ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နှင့် မိုင်းရယ်မြို့တို့တွင် ဇူလိုင်လ ၉ ရက်နှင့် ၁၀ ရက်က ငွေကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့က သီးခြားစီ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး
တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ
သက်သေများနှင့်အတူ ဇူလိုင်လ ၉ ရက်၊ ညနေ ၃ နာရီခန့်က တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊
ဝမ်မိုင်ကျေးရွာရှိ လမ်းပေါ်တွင် မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာနေ လီမာ(ခ)အားဒို
မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော
ဆာလာအိတ် အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃ဝဝဝဝဝ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်
သိန်းပေါင်း ၄၅ဝဝ)အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ
ဇူလိုင်လ ၁ဝ ရက်၊ ညနေ ၆ နာရီခန့်တွင် မိုင်းရယ်မြို့နယ်၊ မိုင်းရယ်-လားရှိုးသွား ကားလမ်းတွင်
မိုင်းရယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ လားရှိုးမြို့၊ ရပ်ကွက်(၇) နေသူများ ဖြစ်သည့်
ကျင်ရှန်ရှုံး စီးနင်း မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ဟွယ်ချန် စီးနင်း မောင်းနှင်လာသည့်
မော်တော်ယာဉ်တို့အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဟွယ်ချန် မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်တွင်
၎င်းတို့ ၂ ဦး အကျိုးတူ သိုဝှက် သယ်ဆောင်လာသော Ice အလေးချိန် ၃ဝ ကီလို (ဒေသကာလပေါက်စျေး
တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၆ဝဝဝ)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းနှင့် မိုင်းရယ်မြို့မ
ရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က
သတင်း ထုတ်ပြန်ထားသည်။
No comments:
Post a Comment