ကျော်လင်းထွန်း (ချောင်းဦး)
.
ဆောင်းပါး ခေါင်းစီး နာမည်ပေးတော့ အစ ပထမတော့
ပျက်စီးနေသော `ခေတ်`လို့ ရေးလိုက်မယ်လို့ တွေးမိလိုက်ပါ တယ်။ စာဖတ်အားနည်းတာ၊ မူးယစ်ဆေးဝါးတွေ
(ဘိန်းဖြူသာ မဟုတ်၊ အရက်၊ ဘီယာ၊ ဝိုင် စတာတွေ) ဟာ ဝယ်ရလွယ်နေတဲ့ အပြင်၊ သောက်သုံးခြင်းဆိုတာ
ရှက်စရာမဟုတ်ဘူးလို့ ထင်နေ ကြတာတွေကို တွေ့နေရတော့ ခေတ်ဆိုရင် ကမ္ဘာတစ်ခုလုံး ဆိုရင်
`ခေတ်`ဆိုတဲ့ စကားလုံးသုံးတာ မှန်ပါတယ်။ ဒါပေမဲ့ စာမဖတ်ကြတာ၊ စာဖတ်နည်းကြတာ၊ မူးယစ်ထုံထိုင်းစေတဲ့
အ ရာတွေ သုံးနေကြတာက ကမ္ဘာကြီး တစ်ခုလုံးမှ မဟုတ်ဘဲ။ ကိုယ်တွေနိုင်ငံလို၊ ပြောရမယ်ဆိုရင်
စမ်းသပ်ခံ ပညာရေး၊ အ သုံးချခံ နိုင်ငံ၊ လူတစ်စုစာ စိတ်လက် ပျော်ရွှင်ရေးအတွက် ထင် ရာစိုင်း
အုပ်ချုပ်ခြင်း ခံရတဲ့ နိုင်ငံ။ ဒီလိုနိုင်ငံမှာ ဆယ်စုနှစ် ၂ ခု၊ ၃ ခုကြာ ရှင်သန်ကြီးပြင်းခဲ့ရသူ
အများစုကတော့ဖြင့် သတင်း အမှောင်ဖုံးခြင်း ခံရတဲ့သူ၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်
မရ တဲ့သူ၊ တစ်သွေး တစ်သံ တစ်မိန့်အောက်မှာ နေခဲ့ကြရသူတွေ ဆိုတော့ အမြင်ကျဉ်းသူက များကြပါတယ်။
အုပ်ချုပ်သူ အာ ဏာရှင် သူတို့ကို ပုန်ကန် အမှန်ပြောသူက သူတို့ရဲ့ ရန်သူလို့ သတ်မှတ်ဖိနှိပ်
ကြလေတော့ အမှန်တရား ပျောက်ကွယ်မှုတွေ များလာရာကတစ်ဆင့် တန်ဖိုးထား အမှားတွေ ပေါ်ပေါက်ပြီး
များပြားလာပါတော့တယ်။ လူငယ်တွေ ဆင်ခြင်တုံတရား နည်း လာကြသလို၊ လူလတ်တွေလည်း ထိုနည်းလည်းကောင်းဆို
တော့ ပျက်ဆီးနေတာက နိုင်ငံအဝှမ်းပါပဲလေ။ သို့သော်လည်း ပျက်ဆီးနေသော နိုင်ငံဆိုပြီး
မရေးချင်လေတော့။
.
စာအုပ်စာပေ ဖတ်ရှုသူ နည်းပါးလာခြင်း ဆိုတာထက်
စာ ဖတ်သူ မရှိသလောက် ဖြစ်လာခြင်းက တန်ဖိုးထားခြင်း အဓိက အမှားပါ။ `စာအုပ်စာပေ၊ လူ့မိတ်ဆွေ`ကိုမှ
တန်ဖိုးမထားကြ လေတော့ မိတ်ဆွေကို လျစ်လျူရှုကြလျှင် ရန်သူကများလာကြ ပြီပေါ့။ ခေတ်ရဲ့ရန်သူက
ဆင်ခြင်တွေးခေါ်နိုင်စွမ်း အားနည်းကြ ခြင်းတို့၊ အမြင်ကျဉ်းပြီး ထုံးစံဓလေ့ ယဉ်ကျေးမှု
ပျက်စီးခြင်းနှင့် လူအချင်းချင်း အပြစ်မြင်လာပြီး ရန်များ၊ ဒေါသများ၊ အတ္တများ လာခြင်းများ
ပင်ဖြစ်သည်။
.
`စာပေစကား နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာ
တည့်` ဆိုတာတွေကို မေ့ပျောက်။ ဖိနပ်အမျိုးမျိုးက ဗီရိုပေါ်၊ ကောင်တာပေါ် ရောက်နေကြမှတော့ဖြင့်
လွဲချော်လိုက်သည့် တန်ဖိုးထားခြင်းတွေ။ အိမ်တစ်အိမ်ကို သွားလည်ကြည့်။ ဖတ်စ ရာစာအုပ်
၁၀ အုပ်ခန့် တွေ့ရသည့် အိမ်က မရှိသလောက်။ လှေကားခုံမှာဖြင့် ဖိနပ်က ပေါမှပေါ။
.
ဟိုးအရင် လွန်ခဲ့တဲ့ နှစ် ၃၀ ဝန်းကျင် စာရေးသူတို့လို
တောမြို့လေးမှာ အရက်သမားဆိုတာ တစ်မြို့လုံးမှာမှ လက် တစ်ဖက် မပြည့်။ အရက်သမား ဆိုတာကလည်း
အသက် ၄၀ ကျော်တွေပါပဲ။ ဟော အခုခေတ်၊ ဒီတိုင်းပြည်ကြီးမှာ ကြည့် လိုက်တွေ့လိုက်တော့
အရက်သမားဆိုတာ ကိုယ့်ပတ်ဝန်းကျင် မှာ ၄၊၅ ယောက်မကတော့ တစ်မြို့လုံးဆိုလျှင် ဆယ်ဂဏန်း
၃၊ ၄ ခါပြန်။ အရွယ်လေးတွေက ဆယ်ကျော်သက်တို့၊ အစိတ် ပတ်ချာလည်တို့က နည်းတာမဟုတ်။ သနားစရာ
စိုးရိမ်စရာ၊ ကြောက်စရာ။
.
တစ်ချိန်က အရက်ရောင်းတဲ့ အရက်ဖိုနှင့် စားသောက်ဆိုင်
ဆိုတာ တစ်မြို့လုံးမှာမှ ၂ အိမ်၊ ၃ အိမ်။ ၁ ဆိုင် ၂ ဆိုင်။ အခု များတော့ဖြင့် လက်ညှိုးထိုးမလွဲ။
သောက်သုံးနေသူတွေ ဆို တာကလည်း လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြ လူလတ်ပိုင်း များနှင့် လူလတ်ပိုင်း၊
လူကြီးပိုင်းတို့ကို လေးစားရကောင်းမှန်း မသိ ကြတော့သော လူငယ်ခြေတက် ကလေးများ။ ဝမ်းနည်းစ
ရာ၊ နှမြောစရာ၊ စိတ်နှလုံး မချမ်းမြေ့ ဖွယ်ရာ မြင်ကွင်းများ။
.
.
ကလေးတွေ၊ သားသမီးတွေက တတ်သင့်သည့် အရည်အ ချင်း၊
သိသင့်သည့် အသိပညာရှိခြင်း၊ မရှိခြင်း ဆိုတာထက် အ ဝတ်အစား၊ အသုံးအဆောင် အပေါ်ယံပကာသနကြည့်
အသုံး အဆောင်များကို တန်ဖိုးထားနေကြသည်။ အခြေခံပညာ အ လယ်တန်း၊ အထက်တန်း ကျောင်းသား
ကျောင်းသူများ၏ မိဘ အများစုမှာ ကျောင်းစဖွင့်ခါ နီးသည်နှင့် အဝတ်အစားနှင့် အ သုံးအဆောင်
(ကျောပိုးအိတ်၊ စတိုင်လ်၊ ထမင်းဘူး၊ ရေဘူးဒီ ဇိုင်းအလှ) များကို စစဉ်းစားကြသည်။ အခြေခံပညာ၏
မရှိမဖြစ် လိုအပ်သော ကွန်ပါဘူးနှင့် ဘောလ်ပင်၊ ခဲတံ၊ ခဲဖျက်အပါအဝင် ကျင်တွယ်၊ စက်ဝိုင်းခြမ်းတို့ကို
မစဉ်းစား။ သူတို့လေးတွေရဲ့ အခြေခံပညာသင်ကြားမှု အထောက်အကူပြု စာစီစာကုံး စာ အုပ်၊ အင်္ဂလိပ်
မြန်မာအဘိဓာန်၊ Letter- Essay စာအုပ် ဝယ် ပေးဖို့ဆိုတာ ဦးနှောက်ထဲ မထည့်ကြ။ ထိုမိဘ၊
ထိုအုပ်ထိန်းသူ တို့ကို ထိုသင်ထောက်ကူ ပစ္စည်းနှင့် ပတ်သက်ပြီး အပြစ်ပြော တော့ `ကိုယ်မှ
နားမလည်တာ` ဆိုပြီး ရှောင်ကြ၏။ ဘယ်နား လည်ပါ့မလဲ။ သူတို့ တန်ဖိုး ထားမိတာက အပေါ်ယံအကြည့်အ
လှ၊ အပေါ်ယံ အသိဖြစ်တဲ့ ကျောပိုးအိတ်၊ ရေဘူးနှင့် ဖိနပ်အလှ ထမင်းဘူးနှင့် ထီးအလှ။ တန်ဖိုးထား
လွဲနေလိုက်ကြပုံများ။
.
အခြေခံပညာ ကျောင်းသားကျောင်းသူတွေ ဗလာစာအုပ်
ဝယ်ကြပြီဆိုတော့ အများစု ရွေးကြသည်က စာအုပ်အဖုံးပေါ် ပါသည့် မင်းသားမင်းသမီးပုံ။ မင်းသားမင်းသမီးများက
ကိုရီး ယားစာအုပ်တွေကလည်း နောက်ကျောဖုံးမှာ သင်္ချာ အလီဇ ယားတို့၊ ဂရိဂြီအောမေတြီ ရေတွက်နည်း
စနစ်ဇယားတွေမပါ တော့။ ဘယ်ပါတော့မလဲ အဲ့ဒီဇယားတွေပါတဲ့ စာအုပ်မှာ ကျောင်းသားကျောင်းသူတွေရဲ့
ဝယ်လိုအားကမရှိ ဆိုတော့ ထုတ်လုပ်သူက ကျောင်းသား ကျောင်းသူတွေ ဝယ်လိုအားများ တဲ့ ကိုရီးယား
မင်းသား မင်းသမီးများနှင့် Online နာမည်ကြီး ဒီဇိုင်းပါ အဖုံးများနှင့်ပေါ့။ အထဲက စာရွက်သား၊
စာအုပ်ချုပ်သား ကို ကလေးတွေ စိတ်မဝင်စားကြ။ ကိုင်း အလွဲများ နေလိုက်ကြ တဲ့ တန်ဖိုးထားခြင်း။
ပျက်စီးနေတဲ့။
.
ဟော တက္ကသိုလ်ဝင်တန်း တက်ကြမည့် ကျောင်းသား၊
ကျောင်းသူတွေက ဘော်ဒါဆောင်သွားရလျှင် မိဘနှင့် မခွဲမီ မိ ဘအုပ်ထိန်းသူတို့ထံမှ တောင်းသည့်
ကတိက တက္ကသိုလ်ဝင် တန်းအောင်လျှင် (တချို့က စာမေးပွဲပြီးလျှင်) ဆိုင်ကယ်နှင့် ဖုန်း
Handset ဝယ်ပေးပါတဲ့။ မိဘအုပ်ထိန်းသူ တွေကလည်း သူတို့ကွယ်ရာမှာ လိမ္မာပါစေတော့ဆိုပြီး
ok အေးပါပေါ့။ ဒီလိုကလေးတွေရဲ့ မိဘအုပ်ထိန်းသူ အများစုမှာလည်း က လေးရှေ့ Facebook သုံးနေကြသူများနှင့်
စာအုပ်စာပေထက် အလှကုန်ပစ္စည်းကို တန်ဖိုးထားလွန်းကြသူများ။ သားသမီးတွေ ကလေးတွေ ရှေ့မှာ
စာအုပ်ဖတ်နေတဲ့ မိဘက ရှားမှရှား၊ ဖုန်း သုံးနေကြသူက များမှများ။ မိသားစု နေထိုင်ရာ
အိမ်မှသာမ ဟုတ်၊ ရုံးမှာလည်း ထိုနည်းလည်းကောင်း၊ ဆိုင်တွေမှာလည်း ထိုနည်း လည်းကောင်း
စာအုပ်စာပေ ဖတ်ရှုသူ နည်းလာပြီး စာအုပ်စင် ရှိသော်ငြား စာအုပ်စင် နှိုက်သူက အလွန်အင်မတန်
ရှား။ ရသ အနုပညာ ဆိုသည်မှာ ကြာလေအထီးကျန်လေ ဖြစ် နေ၏။
.
အဆင့််မြင့်ပညာ တက္ကသိုလ်တွေကို လေ့လာကြည့်ပြန်
တော့ အားရစရာထက် ဝမ်းနည်းစိုးရိမ်စရာက များနေသည်။ ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသားအများစုက
ဆိုင်ကယ်ခရေ စီလိုလိုနှင့် မကြာမကြာ ဆိုင်ကယ်တစ်မျိုးမျိုးကို ပြောင်းလဲစီး ချင်နေကြသည်။
စားသောက်ဆိုင်ရောက်ပြန်တော့ ဖုန်းနှင့် ဂိမ်း အငမ်းမရ၊ မရပ်မနား ကစားတော့သည်။ သူတို့ကို
ဆိုင်မှာ စား သောက်ဖို့သွားတာ၊ ဖုန်းအကြာကြီး သုံးတာကို အပြစ်ပြောလေ တော့ wifi
free ရလို့ တန်အောင် သုံးနေတာတဲ့။ Power bank ကလည်းပါတော့ ၂ နာရီ ၃ နာရီကြာအောင်ကိုပင်
ခါးရှိုက်၊ လက်ပြင်ကုန်း၊ မျက်လုံးကို Screen နဲ့ လိုအပ်တာထက် ပိုကပ် ပြီး ဆော့ကစားနေတဲ့
နိုင်ငံ့အနာဂတ်ရဲ့ အဆင့်မြင့် တက္ကသိုလ် ကျောင်းသားတွေကို မြင်ရတာ စိတ်မောစရာ။ သူများဆီကရတဲ့
wifi free ထက် ကိုယ့်ဘက်က ပေးလိုက်ရတာက တန်ဖိုးရှိသော အချိန်များနှင့် ကျန်းမာရေးကို
ထိခိုက်စေမည့် ပြုမူနေထိုင်ပုံများ၊ မိမိကို ပတ်ဝန်းကျင်က အထင်သေးစေမည့် လူပုံအလယ်
အ ကျင့်စရိုက်များ။ ကမောက်ကမ တက္ကသိုလ် ကျောင်းသားများ။ Research (သုတေသန) ဆိုတာ သူတို့အတွက်
Sorry ပါပဲ တဲ့ ဗျာ။
.
တက္ကသိုလ်ကျောင်းသူ ပေါက်စတွေကလည်း ဟိုးယခင်က
အခြေခံပညာကျောင်းသူတွေရဲ့ ယဉ်ကျေးမှု အတုယူရမည့် ပုံစံ မဟုတ်တော့။ တက္ကသိုလ် ကျောင်းသူတွေရဲ့
ဝတ်စားဆင်ယင် မှုက ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် လားလားမျှ မသက်ဆိုင် လေသော တိုင်းတစ်ပါးစတိုင်လ်
အဝတ်အစားနှင့် ဆံပင်ပုံစံများ။ ဟော အခုနောက်ပိုင်း တက္ကသိုလ် ကျောင်းသူများဆိုရင် တက်
တူးက ထိုးလိုက်သေး။ သူတို့တွေကို အတုယူ ကြရမည်။ အခြေ ခံပညာ ကျောင်းသူတွေအတွက် ရင်လေးစရာ။
တစ်ချိန်က `တက္ကသိုလ် ကျောင်းသူတစ်ဦး` တို့၊ `တက္ကသိုလ်ကျောင်းက ငွေ လမင်း`တို့ကို
သတိရမိပါရဲ့။ အဆင့်မြင့်ပညာ ကျောင်းသူများ က မြန်မာ့ယဉ်ကျေးမှုရဲ့ ရှေ့ဆောင် လမ်းပြများက
အခုလိုတန် ဖိုးထား မှားနေကြတော့ သူတို့ရဲ့ နောင်လာနောက်သားတွေအ တွက် ရင်လေးဖွယ်ရာ။
မိဘဆီက ရတဲ့ မုန့်ဖိုးက တကယ့်မုန့် ဖိုးစစ်စစ်။ ကျောင်းချိန်အားလျှင် အအေးဆိုင်၊ အကင်ဆိုင်နှင့်
wifi free။ သူတို့ကလည်း မိန်ကလေးတန်မဲ့ online ဂိမ်းကို လောင်းကြေးနှင့် ပင် ဆော့ကြနေလေရဲ့။
ကျောင်းအားချိန် စာ ဖတ်ဖို့ဆိုတာ ဝေလာဝေး။ ဟိုးအရင်က မိုးမိုး(အင်းလျား) တို့ လို၊
ဂျူးတို့၊ လွန်းထားထားတို့လို စာရေးဖို့ဆိုတာ ပြတိုက်ပို့ရ မည့် အတွေးများလို့ ထင်နေကြသူများလာကြသည်။
.
ထိုသို့ တန်ဖိုးထား အမှားများနှင့် ပျက်စီးနေကြလေတော့
မြန်မာ့ပညာရေး ကောင်းဖို့အရေး ရှေ့ဆောင်လူကြီးတွေကို အ မှားများကို ပြစ်တင်ပြောဆို
မနေတော့ဘဲ ကိုယ့်အတွက်၊ တိုင်း ပြည်အတွက် တွေးသင့်ကြပါပြီ။ ပြုပြင်သင့်သော တွေးခေါ်မှု
အမှားများနှင့် စိတ်အလိုလိုက်မှုများကို လျှော့ချပြီး တန်ဖိုးထား မှန်ကန်သူများ ဖြစ်ကြပါစေကြောင်း
လမ်းညွှန်အကြံပြုရုံမှ တစ် ပါး။ ။
No comments:
Post a Comment