရသော မြင်ကွင်းသည် ရုပ်ရှင် ဇာတ်ကားထဲကလို ဇွန်ဘီမြို့ကြီးလို
တိတ်ဆိတ် ခြောက်ကပ်နေ ပါသည်။ လူဦးရေ ၁၁ သန်းနှင့် စည်ကားတဲ့ မြို့ကြီးကို ကိုရိုနာ
ဗိုင်းရပ်စ်ပိုး တစ်ခုနှင့် ဝူဟန်မြို့သူမြို့သားတွေ ခံစားနေရသည်။
.
၇ လတာ အတွင်း ကူးစက်ခံရသူဟာ ကမ္ဘာ့နိုင်ငံ အနှံ့ကို ကူး စက်သွားပါပြီ။
အရင်က ဆင်တုပ်ကွေးလို၊ ဆားမားကူးစက်ပုံ ကွာ ခြားတယ်။ အဲဒီတုန်းက ဒီလူဦးရေ သန်း ၅၀ နှင့်
၁၀၀ ကြား၊ ပ ထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ကြား သေဆုံးခဲ့တဲ့ လူဦးရေနှင့် ကွာခြားပါတယ်။
အဲဒီနောက် ငှက်တုပ်ကွေး၊ ဆင်တုပ်ကွေး၊ အီ ဗိုလာ၊ ဆားမား အတော်လေးကို ကမ္ဘာလူသားတွေ
ကပ်ရောဂါ ဘေးဆိုးကာလ ရုန်းကန်ခဲ့ရတယ်။
.
ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကာလ စား ဝတ်နေရေး၊
ကျန်းမာရေးအတွက် ဘဝအခြေခံ လူတန်းစားအား လုံး ရုန်းကန်နေရတဲ့ ကာလဖြစ်တယ်။ ကျွန်တော်တို့
မြန်မာပြည် ကိုရိုနာဗိုင်းရပ်စ်ပိုး နောက်ထပ် ဒုတိယလှိုင်း မဖြစ်အောင် ကြို တင်ကာကွယ်
စောင့်ရှောက်ဖို့ လိုလာပြီး ယခု လက်ရှိ မြန်မာနိုင် ငံတွင် ကိုဗစ်ရောဂါ ပြည်တွင်း ကူးစက်မှု
မရှိသည်မှာ တစ်လခွဲ ခန့် ရှိပြီး သေဆုံးလူနာ ၆ ဦးသာ ရှိ၍ နောက်ဆုံး သေဆုံးလူနာ ရပ်တန့်သွားသည်မှာ
၂ လကျော် ကြာပြီ။ ကိုဗစ်ရောဂါပိုးတွေ့လူ နာကို မတ် ၂၃ ရက်တွင် ၎င်းရောဂါကြောင့် သေဆုံးလူနာ
ရပ် သွားခဲ့သည်မှာ ၂ လကျော် ကြာပြီဖြစ်သောကြောင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ
ပြောကြားသည်မှာ စာစောင်၊ ဂျာ နယ်၊ ရုပ်သံလိုင်း စသည် ဖတ်ရှု ခံစားကြည့်မြင် သိရသည်။
.
.
ကိုဗစ်ကာလမှာ သာသနာ့ဝန်ထမ်း ရှင်ရဟန်းနှင့် သက်ကြီး ရွယ်အို အဖိုးအဖွား
အမိအဖများ ဘဝအခြေခံ လူတန်းစားအား လုံးကို ပြည်သူအစိုးရ၊ တပ်မတော်သား၊ ပရဟိတ အဖွဲ့အစည်း၊
ကျန်းမာရေး ဝန်ထမ်းတွေ၊ ဆရာဝန်ကြီးတွေ လှူနိုင်တန်းနိုင်တဲ့ သူဌေးတွေ တကယ်ကို စေတနာရော
ဝါသနာရော အနစ်နာရော ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပေးတယ်။ ကူညီဝိုင်း ဝန်း လှူဒါန်းပေးကြတယ်။
ယခုလို ကူညီဝိုင်းဝန်း လှူဒါန်းပေးတဲ့ ပုံရိပ်တွေကို စာစောင်၊ ဂျာနယ် စာမျက်နှာ ရုပ်သံလိုင်း
အသီးသီး မှာ ဖတ်ရှုခံစား သိမြင်အသံကြားတော့ ကမ္ဘာ့နိုင်ငံ အသီးသီး ခေါင်းဆောင်ကြီးများက
မြန်မာကို ချီးကျူးကြတယ်။ "ကြည့်ပါ ဦး မြန်မာပြည်သူတွေ အသေအပျောက် နည်းတယ်။ ရောက်လာ
တဲ့ ကပ်ရောဂါဆိုးကို အမြန် ထိန်းချုပ်နိုင်တဲ့ သတိကို အံ့ဩမိ တယ်" အခြားတိုင်းတစ်ပါးမှာတော့
ကပ်ရောဂါကြောင့် သိန်း သောင်းထောင်ချီ သေနေကြတယ်။
.
ကျွန်တော်တို့ မြန်မာနိုင်ငံခေါင်းဆောင်နှင့်
ပြည်သူပြည်သား တွေ ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်ကြီးများ ချီးကျူးတာ ကို ကျေနပ်နှစ်သိမ့်
မနေဘဲ ကြို၍ မမြင်နိုင်၊ မသိနိုင်တဲ့အကြောင်း တရားတွေက ဘာတွေ ဘယ်လိုဖြစ်လာဦးမယ် ဘယ်သူမှ
တပ် အပ် မသိကြဘူး။ အိမ်နီးချင်း နိုင်ငံများနှင့် အနောက်နိုင်ငံများ တွင် ဖြစ်ပွားမှု
မြင့်တက်နေသည့်အတွက် ပြည်သူများ အနေဖြင့် မိမိတို့နိုင်ငံကို ကိုဗစ်ရောဂါပိုး ကာကွယ်ဆေး
ရောက်ရှိပြီး လူ တိုင်းလူတိုင်း ထိုးနိုင်သည့် အချိန်ကာလအထိ မရောက်မချင်း ကိုရိုနာဗိုင်းရပ်စ်ပိုး
ဆိုးကျိုးကိုသိ၊ ပြည်သူပြည်သားတွေ အားလုံး သတိပေးစကား ပြောချင်တယ်။ သတိဝီရိယပေါ့ဆ၍
မနေသင့်ပါ ကြောင်း တိုက်တွန်း နိုးဆော်ရေးသားလိုက်ရပါသည်။
No comments:
Post a Comment