ခေါင်းလောင်းထိုးသံ ကြားရဖို့ အရေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, July 27, 2020

ခေါင်းလောင်းထိုးသံ ကြားရဖို့ အရေး


ကျော်လင်းထွန်း (ချောင်းဦး)
.
ကပ်ရောဂါကြောင့် ကပ်၊ ကပ် ထွက်လာသော အမိန့်ကြေ ညာချက်တွေ၊ အရေးပေါ် ကြေညာချက်တွေ၊ သတင်းထုတ်ပြန် ချက်တွေ၊ ညွှန်ကြားချက်တွေကလည်း မနက်နေ့ည စုံမှ စုံ။
.
ပြည်သူများသို့ ပန်ကြားချက် ၁၅ ရက်ထပ်ပြီး သက်တမ်း တိုးခဲ့တာလည်း ယနေ့အထိ။ ဖြေလျှော့တာတွေလည်း တဖြည်း ဖြည်းတော့ များလာတာနဲ့အတူ COVID-19 ရောဂါကိုတောင် ကြောက်ရကောင်းမှန်း မသိကြသူတွေက များမှများ။
.
COVID-19 ကပ်ရောဂါရဲ့ လတ်တလော ကူးစက်၊ သေဆုံး နှုန်းကလည်း ဆီးချို၊ သွေးတိုးလောက်ကို မဟုတ်လေတော့ ၄ လကြာ အလုပ်မလုပ်ဘဲ နေလို့လည်း ဝမ်းရေးက လိုသေးလေ တော့ လမ်းပေါ်မှာ Mask တပ်သူက မရှိသလောက် နည်းနေပါ ပြီ။ ဌာနဆိုင်ရာ အစည်းအဝေး အများစုတောင်မှပင် ၆ ပေအ ကွာ မထိုင်ကြတော့ပေ။
.
ဆိုင်ကယ်ကို ခါးဖက် အတူစီးခဲ့ကြပြီး လက်ဘက်ရည်ဆိုင် ရောက်မှ partition ကြောင့် ပလတ်စတစ် ကြားခံနဲ့ သောက်ရ တာအဓိပ္ပာယ်ရှိ/မရှိ။ မှန်လုံကားကြီး- အဝေးပြေး ပေါ်မှာ ၂ ခုံစာ ၂ ယောက်စရိတ်(ကားခ ၂ဆ) ပေးပြီး လိုက်ခဲ့ကြတဲ့ ခရီးသည် တွေက စားသောက်ဆိုင် ခေတ္တရပ်နားပေးချိန် ပူးပူးကပ်ကပ် စားသောက်သွားလာနေကြ။ ခရီးတစ်ခု အတူပူးကပ် ဆိုင်ကယ် စီးလာသူတွေက လက်ဘက်ရည်ဆိုင်မှာ partition နဲ့ ခပ်ခွာခွာ ထိုင်ကြရသလို ကားပေါ်မှာ ခပ်ခွာခွာ(၂ ယောက်ခုံ တစ်ခုံလူ တစ်ယောက်ထိုင်) ညွှန်ကြားချက်အရ ခပ်ခွာခွာထိုင်ခဲ့ရတဲ့ လင်မယားတို့၊ မိသားစုဝင်တို့က စားသောက်ဆိုင်ရောက်တော့ တစ်ဝိုင်းတည်း ပူးကပ်ကပ်။
.
`လက်ကို ခဏခဏဆေးပါ။` မဆေးကြသူက များလာ သည်မှာ အားလုံးအသိပေ။ နှာခေါင်း ပါးစပ်စည်း တပ်ဖို့၊ face shield တို့ တပ်ဆင်ကြဖို့ ဆော်သြခဲ့ကြပေမဲ့ လတ်တလောမှာ အေးရာအေးကြောင်း။ စည်းကမ်းလိုက်နာသူက ထီးထီးမားမား ကြီး အရူးလို ဖြစ်နေကြလေတော့ mask တပ်တယ်ဆိုတာ မလွဲ သာမှ ခေတ္တခဏသာ တပ်ကြတော့သည်။
.
တစ်သွေး တစ်သံ တစ်မိန့် (အာဏာရှင်) လက်အောက် ကြီးပြင်းခဲ့ကြရသူများဆိုတော့လည်း အခုလို ဟိုလိုလို ဒီလိုလို အမိန့်ကြေညာချက်၊ သတင်းထုတ်ပြန်ချက်၊ ညွှန်ကြားချက်တွေ ကိုတော့ဖြင့် အားမလိုအားမရ။ တိတိကျကျ သိချင်ကြသည်။ အုပ်ချုပ်သူ အစိုးရဘက်ကလည်း ဒါကိုတော့ လုပ်ပေးချင်၊ လုပ် စေချင်ပေမယ့် ဒီလိုတော့ဖြင့် မဟုတ်သေးဘူး။ ဒီလိုလေးဖြစ် ဖြစ် အထိန်းလေး ထည့်မယ်ဆိုပြီး စဉ်းစားကြလေတော့ ခေတ် ၂ ခေတ်၊ အစိုးရ အပြောင်းအလဲ(ဒီမိုကရေစီ အစိုးရနှင့် အာ ဏာရှင်အစိုးရ)ကြား အလွန်အင်မတန် စိတ်ဆင်းရဲစရာ ဖြစ်နေ တော့သည်။
.
ဤအခြေအနေတွင် ကြားညပ်နေကြရသူ အများစုမှာ လတ်တလော (ယခုအချိန်နေ့/ည) မှာဖြင့် ပညာရေးဌာနမှ ဝန် ထမ်းများ၊ ကိုယ်ပိုင်ကျောင်းမှ ဝန်ထမ်းများပင် ဖြစ်သည်။ စော စောပိုင်းက ဇူလိုင် ၂၁ တွင် ထက်ဆင့်ဖွင့်ရန် တစ်ပတ်အကြာ သြဂုတ် ၁၄ တွင် မူဆင့်ဖွင့်ရန် ကြေညာထားပြီး ဖြစ်သော်လည်း ဇူလိုင်လဝက်ခန့်တွင် မူ/လယ်ဆင့် ကျောင်းဖွင့်ချိန် ထပ်မံကြေ ညာပေးသွားမည် ဖြစ်သွားပြန်၏။ ခေါင်းလောင်းထိုးသံလေး ကြားရသည်ဟု မျှော်လင့်ထားသော်လည်း။
.
ဇူလိုင်လ ၂၁ ရက်တွင် ထက်ဆင့်ဖွင့်ရမည် (၈ တန်းအောင် Garde-10 သင်ရိုးသစ်နှင့် ၉ တန်းအောင် ဒသမတန်းဖွင့်ရမည်) ဟုဆိုတော့ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး အစီအစဉ်အရ အစိုးရကျောင်း (အခြေခံပညာကျောင်းများကို မြို့နယ်ပညာရေး မှူး အစီအစဉ်ဖြင့် ကိုယ်ပိုင်ကျောင်း(ထပ်ဆင့်ပါ) များကို ခရိုင် ပညာရေးမှူး အစီအစဉ်ဖြင့် စစ်ဆေးရန် ညွှန်ကြားလာသည်။ ထုံးစံအတိုင်း အစည်းအဝေးခေါ်၊ ကျောင်းဖွင့်ရန် ပြင်ဆင်ညွှန် ကြားပြီး စစ်ဆေးရေး အဖွဲ့က ထောက်ခံမှသာ ဖွင့်လှစ်ရမည် တဲ့။ ဤသည်မှကား ပထမ။
.
အစိုးရ အထက်တန်းကျောင်း (အခြေခံပညာ ထက်ဆင့်) ကျောင်းအုပ်ကြီးများမှာ ကျောင်းသား ကျောင်းသူများထံမှ ငွေ ကောက်ခံခြင်း မပြုလုပ်ရ ဆိုသဖြင့် ရရှိသော SLF လေနှင့် ပြင် ဆင်ရသည်။ မလောက်င၊ အဆင်မပြေတော့ ဟိုပရအသင်း အ ကူအညီ တောင်း Mask ရှာ၊ ဒီလူမှု ကူညီရေးနှင့် ချိတ်ဆက် face shield တို့၊ ပိုးသတ်ဆေးတို့၊ hand gel တို့တောင်း၊ ကြက် ခြေနီအသင်းနှင့် ပူးပေါင်း ဘာလေးရရ၊ ညာလေးရရ။ ကျန်တာ အိတ်ထဲကစိုက်။ ကိုယ့်ကျောင်း သိက္ခာမကျရေး၊ ကိုယ့်နာမည် မပျက်ရေးနှင့် ကျောင်းသားကျောင်းသူများ ကျောင်းတက်ခွင့် ရရှိကြစေဖို့အရေး ကိုယ်ပိုင်ကျောင်း တွေကလည်း သူ့ထက်ငါ အပြိုင်အဆိုင် ပြင်ကြဆင်ကြ။ အိုကေ ခရိုင်ပညာရဲ့ ထောက်ခံ မှုအရ ကျောင်းဖွင့်တော့မည်။ ခေါင်းလောင်းသံကလေးတော့ ဒီတစ်နှစ်ကြားရတော့မည်ဟု တွေးမိကာရှိသေး။ လာပြန်ပြီ ဒု တိယ။
.
ပညာရေးနှင့် ကျောင်းကျန်းမာရေး ပူးပေါင်းအဖွဲ့အနေဖြင့် ထက်ဆင့် သင်မည့် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများ၏ COVID-19 အတွက် ပြင်ဆင်ထားမှု စစ်ဆေး ကြရန်တဲ့ဗျာ။ အဲ့လို စစ်ဆေးဖို့ ပေးလာတဲ့ Check list (စစ် ဆေးသတ်မှတ်ချက်) က ၈၈ ချက် ပြည့်စုံရင် (A)၊ လိုအပ်ရင် (B)၊ လုံးဝမပြင်ဆင်လျှင် (C)။ စစ်ဆေးချက် ၈၈ ချက်စလုံး (A) ရလျှင် ကျောင်းဖွင့်ခွင့်ရမည်။ B တစ်ချက် (သို့) C တစ်ချက်ပါ လျှင်ပင် ကျောင်းမဖွင့်ရ။ ဆိုတော့ ၈၈ ချက်မှာ reusable mask (cotoon) လျှော်ဖွပ်သုံး ပါးစပ်နှာခေါင်းစည်း (ချည်သား) ကို ကျောင်းသားတစ်ဦး ၂ ခုနှုန်းရှိလျှင် (A) မလုံလောက်လျှင် (B) မရှိလျှင် (C)၊ ဒီလိုပဲ ကျောင်းသားကျောင်းသူ တစ်ဦးလျှင် face shiled (မျက်နှာကာ) တစ်ခု နှုန်းရှိလျှင် (A)၊ မလုံလောက်လျှင် (B)၊ မရှိလျှင် (C) ဆိုတာမျိုးပေါ့။
.
အဲ့ဒီမှာ ထူးထူးဆန်းဆန်း၊ ထူးထူးခြားခြား တွေ့လိုက်ရ သည့် အချက်က နံပါတ် ၂၂ အချက်။ star ပါပြထားသည့် နံပါတ် ၂၂ က လိုက်နာဆောင်ရွက်ရန် အသိပေး ညွှန်ကြားချက်များ၊ Sop များ ဖြန့်ဝေထားခြင်းတဲ့။ ပြည့်စုံဖြန့်ဝေလျှင် (A)၊ ပြည့်စုံ စွာ ဖြန့်ဝေထားခြင်း မရှိလျှင် (B) ဆောင်ရွက်မှု လုံးဝမရှိလျှင် (C) တဲ့ဗျာ။ ဆိုတော့ Sop ဆိုတာ ဘာလဲလို့ ကျန်းမာရေးကို စုံစမ်းတော့ Standard Operating Procedure တဲ့။ အဲ့ဒါက ဘယ်မှာလဲဆိုတော့ Online မှာရှာ၊ Download ဆွဲ၊ Print ထုတ်ရမှာတဲ့။
.


.
ဇူလိုင် ၂၁ ရက်ခေါင်းလောင်းထိုးပြီးမှ ကျောင်းဖွင့်ရဖို့အရေး ဇူလိုင် ၁၈ ရက်နေ့ည Sop ရှာ၊ download ဆွဲ၊ ညတွင်းချင်း Parint ထုတ်။ နောက်ရက်နံနက် ကျောင်းသားကျောင်းသူတွေ၊ မိဘအုပ်ထိန်းသူတွေဆီကို အမြန်ဖြန့်ဝေ၊ ကြုံဖူးတယ်တော့ ရှိ သွားတာပေါ့လေ။
.

အဲ့ဒီ Sop မှာက COVID-19 ရောဂါပိုး ပါရှိနိုင်သည်။ အ စက်အမှုန်များ ကျရောက်နိုင်ဖွယ်၊ ထိတွေ့နိုင်ဖွယ်ရှိသော ပစ္စည်းများ၊ မျက်နှာပြင်များတွင် (ဥပမာ-တံခါးလက်ကိုင်၊ လှေ ကားလက်ရမ်းများ၊ အိမ်သာများ၊ ရေပိုက်ခေါင်း၊ အလုပ်စားပွဲ စသည်များတွင်) ပိုးသတ်ဆေး သန့်စင်ရန်တဲ့။ ပိုးသတ်ဆေး ဖျန်းခြင်း၊ ပိုးသတ်သန့်စင်ခြင်း မပြုလုပ်မီ ဆပ်ပြာကို အသုံးပြု ၍ သန့်ရှင်းရေး ပြုလုပ်ခြင်း လုပ်ရမည်ဆိုတော့ ဒီ Sop မသိ တဲ့ ကျောင်းတွေ ဘယ်လိုပိုးသတ်သန့်စင်ကြမလဲဆို ပြီး တွေးရင်း ရင်လေးမိပါရဲ့။
.
ခေါင်းလောင်းထိုးပြီး ကျောင်းဖွင့်ဖို့အရေး ဘာမှမပြင်ဆင် ရသေးသော နယ်ကျောင်းတွေက ရှိနေကြသေးသတဲ့။ Social distaning အရ ၆ ပေကွာ အဝိုင်းတွေ၊ လေးထောင့်တွေ မှတ် သားပြီး အစစ်ဆေးခံကြပေမဲ့ အမှန်တကယ် လိုက်နာမည့် သူ များရော ရှိရဲ့လားဆိုတာ တွေးရင်းရင်မောမိပါသည်။ လက် ဆေးကြရန် အကျင့်နည်းသော ပတ်ဝန်းကျင်မှ ကလေးများကို ကျောင်းက ကျင့်ပေးနိုင်သော်လည်း ကျောင်းက ကျင့်ပေးလိုက် သော အလေ့အထကို အိမ်နှင့်ပတ်ဝန်းကျင်အရ မယောင်ရာဆီ လူးဖြစ်မှာ ရေပေါ်အရုပ်ရေးဖြစ်မှာ စိုးရိမ်မိသည်။
.
ဆောင်းပါးအစမှာ ဖော်ပြခဲ့သလို ဈေးတွေ၊ ကားဂိတ်တွေ၊ မိသားစု ပတ်ဝန်းကျင်တွေမှာ COVID-19 ကာလအစကလို Mask မတပ်ကြတော့။ လက်မဆေးကြတော့။ လူစုလူဝေး ဆိုတာကလည်း အားလုံးသိနေမြင်နေကြသည့် အတိုင်း။ ဒီပတ် ဝန်းကျင်၊ ဒီလူ့အသိုင်းအဝိုင်းက လာကြမည့် ကျောင်းသား ကျောင်းသူကလေးတွေကိုမှ ၆ ပေခွာဖို့ လက်ကို ခဏခဏဆေး ကြဖို့၊ ကိုယ်အပူတိုင်း မှတ်တမ်းထားရှိဖို့ ကျောင်းကလုပ်ပေးရ သည်မှာ မခက်ပါ။ ကျောင်းဆင်းလို့ ကျောင်းပြင်ကို ရောက်ကြ လျှင်ဖြင့် ထူးမခြားနား ပတ်ပျိုးနှင့် `ကျူရိုးခေါင်းလောင်း ထိုး နေ`သလို ဖြစ်နေမလားလို့။

No comments:

Post a Comment

Journal Download

Photo of three cats

About