ဒေါက်တာအောင်ကျော်
(သွား/ဆရာဝန်)
သက်ကြီးဝါကြီး
"အသက်ကြီးပြီး အချိန်မစီးပါဘူးကွာ" "ဆန်ကုန်မြေလေး၊
လူမပြောနဲ့ ခွေးတောင် မလေးတဲ့ အဆင့် မရှိတဲ့သူ"။ ဤသို့သော မလိုတမာ၊ အမနာပ ပြောစကားများကို
ရပ်ထဲရွာထဲ စကားဝိုင်း သို့မဟုတ် အတင်းအဖျင်း တုတ်သည့် လူစုလူဝေး ရှိနေသည့်နေ ရာများ၌
ကြားကြရမြဲဖြစ်၏။ လူ့ပြည်မှ အပ်တစ်ချောင်း ဗြဟ္မာ ပြည်က အပ်တစ်စင်း၊ အဖျားချင်း ထိမိဖို့ကား
လွယ်ကူကောင်း လွယ်ကူပါလိမ့်ဦးမည်။ မနူဿ လူသားတစ်ဦး ဘဝရရှိဖို့ကား ယင်းဥပမာထက် ခက်ခဲဘိခြင်းဟုလည်း
ဆရာတော်ကြီးများ၏ ဟောတရားများတွင် ပါလာတတ်မြဲလည်း ဖြစ်၏။ မျက်မှောက် ကာလကြီးထဲမှာ လူဖြစ်လွယ်လိုက်ကြသည့်
ဖြစ်ခြင်းမှာ ပြောမ ကုန်နိုင်ဖွယ်ပါပေ။ မွေးကင်းစ ချက်ကြိုးတန်းလန်းဖြင့် အမှိုက် ပုံ၊
ရေမြောင်း၊ တံတားအောက်၊ လမ်းဘေး စသော မျက်မြင်မျက် ကွယ် နေရာများ၌ စွန့်ပစ်ထားကြသည်များ။
အရပ် လက်သည် ဖြင့် တိတ်တဆိတ် ကိုယ်ဝန်ဖျက်ချရာမှ သွေးလွန်ခြင်း၊ သွေးဆိပ် တက်ခြင်း
နောက်ဆက်တွဲ ပြဿနာများကြောင့် ဖြူဖျော့အ သက်မြော့မြော့၊ သို့မဟုတ် အဖျားသွေးကြီးလွန်းကာတဟီးဟီး
တအီးအီး မြည်တမ်း ကယောင်ချောက်ချား အခြေအနေများနှင့် ဆေးရုံသို့ ကသောကမြော ရောက်လာသည့်
လူနာတွေလည်း ဒု နှင့် ဒေး ရှိနေကြပါသည်။ ခက်ခြင်း လွယ်ခြင်း အစွန်းနှစ်ဖက်၏ ကြားမှာ
ကွာဟချက် အလွန်ကြီးမားနေပါ၏။ အဘယ်ကြောင့်ပါ နည်း။
.
လူဟု ခေါ်နေကြခြင်းတွင်၊ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက် ထွက်လာရုံမျှနှင့်
လူဟု မခေါ်ဆိုင်ပါ။ လူသည် အစဉ်းစားဉာဏ် ပညာ ရှိ၏။ ထို ဦးနှောက် အဆင့် ကွာခြားမှုကြောင့်
ဦးနှောက်မည် ကာ မတ္တပါရှိသော တိရစ္ဆာန်နှင့် လွန်စွာ ခြားနားသွားရ၏။ ဆင် ခြင် သုံးသပ်နိုင်အားနှင့်
အမှန်အတိုင်း သိ၍ မှန်ကန်ရာကို ဆုံး ဖြတ်လုပ်ဆောင်နိုင်ခြင်းနှင့် ပြည့်စုံပါမှ လူပီပီသသ
ဖြစ်ပေမည်။ လူဖြစ်ဖို့ လူ့ဘဝရရှိဖို့ ခက်ခဲခြင်း ဆိုရာ၌ အဆင့်မီ လူပီသခြင်း တန်းတစ်ခုသို့
ရောက်သော သူကိုသာ ရည်ညွှန်းခြင်း အဓိကဖြစ် ပါသည်။ ရပ်ရွာ အများအကျိုး မဆိုထားဘိ၊ မိမိအကျိုးဝေးလို့
မိ မိ အသက်ရှင် ရပ်တည်နိုင်ဖို့ စားဝတ်နေရေး အခြေခံ သုံးရပ်ကို တောင်မှ သူများကို အားကိုးနေရသူသည်
ဆန်ကုန်မြေလေး ဖြစ် တော့သည်။
.
ကျွန်တော်တို့ မြန်မာလူမျိုးတို့သည် သက်ကြီးဝါကြီးကို ရို သေ ကိုင်းရှိုင်းပြီး
ရှေ့တန်း တစ်နေရာ ပေးထားကြ၏။ တစ်နေ့ တစ်ရက် တစ်မနက်၊ ပို၍ အသေးစိတ် လိုက်ပါက၊ တစ်နာရီတစ်
မိနစ် တစ်စက္ကန့် တစ်ဗီဇာကြီးသူကို ဦးစားပေး တတ်မြဲဖြစ်သည်။ "သက်ကြီး" စာရင်းဝင်
ဖြစ်နေကြ၍ပါ။ "ဝါဆိုသည်ကား အရည်အသွေး ဖြစ်၏။ တစ်နည်းအားဖြင့် ဂုဏ် ဖြစ်၏။ အသက်မှာ
ရုပ်ခန္ဓာနှင့် တိုက်ရိုက် ပတ်သက်နေပြီး ဒြပ် တုဆိုနိုင်မည်။ "ဝါကြီး"ခြင်းသည်
"သက်ကြီး"ခြင်း ပေါ်၌ တည် မည်ယူဆဖွယ်ပါ။ သာသနာတော်၌ သက်ကြီးမှုသည် ပဓာန မ
ဟုတ်။ ဝါကြီးခြင်းသာ အဓိက ဖြစ်၏။ သက်ကြီးမှ ရဟန်းဝတ် လာသော တောထွက်သည် ဝါကားငယ်နေမည်။
ထို့ကြောင့် ငယ် ဖြူရဟန်းငယ်သည် ဝါစဉ်အရ ပိုကြီး၍ တောထွက်ရဟန်းကြီးက ကန်တော့ရပါ၏။ အခါခပ်သိမ်း
သက်ကြီးတိုင်း ဝါမကြီးကို ရိပ် စားမိနိုင်ပါပြီ။
.
ရင့်ကျက်မှု
အသက်ရသည်နှင့်အမျှ ဘဝအတွေ့အကြုံတို့သည်လည်း များပြားခဲ့ပြီမို့
ရင့်ကျက်လာရစမြဲ ဖြစ်ပါသည်။ ပေါ့ပေါ့နေ ပေါ့ ပေါ့စား ဟေးလားဝါးလားဖြင့် စားကာ သောက်ကာ
ပျော်ပါးကာ ဖြင့် ဘဝကို ရေစီးကြောင်းအတိုင်း အလိုက်သင့် မျောပါလာခဲ့သူ တို့၌ အတွေ့အကြုံ
နည်းပါးပေမည်။ လုပ်ရပ်နည်းက အမှား လည်း နည်းပါမည်။ သင်ခန်းစာ ယူဖို့ရာလည်း ခေါင်းပါးနေ
ပါ တော့၏။ ထိုသောအခါ ဘဝရင့်ကျက်မှု အဘယ်မှာ ရှိပါတော့မည် နည်း။ မမှားရဘူး မဆိုလိုပါ။
မလိမ္မာတစ်ခါတော့ မိုက်စမြဲ မှားစ မြဲကား သဘာဝ တရားဖြစ်၏။ တစ်ခါမှားလျှင် အသည်းစွဲအောင်
မှတ်သား၍ အလားတူ အမှားအမိုက်မျိုး နောက်တစ်ကြိမ် ဒုတိ ယမ္ပိထပ်မှားရန် မသင့်တော့ပြီ။
မှတ်သည်းခြေ ရှိသူကောင်းသူ သည် ဘယ်တော့မှ သုံးစား၍ မရတော့ပါ။ ထို့ကြောင့် ပထမဦး ဆုံးကြီး
မှားယွင်းမိက လူကြီးသူမ ဆရာသမားများက ခွင့်လွှတ် ပေးလိုက်တတ်ကြ၏။ ဟော နောက်တစ်ကြိမ်
ထပ်မှားပြန်ပြီဆို လျှင် မိမိ၏ ဝန်တာလေ။ ကိုယ်ပိုင်လုပ်ငန်း ဆိုပါက ဆုံးရှုံးမှုကြီး
ကြီး ရင်စည်းခါးစည်း ခံပေတော့။ အမှားကြီးလွန်းက ဘဝပါပျက် သွားနိုင်၏။ သတိပြု။
.
အသက်ကြီး၍ အချိန်စီးခြင်းသည် ဘဝအတွေ့အကြုံများ ကာ ရင့်ကျက် တည်ငြိမ်လာခြင်းကို
တန်ဖိုးထား ပြောဆိုကြခြင်း ဖြစ်ပါသည်။ လောက၌ မည်သည့်အရာကိုမျှ အလကား မရရှိနိုင် ပါ။
တန်ရာ တန်ကြေးတော့ ရင်းနှီးပေးဆပ်နိုင်ပါမှ အသိပညာအ တတ်ပညာ ဆင်ခြင်တုံပညာတို့ ရရှိပေရာ၏။
ပမာအားဖြင့် သစ် ပင်သက်ရင့်လေ၊ လုံးပတ်ထွားလေ၊ အကိုင်းအခက် အရွက်ဝေ ဆာလေ၊ ပင်အရပ် မြင့်တက်လေ၊
အပွေးအခေါက် ထူလေ ဖြစ်ရ ပါမည်။ သစ်မာသား အပင်ကို ဆိုလို၏။ သို့မှသာ သစ်တန်ဖိုး ပို
ကြီးမြင့်ပေလိမ့်မည်။ အနှစ်မရှိသည့် အပင်မျိုး ဆိုပါစို့၊ ကြက်ဆူ ပင်လို အနှစ်မရှိသော
တောထဲက အပေါစား သစ်ပင်ခေါ်ဆိုနိုင် ရုံကတော့ဖြင့် ထင်းတောင်မှ ဟုတ်ဟုတ် ဟတ်ဟတ် မရရှိနိုင်ပါ
ပေ။ သူ့စကားပုံကိုက "အနှစ်မရှိသည့် တော၊ ကြက်ဆူမင်းမူ"ဟူ သတည်း။ မှန်၏။ မသိသော
သူတို့ကို မတတ်သော သူတို့က ဟန် ပန်တစ်လုံးဖြင့် အုပ်ချုပ်ခဲ့ကြ၍ နှစ် ၅၀ ကျော် ကြာလာသောအ
ခါ မြန်မာထက် နှစ် ၂၀ နောက်ကျ ကျန်ရစ်သော ယိုးဒယား(ယခု ထိုင်းလင်း)တောင် ကျွန်တော်တို့ထက်
နှစ် ၂၀ ရှေ့ပြေးနေခဲ့ပြီ။ အလားတူ နှစ် ၂၀ ခန့်ပင် နောက်ကျန်သော စင်ကာပူဆိုလျှင် ကျွန်တော်တို့ထက်
နှစ် အစိတ် ၃၀ ရှေ့က ကြိုပြေးနေပြီ။ ဒုံ မောင်းလေဆိပ်တည်ရန် မင်္ဂလာဒုံကို လာကြည့်ရသော
ထိုင်း နည်းပညာကျောင်းအတွက် နတ်မောက် စက်မှုလက်မှု ကျောင်း ကို လာလေ့လာရသော စင်ကာပူ။
သူတို့ကို လိုက်မီဖို့ ကျွန်တော် တို့ နှစ် ၄၀ နှစ် ၅၀ ကြိုးစားတာတောင် မလွယ်လှ။ သူတို့က
ရပ် တန့်စောင့်ပေးမည် မဟုတ်ပါ။ အရှိန်အဟုန်ဖြင့် ဆက်ပြီး ရှေ့က ပြေးနှင့်ကြမည်ကို သတိချပ်ကြရပါမည်။
ရေကုန်ရေခန်း လိုက် နိုင်ပါမှ တန်ကာကျ။
.
ရပ်မိရပ်ဖ
ကျွန်တော်အရွယ် ငယ်ငယ်တုန်းက ရပ်မိရပ်ဖဆိုသော အ ခေါ်အသုံးကို သတိပြုမိခဲ့၏။
သူကြီးဆိုသော ပုဂ္ဂိုလ်များကိုလည်း လေးစားခဲ့ရ၏။ တောင်ကြီးမြို့၌ ၁၉၅၀ ပြည့်နှစ် ဝန်းကျင်တွင်
တောင်ပိုင်းသူကြီးနှင့် မြောက်ပိုင်းသူကြီး ဟူ၍ ၂ ဦး ရှိခဲ့ဖူးသည် ကိုလည်း ပြန် အမှတ်ရလာ၏။
မူလမင်းကွန်းကျောင်းထောင့်နား မှာ ဟိန်ရန်ပြေတို့ မိသားစုနေကြ၏။ ရွှေခွန်မှူး ငွေခွန်မှူးကျော့၊
ထမုန် စသည်တို့ကိုမူ ဘိုးဘွားလူကြီး စကားဝိုင်းမှ တစ်ဆင့် ကြားနာမှတ်သားဖူးပါသည်။ ရှေးမြန်မာ
ထုံးတမ်းစဉ်လာအုပ်ချုပ် ရေး စနစ်အရ ရာထူးအဆင့်ဆင့်တို့၏ အခေါ်အဝေါ် ဖြစ်၍ မျက် မှောက်လူငယ်တို့
ကြားဖူးကြမည် မထင်ပါ။ အစိုးရ အသိအမှတ် ပြု ခန့်အပ်ထားသူများ ဖြစ်ကြ၏။ ကျွန်တော် နားလည်ဖူးခဲ့သော
ရပ်မိရပ်ဖများမှာ ယင်းသို့သော ရာထူးရာခံများ မဟုတ်တတ်ကြ ပါ။ ရပ်ရွာက ကြည်ညိုလေးစား၍
မိခင်ဖခင်အလားကောင်း တိုင် ပင်ဆိုး တိုင်ပင်ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ တော်တန်ရုံကိစ္စကြီး
ငယ်များကို သူကြီးထံ မှောက်သို့ ရောက်ရှိစေခြင်း မရှိပါ။ တတ် နိုင်သမျှ ရပ်မိရပ်ဖတို့က
အေးရာအေးကြောင်း ဖျောင့်ဖျညှိနှိုင်း ဆုံးဖြတ်ပေးကြသည်။ ရိုသေသမှုဖြင့် အားလုံးကလည်း
သဘော တူ လိုက်နာကြ၏။ တော်တည့် မှန်ကန်သော အကြုံပြုမှုကို ပေး စွမ်းနိုင်သောကြောင့်
အဓိက ဖြစ်မည်။ အသက်အရွယ် ကြီးခြင်း၊ အမြော်အမြင် ကြီးခြင်း၊ အဂတိမလိုက် တရားသဖြင့်သာ
ချင့်ချိန် အကြံပြုဆုံးဖြတ်ပေးနိုင်ခြင်း စသော သီလဂုဏ် သမာဓိဂုဏ် ပ ညာဂုဏ်တို့နှင့်
ပြည့်စုံသူများလည်း ဖြစ်ကြခြင်းမို့ပါ။
.
.
လွန်ခဲ့သော ၄ နှစ် ၅ နှစ်ခန့်မှ စတင်၍ မြို့မိမြို့ဖ ဆိုသော အခေါ်
အသုံးနှင့် ကျွန်တော် ရင်းနှီးခွင့်ရ၏။ တောင်ကြီးမြို့၌ ရပ်ကွက် ၂၂ ရှိသည်ဟု မှတ်သားဖူးရာ
ထိုမြို့အခေါ်ကို ရှေ့တန်းတင်သော မြို့မိမြို့ဖသည် တော်တန်ရုံ အရည်အသွေးမျှနှင့် ဖြစ်နိုင်လိမ့်မည်
မထင်ပါ။ စာလေးပေလေး ရေးကာ အေးအေး နေတတ်သော ကျွန်တော်သည် မြို့မိမြို့ဖတစ်ဦး ဖြစ်လာလိမ့်မည်ဟု
ဘယ်တုန်း ကမှ မစဉ်းစားမိခဲ့ဖူးပါ။ သို့သော် အသက် ၇၀ ပြည့်ပြီးသည့် နောက်ပိုင်းမှာ ရွေးချယ်
တာဝန်ပေးလာသောအခါ၌ မူရင်းစိတ် ထားအရ မလုပ်လိုငြားသော်လည်း မကင်းအကြောင်းတရားများ ကြောင့်
လက်ခံပေးလိုက်ရ၏။ ခေါ်လာလျှင် အပြေးအလွှားသွား ကိုယ်စွမ်းဉာဏ်စွမ်း နှုတ်စွမ်းရှိသမျှ
ကျေပွန်အောင် ဆောင်ရွက် ပေးရမြဲပါ။ လောကတံထွာ ဓမ္မအတိုင်းပင် ကြိုက်သူရှိ မကြိုက် သူရှိ
နှစ်လို့ သူရှိ၊ မနှစ်လို့သူ ရှိ၊ အားပေးသူရှိ တိုက်ခိုက်သူရှိ အမျိုး မျိုး တွေ့ကြုံရပါ၏။
တရားဥပဒေအရ၊ လူမှုရေးအရ၊ သာသနာ့ အဆုံးအမအရ အဖက်ဖက်မှ စဉ်းစားချင့်ချိန်ရခြင်းသည် လွယ်
သည့်ကိစ္စတော့ မဟုတ်ပါပေ။ အမှားအယွင်း မရှိအောင် ကြိုးစား ရပါ၏။ တာဝန်တော့ ကြီးပါသည်။
အပြောမမှားအောင် စကား လုံး ရွေးရ၏။ နှုတ်ထွက်စကားမှာ ဘွာခတ်၍ မတင့်တယ်ပါ။ စာ အရေးမှားက
ပြင်ဆင်နိုင်၏။ စိတ်ကျေနပ်မှု ရှိမှ စာမူကို လက် လွှတ်၍ ဖြစ်၏။ စာရေးဝါသနာကြီးကြောင့်ပင်
လက်သင်ဘဝမှာ ပြဿနာကြီးငယ် တက်ခဲ့ဖူးလှပြီ။ မှန်ရာ တည့်ပြောတတ်ခဲ့ခြင်း ကြောင့် လူမုန်းများခဲ့ဖူးပြီ။
ကမ္ဘောဇတိုင်း သတင်းဂျာနယ်က မြှောက်စား၍ မီဒီယာအကြံပေး ဖြစ်လာသောအခါ မြို့မိမြို့ဖ
စာ ရင်းဝင်သွားပါလေရော။ ဪ ဒုက္ခ ဒုက္ခ။
.
လူကြီးဆိုတာ
ကျွန်တော့်ခေါင်းစီးကြီး၌ မြို့မိမြို့ဖ၊ ဂေါပကနှင့် နာယကဟူ ၍
တန်းစီထားသည့်အတိုင်း ကြီးစဉ်ငယ်လိုက် အဆင့်ဆင့်မြင့် တက်ခဲ့သလို တာဝန်ကလည်း ပို၍ ကြီးသွားလိမ့်မည်
ကျွန်တော် ယူဆ၏။ နာယကမှာ အဖွဲ့အသင်း တစ်ရပ်၏ အလုပ်အမှုဆောင် ကော်မတီ အထက်မှာတော့ နေရာပေးထား၏။
ထိန်းမတ်ညှိနှိုင်း ပေးရုံမျှသာ ရှိပါမည်။ ထိုမှတစ်ဆင့် မြင့်တက်သော ဂေါပက လူ ကြီးဆိုသူတို့ကား
သာသနာရေး ကဏ္ဍမို့ တစ်ချက်မှား ငရဲလား ပါလိမ့်မည်။ အလွန့်အလွန် သတိကပ်နိုင်ပါမှ တန်ရုံကျပါ၏။
မ စားအပ် မလုပ်အပ် မဆုံးဖြတ်အပ်သည်တို့ကို လောဘဒေါသမော ဟ တို့ကြောင့် မှားယွင်းမိခဲ့သည်
ရှိသော် သံသရာအရေး ဝန်လေး စရာရှိလှသည်။ အသက် ၅၀ မကျော်သေးဘဲနှင့် ဂေါပက လူကြီး လုပ်ဝံ့သော
သူတို့အား သတ္တိ ကောင်းလှချည့်ဟု ကျွန်တော်ချီ ကျူးမြဲ ဖြစ်ပါ၏။ ယခု အသက် ၇၅ နှစ်တွင်း
ချင်းနင်းဝင်ရောက် လာပြီး ဖြစ်သော ကျွန်တော့်အဖို့ မရဲဝံ့ပါကြောင်း ရိုးသားစွာ ဝန်
ခံရပါ၏။ အဖွဲ့ဖြင့် အများသဘောတူ ဆုံးဖြတ်လုပ်ကိုင်ရခြင်း သည် လွယ်တော့ မလွယ်လှပါ။ အများညီ
ဤကိုကျွဲဖတ်ရပါတော့ မည်လေ။
.
မြို့မိမြို့ဖအဖြစ် နိုင်ငံရေးပါတီကြီး တစ်ခုမှ ကျွန်တော့်ကို
ဆောင်ရွက်ပေးပါရန် မေတ္တာ ရပ်ခံလာစဦးမှာပင် "ကျွန်တော့် ထက် ပိုပြီး သင့်တော်သူကို
ဦးစားပေး ရွေးလိုက်ပါရန်" တောင်းပန် ရ၏။ အားနာလောက်အောင် အပြောကောင်း၍ ခေါင်းညိတ်ရ
ပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း ပဏာမ မဲပေးဖို့ တက်ရောက်သူ လူအစိတ်အနက် မြို့မိမြို့ဖက
၅ ဦး ပါဝင်၏။ ၅ ပုံမှာ တစ်ပုံ အချိုးအစားပါ။ အထက်မှ အကောင်းဆုံး ဖြစ်ရန် တစ်ကြိမ်နှင့်
တစ်ကြိမ် ပိုကောင်းအောင်မူ ပြင်ဆင်သတ်မှတ် ပေးပါသည်။ နောင်ကိုလည်း ပို၍ ကောင်းမွန်မည့်
အစီအစဉ်မူဝါ ဒများ ပြုပြင်ချမှတ်ရပေလိမ့်ဦးမည်။ လုပ်ရင်းကိုင်ရင်း ဟာကွက် မြင်ရင်း
ပြုပြင်ရင်းဖြင့် ပြီးပြည့်စုံသော လုပ်နည်းလုပ်ဟန်တို့ကို အတွေ့အကြုံမှ ရယူကြရစမြဲ
ဖြစ်ပါသည်။
.
လူကြီးဆိုတာ အသက်အရွယ် တစ်ခုကြီးရင့်ဖို့ လိုပါ၏။
အ နည်းဆုံး ၆၅ နှစ်မှ မကျော်လျှင် ရင့်ကျက် ပြည့်ဝသော ပုဂ္ဂိုလ် ဖြစ်နိုင်ပါမည်လား
စဉ်းစားဖွယ်ပါ။ အစိုးရက အငြိမ်းစားအသက် ၆၀ ပြည့်ပြီးမှပေးသည် ဖြစ်ရာ၊ လူကြီးသည် အနည်းဆုံး
၆၀ ကို တော့ ကျော်သင့်ပါမည်။ ကိုယ့်သမိုင်းကြောင်းကို ကိုယ်တိုင်ရေး သည်ဟု ဆို၏။ ၆၀
ကျော်နှစ် အတွင်း ယင်း ပုဂ္ဂိုလ်ဘာတွေ လုပ် ခဲ့ကြောင်း တစေ့တစောင်းတော့ လေ့လာသိရှိနိုင်ပါမည်။
အများ အကျိုး ဆောင်ကြဉ်းပေးခဲ့ခြင်း၊ တော်တည့်မှန်ကန်သော စိတ် ထားရှိခြင်း၊ သူ၏ ဆုံးဖြတ်
လုပ်ကိုင်ချက်တို့ကို လူသာဓုခေါ်၊ နတ်သာဓု ခေါ်နိုင်ခြင်း၊ ဗြဟ္မစိုရ် တရားလေးပါးနှင့်အညီ
နေထိုင် ခြင်း၊ ထကြွနှိုးကြား သနားသည်းခံ ဝေဖန်ထောက်ရှု ၆ ခုသော နာယကဂုဏ်နှင့် ပြည့်စုံခြင်း၊
ဆန္ဒဒေါသဘယာ မောဟအဂတိ တရား ၄ ပါး ကင်းရှင်းခြင်း၊ အရေးအကြီးဆုံးကား ထေရဝါဗုဒ္ဓ ဘာသာဝင်ပီပီ၊
ဝိပဿနာတရား အားထုတ်ဖူး၍ နာမ်ရုပ်ကွဲ၊ ဖြစ် ပျက်မြင်ခြင်းဖြစ်ဖို့တော့ လိုအပ်ပါမည်။
လောကီဘွဲ့ တစ်ခုပိုင် ပြီး၊ ဂဏန်းပုတ်သင်၊ ကိုင်းပင်လိပ်မျိုး၊ နွားသိုးခွေးအတို့ ကဲ့သို့
မကျင့်သုံးသောသူမှာ အတော်အရည်အချင်း ပြည့်စုံသူ ဖြစ်လိမ့် မည်ဟု အညွှန်းပေတံကို ဖော်ပြလိုက်ရပါကြောင်း။
No comments:
Post a Comment