အောင်ပန်းတွင် အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 12, 2020

အောင်ပန်းတွင် အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံး


ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ(၃)တွင် ဇူလိုင်လ ၁၂ ရက်၊ နေ့လယ်ပိုင်းက အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။
.

သေဆုံးသူမှာ အသက် ၂၆ နှစ်အရွယ် ကိုဝင်းနိုင် ဖြစ်ပြီး ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ(၃)ရှိ နွား မွေးမြူရေးခြံ အပေါ်ထပ် သစ်သားတန်း၌ ကြိုးချည်ကာ ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား “ဦးစိုးနိုင်” နာရေးကူညီမှုအသင်း မော်တော်ယာဉ်ဖြင့် အောင်ပန်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ ကိုဝင်းနိုင် ကြိုးဆွဲချ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အောင်ပန်းနယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၁/၂၀၂၀)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats