ကွတ်ခိုင်မြို့နယ်တွင် သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 8, 2020

ကွတ်ခိုင်မြို့နယ်တွင် သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်​မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်-တာမိုးညဲသွား ကားလမ်းတွင် ငွေကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇူလိုင်လ ၇ ရက်၊ ညနေပိုင်းတွင် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်-တာမိုးညဲသွား ကားလမ်းတွင် တာမိုးညဲဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်စေရာ ရပ်တန့်ခြင်း မပြုဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးရာ မော်တော်ယာဉ်အား ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးကျေးရွာအနီး၊ ကားလမ်းဘေးတွင် တွေ့ရှိရသော်လည်း ယာဉ်မောင်းအား တွေ့ရှိရခြင်း မရှိဘဲ ယာဉ်ပေါ်ရှိ စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၂ဝဝဝ ပြား (ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၄၄၄ဝ) အား တွေ့ရှိ၍ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
.
အဆိုပါ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ကွတ်ခိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About