ကျိုင်းတုံဆေးရုံအုပ်ကြီး၏ နေအိမ်အား ဖောက်ထွင်းသူကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 8, 2020

ကျိုင်းတုံဆေးရုံအုပ်ကြီး၏ နေအိမ်အား ဖောက်ထွင်းသူကို ဖမ်းမိ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်၏ နေအိမ်အား ဖောက်ထွင်း၍ ငွေကျပ် ၂၁ သိန်းကို ခိုးယူခဲ့သည် ဆိုသူအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်းသည် ဆေးရုံတွင် တာဝန်ထမ်းဆောင်၍ နေအိမ်သို့ပြန်လာစဉ် အိမ်ခြံတံခါးနှင့် နေအိမ်တံခါးများ ပွင့်လျက်တွေ့ရပြီး နေအိမ်အတွင်းရှိ ဗီရိုအတွင်းမှ ငွေကျပ် ၂၁ သိန်း ပျောက်ဆုံးနေသဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်း သိရသည်။
.

“ လိုင်းပေါ်မှာ ပျံ့နေသလို ငွေ ခိုးယူသွားတယ်လို့ သံသယဖြစ်သူကို ဖမ်းမိတာက ဇူလိုင်လ ၇ ရက်က ဆိုတာ မှန်ပေမဲ့ သေချာတဲ့ စစ်ဆေးဖော်ထုတ်ချက်ကို ရအောင် ဆောင်ရွက်နေဆဲ ဖြစ်လို့ အမှုမှန် ပေါ်ပေါက်ရေးအတွက် ပြည့်စုံမှပဲ ဒီနေ့မှာ သတင်းမှန်ကို ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။” ဟု ကျိုင်းတုံမြို့မရဲစခန်းမှ ဒုရဲအုပ် လင်းလင်းထွန်းက ကမ္ဘောဇတိုင်းသို့​ ပြောသည်။
.
အဆိုပါ ဖမ်းဆီးရမိသူမှာ ကျိုင်းတုံမြို့၊ ကျိုင်းအင်းရပ်နေ အသက် ၄၂ နှစ်အရွယ် စိုင်းလှ (ခ) စိုင်းယီလာ ဖြစ်ပြီး သက်သေခံအဖြစ် ငွေကျပ် ၄၂၂၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၃၀၄/၃၀၂၀၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats