ကျော်လင်းထွန်း (ချောင်းဦး)
.
စဉ်းစားမိတာလေး
အချို့ကို ပြောပါရစေ။ တင်ပြပါရစေ။ COVID-19 ကာလအတွင်းက ကျေးလက်တောရွာများတွင် ရွာ အဝင်
ဝါးတားဂိတ်များတွင် လက်ဆေးခြင်း၊ အပူတိုင်းခြင်း စ သောကိစ္စများ(ရောဂါကာကွယ်ရေးနှင့်
ထိန်းချုပ်ရေး ကိစ္စများ) နှင့် ပတ်သက်၍ အတိုက်အခံ ဖြစ်ကြကြောင်း၊ တစ်ရွာတည်း သား အချင်းချင်း
အငြင်းပွားကြကြောင်း၊ မင်းမသိ ငါတတ်နှင့် မင်းမသိ ငါတတ်များသာ များလာရာကတစ်ဆင့် ငါစွဲအတ္တများ
ရှေ့တန်းတင်လာကြကြောင်း ဆိုသည်မှာ ရပ်ရေး ရွာရေး ရှေ့ရေး အယောင်ပြ၊ ငါ့အတ္တရှေ့တန်းတင်
ငါ့ပါဝါ ငါပြ၊ ငါသာအဓိက ဆို ခဲ့လျှင်ဖြင့် မိမိကိုယ်မိမိ ဖြစ်နေမိကြသူတို့မှာ မိမိသည်
ပရဟိတ သမား စစ်စစ်လား၊ ပရဟိတ အယောင်ဆောင်လား ဘာမှမသိ ဝေလေလေ ပရဟိတသမားလား ဆိုသည်ကို
သေချာစွာ စဉ်းစား သင့်လှသည်။
.
ရှိကြပါသေးသည်
ငါ့အသင်းကမှ တကယ့်ပရဟိတ၊ ငါတို့ ဘုန်းကြီးက ပရဟိတစစ်စစ်။ သူစွဲ၊ ငါစွဲ၊ အတ္တစွဲဆိုတာ
ဝေလာ ဝေး။ ငါတို့ရွာထိလျှင် ငါတို့ဘုန်းကြီးက လက်မခံပါ။ ငါတို့ဘုန်း ကြီးက ငါတို့ရွာအတွက်
တကယ်အလုပ်လုပ်သော ပရဟိတ သမားစစ်စစ်။ ငါတို့ရွာက ဟိုဘုန်းကြီး ကားမောင်းတဲ့ ဟိုအစ် ကိုကြီးက
ပြောဖူးတယ်။ သူ့ကားက ဟိုဘက်ကျောင်းက ဘုန်း ကြီးကားထက် သာတယ်။ သြော် ပရဟိတ အကျိုးကျေးဇူး။
စပြီး ပြောဆိုနေကြ၊ တွေးမြင်နေကြသော ပရဟိတ အပေါ်လွဲမှားစွာ မြင်ကြ၊ တွေးကြသူများကို
ယနေ့ခေတ်တွင် ဝမ်းနည်းဖွယ် တွေ့ နေရသည်။
.
COVID-19 ကာလတွင်
ဘုန်းကြီးများ၊ ကိုရင်များ ဆွမ်းခံ မထွက်ရ။ သီလရှင် ဆရာလေးများကလည်း ဆွမ်းဆန်အလှူခံ
မထွက်ရ။ လူစုလူဝေး မလုပ်ရသော ကာလဖြစ်၍ အာရုံဆွမ်း၊ နေ့ဆွမ်းကို မိတ်ဆွေသူငယ်ချင်း ဆွေမျိုးများ
စုဆုံ၍ လှူဒါန်း ခြင်း မရှိကြ။ ထိုအခါ ဘုန်းတော်ကြီးကျောင်းများမှာ နေ့ဆွမ်းအ တွက်
ပို့ဆွမ်း၊ ချိုင့်ဆွမ်းကိုသာ အားကိုးရသည်။ ဤတွင် မြင်တွေ့ ရသည့် အဖြစ်တစ်ခုရှိသည်။
အိမ်အလုပ်ကိုဖြင့် ကောင်းကောင်း မွန်မွန် မလုပ်ဘဲ သားသမီးကို ကောင်းစွာ ပြုစုပျိုးထောင်ခြင်း
မ ရှိသော မိမိကိုယ်ကို ပရဟိတသမားဟု သတ်မှတ်ထားသူများ များစွာ တွေ့ရသည်။ ထိုကဲ့သို့သောသူများထဲမှ
အရက်သမား တစ်ဦးသည် (ပြောရလျှင် မနက် မိုးလင်းသည်နှင့် အရက်သောက် တတ်သူသည်) နံနက် ၉
နာရီ ၁၀ နာရီ ဝန်းကျင်တွင် ရီဝေဝေ မျက်လုံးနှင့် ဆွမ်းချိုင့် အလှူရှင်အိမ် သွား၍ ဆွမ်းချိုင့်ယူ
(ကုသိုလ်ယူသည်ဟု ဆိုကြ၊ ထင်ကြ)သည်။ ပြီးနောက် ဘုန်း ကြီးကျောင်း ပို့ပေးသည်။ အမှန်မှာ
သူကလည်း ဘုန်းကြီးတွေအ တွက် ကုသိုလ်ယူသည်ထက် အိမ်အပြင် ထွက်ရန် ရမယ်ရှာခြင်း က ပိုပါလိမ့်မည်။
.
ဤသို့သော သူသည်
မိမိ မိသားစုကို အရေးမထားသော (အတ္တသမား မဟုတ်သော) ဘုန်းကြီးကျောင်းအလုပ်များ၊ ဘာ သာရေး
အလုပ်များအတွက် အလုပ်လုပ်သော ပရဟိတသမားဟု ဆိုလျှင် အဓိပ္ပါယ် ရှိပါမည်လား စဉ်းစားရမည်။
အဆိုပါ လူကဲ့သို့ သော မိမိစိတ် ပျော်ရွှင်မှု၊ မိမိကို သူများက ပရဟိတသမားဟု ထင်ရလျှင်
မိမိ ဝမ်းသာကြည်နူးမှု အတွက် မိမိအိမ်မှ သားသ မီးများ မိသားစုဝင်များကို ပစ်ထားသူ ပရဟိတသမား
ယောင် ယောင်များကို တွေ့နေ မြင်နေရသည်။
.
.
လမ်းပေါ်တွင်
ပရဟိတ အင်္ကျီနှင့် ပတ်ဝန်းကျင်ကို မထီမဲ့ မြင် လုပ်နေတတ်သော သူများလည်း ရှိသည်။ ပရဟိတ
အင်္ကျီ ဆင်တူ ဝတ်ပြီး သွားလာနေရတိုင်း မိမိကိုယ်မိမိ ပရဟိတသမား ဟု ထင်နေကြသူကလည်း
များမှများသည်။ အစည်းအဝေးတွေ တက်၊ ပရဟိတ တူညီဝတ်စုံများနှင့် ဆိုင်မှာ၊ လူကြားမှာ ဝိုင်းဖွဲ့
စားသောက်ရင်း မိမိကိုယ်ကို ပရဟိတသမားဟု ဆိုကာ သာယာ နေသူများကို တွေ့နေရသည်။ မိမိအိမ်က
သားသမီးကို ပစ်ကာ၊ နေချင်သလိုနေ ဆိုပြီး ဦးနှောက်ထဲ မထည့်ကြဘဲ ကိုယ့်စိတ်ချမ်း သာမှုအတွက်
သူများအမြင် အထင်ကြီးချင်မှုအတွက် အလုပ် လုပ်နေသူများကို ပရဟိတသမားဟု သတ်မှတ်ရမည်လား။
တ ကယ်တော့ ပရဟိတ အယောင်ဆောင်နေသော အတ္တဟိတ သ မားများလည်း ရှိနေသေးသည်။
.
အခြား ပရဟိတသမားနှင့်
အခြား ပရဟိတ အဖွဲ့ကို ဝေဖန် နေကြသူများလည်း ရှိသည်။
.
တကယ် ပရဟိတသမား
မှန်လျှင် သူများကို ဝေဖန်၊ ပုတ် ခတ်၊ အပုပ် မချသင့်ပေ။ တစ်ပါးသူနှင့် တစ်ပါးသော အဖွဲ့ကို
ဖေး မကူညီ ပေးရမည်။ အကြံပြု၍ လက်တွဲ အတူ လျှောက်နိုင် အောင် ကြိုးစားရမည်။
.
စင်ပြိုင်
ပရဟိတဖွဲ့ချင်သူများနှင့် စင်ပြိုင်ကို ပုတ်ချ၊ ဖြုတ် ချချင်သော ပရဟိတ အယောင်ဆောင်များလည်း
ရှိသည်။ အမှန် ဆိုလျှင် "ပရဟိတ ဆိုသည်မှာ စင်ပြိုင်လည်း မဖြစ်သင့်။ အခြား အဖွဲ့ကိုလည်း
စင်ပြိုင်ဟု မသတ်မှတ် သင့်ပါ။ အများအကျိုးကို တကယ် ဆောင်ရွက်နေသည် မှန်လျှင် ဖေးထူကူမ၊
အေးအတူ ပူအမျှနှင့် သွေးတူကြလျှင် စိတ်ချမ်းမြေ့ ဝမ်းသာကြည်နူးရပေ မည်။
.
အချို့ရှိသေးသည်။
ပရဟိတ လုပ်ရင် လူသိများလာ၊ လူရာ ဝင်ရာမှ တစ်ဆင့် စိတ်ကြီး ဝင်လာပြီး နိုင်ငံရေးသမားလိုလိုနှင့်
လွှတ်တော်အမတ်ကို ကန့်လန့်တိုက်၊ မြို့မိမြို့ဖကို ပမာမခန့် ဆက်ဆံတတ်လာသည်။ မူလအစ ပထမတော့
လုံးဝ ပရဟိတ သမားစစ်စစ်ပင် ဖြစ်သည်။ ပတ်ဝန်းကျင် ပြည်သူများ၊ မိတ်ဆွေ များကလည်း လေးလေးစားပင်
ပရဟိတ သမားဟု လက်ခံဆက် ဆံကြသည်။ ထို့နောက် လူသိများလာ၊ အချိတ်ဆက် မိလာရာမှ နာမည်ရလာသည်။
တဖြည်းဖြည်းနှင့် နာမည်ကြီးလာသည်။ ဤ တွင် လမ်းလွဲခြင်း စတင်သည်။ အမှန်တကယ်သာ ပရဟိတ
သီး သန့်နှင့် ပရဟိတကိုသာ လုပ်နေလျှင် တန်ဖိုးရှိလိုက်မည့်ဖြစ် ခြင်း။
.
ပရဟိတမှ နိုင်ငံရေးလောကထဲ
ဝင်ချင်တာလိုလို၊ မြို့မိမြို့ဖ လုပ်ချင်တာလိုလို ဆိုလျှင် မိမိ၏ ပရဟိတလုပ်ငန်း၊ ပရဟိတ
စိတ်ဓာတ် လမ်းလွဲနေသည်ကို သတိပြုသင့်သည်။
.
ပရဟိတ လုပ်ရင်း
အချိတ်အဆက်များလာ၊ လူကြီးများနှင့် သိကျွမ်းဝင် ဆံ့လာရာမှ စီးပွားရေးသမား၊ လောဘသမား၊
အခွင့် အရေးသမားများလည်း ဖြစ်လာတတ်သည်။ အများသူငါ လမ်း ကို ချဲ့ထွင်ပေးခြင်း၊ လျှပ်စစ်မီး
ရရှိရေး ဆောင်ရွက်ရင်း ငွေရေး ကြေးရေး အမြတ် ယူတတ်လာသည်။ ထို့အတူ မိမိ မိသားစုအ တွက်
ငါ့သား ငါ့သမီးအတွက် ဆိုသော အတွေး ဝင်လာရာမှ ပ ရဟိတကတစ်ဆင့် အတ္တဟိတဘက် ပြောင်းလာသည်။
မိမိအိမ် ဝင်းမြေကို ကျူးကျော် ချဲ့ထွင်လာတတ်သည်။ အများပိုင် မြေ ကွက်ငယ်ကို အုပ်ချုပ်ရေးမှူးနှင့်
ပူးပေါင်းပြီး လူမှုကူညီရေးရုံး ဆောက်မှာလိုလို၊ ဟိုလိုလို ဒီလိုလိုနှင့် ကိုယ်ပိုင်သိမ်းသော
ပရ ဟိတ အယောင်ဆောင်များကိုလည်း ကြုံတွေ့ဖူးပါသည်။
.
ပရဟိတသမားကို
ဝေဖန် ပုတ်ခတ်နေသည် မဟုတ်ပါ။
.
ပရဟိတသမား
မဟုတ်သော အယောင်ဆောင် ပရဟိတ (ကြောက်စရာ အတ္တဟိတ)သမားများကို လူမှုဝန်းကျင်မှ ကွယ် ပျောက်စေလိုသော
စိတ်စေတနာနှင့် ရေးသားရခြင်း ဖြစ်ပါသည်။ စာရေးသူကိုယ်တိုင်လည်း ပရဟိတနယ်ပယ်တွင်ကျင်လည်ဖူးခဲ့၊
ယခုလည်း တတ်နိုင်သည့်ဘက်မှ ကူညီပေးနေဆဲ ဖြစ်သည်။ စာ ပေဟောပြောပွဲများ ကျင်းပခြင်း၊
သဘာဝ ပတ်ဝန်းကျင် စိမ်း လန်းစိုပြည်ရေး သစ်ပင် စုပေါင်း စိုက်ပျိုးခြင်း၊ သွေးလှူရှင်အ
သင်းနှင့် ဆွမ်းလောင်း အသင်း စသည်များကို ဆောင်ရွက်ခဲ့၊ လှုပ်ရှားခဲ့သည်။ ပညာဒါန သင်ကြားခြင်း၊
လစဉ် အလှူငွေများ ထည့်ဝင်ခြင်း၊ လူငယ်ကွန်ရက်တွင် ဦးဆောင်ခြင်း၊ ယဉ်ကျေးမှု အနုပညာ
ဖော်ထုတ်ပွဲများ ကျင်းပခဲ့ဖူးပါသည်။ ယခုလည်း ဆင်း ရဲမွဲတေမှု ကျဆင်းရေး၊ သွေးလှူဒါန်းခြင်း၊
ပညာဒါန၊ စရိတ်မျှ ပေး ပညာရေးကို ဆောင်ရွက်ရင်း စတုတ္ထမဏ္ဍိုင် လုပ်လျက် စာ သင်ကြားရေး
လုပ်နေပါသည်။ ဆိုလိုသည်မှာ ပရဟိတ ဆိုသည် ကို ပရဟိတစစ်စေချင်၍ မိမိ ကြုံဖူးသည်နှင့်
ထောက်ပြရေးသား ရခြင်း ဖြစ်သည်။
.
ပရဟိတ မစစ်လျှင်
ရေရှည် မခံပါ။ ပရဟိတ လှုပ်ရှားကြရင်း သွေးနဲ့ကိုယ်၊ သားနဲ့ ကိုယ် အပေါ်ယံ ဆင်ခြေပေးပြီး၊
မိမိသား သမီး မျက်နှာမထောက် အိမ်ထောင် ဖောက်ပြားနေကြသူများက လည်း ဒုနဲ့ဒေး။ အတ္တဟိတ
ရှေ့တန်းတင်နေကြသော "ဂဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ"
ပရဟိတသမားက လည်း များမှများ။ ပရဟိတကို ခုတုံးလုပ် အမြတ်ထုတ်ကြသည်။
.
"ကိုယ့်ကိုယ်ကို
ပရဟိတအတွက် အသုံးမချ။ ပရဟိတကို ကိုယ့်အတွက် အသုံးချ"နေသူများ အနေဖြင့် မိမိအမှားကို
ဆင်ခြင်သုံးသပ်၍ ပြင်ဆင် လျှောက်လှမ်းသင့်သည်။ သို့မဟုတ်ပါက ပရဟိတ အယောင်မဆောင် ကြတော့ဘဲ
တ ကယ် ပရဟိတ စစ်စစ်ဖြစ်အောင် ကြိုးစားကြပါစို့ဟု အကြုံပြု တိုက်တွန်း ရေးသားလိုက်ရပါသည်။
No comments:
Post a Comment