ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံကျေးရွာ၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဇူလိုင် ၁၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများမှာ တရုတ်နိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊
ယုံအမ်းခရိုင်၊ ဟုန်ထန်မြို့တွင် နေထိုင်ကြသူများ ဖြစ်ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ ရောက်ရှိ နေထိုင်ပြီးနောက် အလုပ်
အဆင်မပြေသဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာစဉ် ကျိုင်းတုံမြို့နယ်၊
ဝမ်တာပုံကျေးရွာ၌ ဖမ်းဆီး ရမိခြင်း ဖြစ်ကြောင်း
သိရသည်။
.
၎င်းတို့သည် လွန်ခဲ့သော တစ်လခန့်က တရုတ်နိုင်ငံမှ မိုင်းဖျန်မြို့သို့ ရောက်ရှိခဲ့ပြီးနောက်
တရုတ်ငွေ ယွမ် ၃၀၀၀၀ ဖြင့် ကားငှားရမ်းကာ မိုင်းယန်း-
မိုင်းခတ်- ကျိုင်းတုံမြို့များသို့ ဖြတ်သန်းကာ
တာချီလိတ်မြို့သို့ ရောက်ရှိ နေထိုင်ခဲ့ရာ အလုပ်အကိုင်
အဆင်မပြေသဖြင့် တရုတ်နိုင်ငံသို့ လာရာလမ်းအတိုင်း ပြန်စဉ် ဝမ်တာပုံကျေးရွာသို့ အရောက်၌ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများအရ
သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံများကို ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၃၂၂/၂၀၂၀၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ)
အက်ဥဒေပုဒ်မ ၁၃(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
No comments:
Post a Comment