ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့နယ် အပါအဝင် ရှမ်း ပြည်နယ် အရှေ့ပိုင်း ဒေသအတွင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာထားသည့် COVID-19 ရောဂါ ကာကွယ်ရေးဆိုင်
ရာ လိုက်နာ ဆောင်ရွက်ရမည့် ကျန်း မာရေး သတိပေးချက်များအား မ လိုက်နာပါက အရေးယူသွား
မည်ဖြစ် ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ် အတွင်းရှိ ဈေး များ၊ စားသောက်ဆိုင်နှင့် လက်ဖက်
ရည်ဆိုင်များတွင် ရောင်းဝယ်နေသူ များ၊ အစားအသောက် ရောင်းချနေ သူများသည် COVID-19 ရောဂါ
ကာ ကွယ်ရေးဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ကြေညာထားသည့် စည်းကမ်းချက်
များကို လိုက်နာရန် ပျက်ကွက်မှုများ ကို မြင်တွေ့နေရကြောင်း သိရသည်။
.
.
“အချိန် ကြာလာတာနဲ့အမျှ COVID-19 ရောဂါ ကြိုတင်ကာကွယ် ရေးမှာ ပေါ့ဆသွားလို့
မဖြစ်ပါဘူး။ ထွေအုပ်၊ စည်ပင်၊ ကျန်းမာရေး ဌာန ပူးပေါင်းတဲ့ ကော်မတီဖွဲ့ပြီးတော့ ရှောင်တခင်
ဝင် စစ်ဆေးတာနဲ့ မ လိုက်နာသူကို အရေးယူတာတွေကို ဆောင်ရွက်ပါမယ်” ဟု ကျိုင်းတုံမြို့ရှိ
ရှမ်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေး မှူး ဦးရဲနိုင်က ပြောသည်။
.
ကျိုင်းတုံမြို့နယ်အတွင်းရှိ ဈေး များတွင် နေ့စဉ် ရောင်းဝယ်နေသူများ
မှ သတ်မှတ်အကွာအဝေး မရှိ ခြင်း၊ နှာခေါင်းစည်း (MASK) တပ်ဆင် မှု မရှိခြင်းများကို
မြင်တွေ့ရပြီး စား သောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များသည်လည်း COVID-19 ရော ဂါ ကြိုတင်
ကာကွယ်ရေး စည်းကမ်း ချက်များကို လေးစား လိုက်နာရန် ပျက်ကွက်နေလျက် ရှိကြောင်း ဒေသ ခံ
များထံက သိရသည်။
.
မြန်မာနိုင်ငံတွင် COVID-19 ရော ဂါပိုး ကူးစက်ခံရသဖြင့်
သေဆုံးသူ ၆ ဦးရှိသည်ဟု ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာထားပြီး
အခြေခံပညာ အထက် တန်းဆင့် ကျောင်းများကို ဇူလိုင်လ ၂၁ ရက်တွင် COVID-19 ရောဂါကြို တင်ကာကွယ်ရေးအစီအမံများဖြင့်
ပြန်လည် ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment