ဈေးသည်ဈေးဝယ် စုံလို့ရယ် ကျန်းမာရေးလည်း ဂရုစိုက်မယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, July 7, 2020

ဈေးသည်ဈေးဝယ် စုံလို့ရယ် ကျန်းမာရေးလည်း ဂရုစိုက်မယ်


အောင်ဆန်းဝင်း
.
ရောဂါဖြစ်စအချိန်နဲ့ လော့ခ်ဒေါင်း ချတာများတဲ့ အချိန်တုန်း ကတော့ လမ်းမပေါ်မှာ လူတွေ တော်တော်များများ ပျောက်သွား တယ်။ အသွားအလာ မရှိသလောက် ဖြစ်အောင်ကို ပျောက်သွား တာပေါ့။ ပိုးတွေ့တဲ့ လူနာကလည်း တစ်ယောက်စ ၂ ယောက်စ ဆိုသလို ဖြစ်ခဲ့သေးတာကိုး။ အခုနောက်ပိုင်းကျတော့ အကြောက် အလန့် မရှိတော့တာလား၊ မကြောက်တော့တာလားတော့ မ ပြောတတ် တော့ဘူး။ အားလုံး အရင်လို ပုံမှန်အတိုင်း သွားသွား လာလာ ပြန်ဖြစ်နေတယ်။ နှာခေါင်းစည်း တပ်တာနည်းသွားတာ ကို တွေ့ရတယ်။ ဈေးရောင်းတဲ့နေရာတွေမှာဆိုရင် လူစုလူဝေးနဲ့ ရောင်းချတာတွေကို တွေ့ရတယ်။ ရောဂါက ပျောက်မသွားသေး ဘူး။ ပိုးတွေ့ လူနာကလည်း နေ့စဉ်လို ရှိနေသေးတယ်။ ဖြစ်နိုင် ရင်တော့ အားလုံး ဂရုစိုက်ပြီး နေထိုင်သွားလာဖို့ လိုအပ်နေသေး တယ်။ ဆိုင်နီးနားချင်း မိတ်ဆွေတစ်ယောက်က ပြောတယ်။
.
မိတ်ဆွေက လက်ရှိ ဖြစ်ပွားနေတဲ့ ကပ်ရောဂါ အခြေအနေ နဲ့ ပတ်သက်ပြီး ကျန်းမာရေးပိုင်း ဆိုင်ရာကို အတော်ကြီး ဂရု စိုက်တယ်။ သူတစ်ယောက်တည်းတင် မဟုတ်ဘဲ သူ့မိသားစုဝင် တွေကိုပါ အသိပညာပေးမှုတွေ လုပ်တာကို တွေ့ရတယ်။ ရောဂါ ဖြစ်ပွားစ အချိန်တုန်းက လုပ်ငန်းတွေ ရပ်နားပြီး အမှန်အကန် အိမ်တွင်းပုန်းတာ ၂ လကျော် ၃ လ နီးပါး။ အခု နည်းနည်းတည် ငြိမ်မှု ရှိလာလို့ သူ့ဆိုင်လေး ပြန်ဖွင့်ပြီး လုပ်ငန်း လည်ပတ်တာ တောင် ရက်ပိုင်းသာသာလောက်။ သူ့ဆိုင်ရှေ့မှာ လက်ဆေး ဆပ် ပြာရည်နဲ့ ရေပုံး အမြဲတမ်းချထားတယ်။ အပြင်ထွက်တိုင်း နှာ ခေါင်းစည်း တပ်ဖို့ မမေ့ဘူး။ ပြန်ရောက်ရင် လက်ကို ဆပ်ပြာနဲ့အ ကြိမ်တိုင်း ဆေးတယ်။ သက်ဆိုင်ရာ ဌာနက ထုတ်ပြန်တဲ့ ကျန်း မာရေး အသိပညာပေးတွေကိုလည်း လက်ကိုင်ဖုန်းနဲ့ အမြဲနား စွင့်တယ်။ တစ်ဦးတစ်ယောက်ချင်း လိုက်နာရမည့် စည်းကမ်း ချက်တွေ လိုက်နာတယ် ပြောရမှာပေါ့။
.
ကိုဗစ် ၁၉ ဆိုတဲ့ ကပ်ရောဂါဆိုးက ကမ္ဘာတစ်ဝှမ်းကို တိုက် ခိုက်နေတာ အခုချိန်ထိ ရပ်နားခြင်း မရှိသေးပါဘူး။ တချို့တစ် ဝက် ထိန်းချုပ်နိုင်ပြီလို့ အသံကောင်း ဟစ်တဲ့ တရုတ်နိုင်ငံမြို့ကြီး တချို့မှာ ရောဂါပိုး တွေ့ရှိလူနာတွေ တစ်ကျော့ ပြန်လာနေပါ တယ်။ ကမ္ဘာအရပ်ရပ်ကို အကြီးအကျယ် ထိုးနှက်နေတဲ့ ရောဂါပိုး အတွက် ကာကွယ် ကုသဆေးလည်း မတွေ့ရှိသေးပါဘူး။ ပညာ ရှင်တွေ အသည်းအသန် ရှာဖွေနေပေမယ့် ကာကွယ်ကုသ ဆေး က လိုက်လေ ဝေးလေ ဖြစ်နေလားတော့ မပြောတတ်။ ဘယ်အ ချိန်မှာ ဆေးတွေ့မယ်၊ ဆေးတွေ့ခဲ့ရင်တောင် ဘယ်နေ့ ဘယ် ရက်မှ ကိုယ့်နိုင်ငံ အလှည့်ကျမယ် ဆိုတာ အတိအကျ မသိနိုင်တဲ့ အတွက် ကျန်းမာရေး ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး လိုက်နာဖို့ လို အပ်နေသေးတာတော့ အမှန်။ ဒုတိယလှိုင်း ရိုက်ခတ်မှု ရှိလာခဲ့ ရင်၊ ရိုက်ခတ်လာနိုင်တယ်ဆိုတာသတိပြုမိနေဖို့ လိုအပ်ပါတယ်။
.
တစ်ခါတစ်ခါကျတော့ ရွှေမြန်မာတွေက အခက်သား။ မ လုပ်ရင်အရှင်း လုပ်ရင် အရှင်း ပြောရမလား။ ကြောက်လိုက်တုန်း က ဟေးလာမောင်တို့ဝါးဆိုပြီး တက်ညီလက်ညီ အိမ်တွင်းပုန်း တာ လမ်းတွေပေါ် အပျောက်ကို ရိုက်လို့။ မကြောက်ဘူးဆိုပြန် တော့ ရှိမှန်းမသိ၊ ဂရုစိုက်ရမှန်းတောင် သတိမရကြတော့ဘူး။ ကိုမြင့်နိုင်ကြီး (ကိုဗစ် ၁၉)ပဲ သေရွာကို တိတိကျကျ ရောက်သွား သလိုလိုနဲ့။ တကယ်တမ်း တွေးကြည့်ရင် အန္တရာယ်စက်ကွင်းက လွတ်ကင်းခြင်း မရှိသေးပါဘူး။ ပြည်တွင်း ပိုးတွေ့ လူနာ မရှိပေ မယ့် ပြည်တော်ပြန်တွေမှာ ပိုးတွေ့လူနာ နေ့စဉ်လိုလို ရှိနေပါ တယ်။ နောက် နယ်စပ်ဒေသတွေမှာ တိတ်တိတ်ပုန်း ဝင်ရောက် နေတာတွေ ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။ ရခိုင်ပြည်နယ် ဘက်က ခိုးဝင်လာတဲ့ လူတွေဆီမှာ ရောဂါပိုး တွေ့ရှိတာကို အွန် လိုင်းသတင်း နေ့စဉ် သတင်းစာတွေမှာ ဖတ်ရှုကြားသိနေရပါ တယ်။
.
ရှမ်းပြည်နယ်ဟာ ဆိုရင်လည်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာ အို အစရှိတဲ့ နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ဒီလို နယ်နိမိတ်ခြင်း ထိစပ်တဲ့ နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ် ကိုင်တဲ့ လူတွေ သန်းနဲ့ချီ ရှိပါတယ်။ ရောဂါဖြစ်ပွားစ အချိန်က နေ လက်ရှိ အချိန်ထိ နိုင်ငံတော် အစိုးရ အစီအမံနဲ့ ပြည်တော် ပြန်လာတဲ့ လူတွေ အများအပြား ရှိသလို၊ တချို့လည်း တိတ်တ ဆိတ် ဝင်ရောက်လာတွေ ရှိတယ်လို့ ကြားသိနေရပါတယ်။ အစိုး ရ အစီအမံနဲ့ ဝင်ရောက်လာသူတွေမှာ ပြဿနာ သိပ်မရှိပေမယ့် တိတ်တဆိတ် ဝင်ရောက်လာသူတွေကို သတိမထားမိရင် ရောဂါ က အစိုးမရဖြစ်သွားနိုင်တဲ့ အနေအထားပါ။ အရေးကြီးဆုံး အ ချက်က ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေကို လိုက်နာဖို့ လိုအပ်နေသေးတာပါ။ လက်ရှိ တောင်ကြီးမြို့ပေါ်မှာ မြင်တွေ့ နေရတဲ့ အခြေအနေကတော့ သွေးအေးသလို ဖြစ်နေပါတယ်။
.


.
နာရေး ပို့ဆောင်တာတွေကို ကြည့်ရင် လိုက်ပါ ပို့ဆောင်တဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အစီးရေ များလာသလို၊ ပို့ဆောင်သူတွေလည်း များလာပါတယ်။ ကိုယ်ပိုင် ကားငယ်တ ချို့ပေါ်မှာ ၅ ယောက်၊ ၆ ယောက်အထိ တင်ဆောင်တာမျိုးတွေ ရှိနေပါတယ်။ နှာခေါင်းစည်း သေသေချာ တပ်ထားတဲ့ လူတွေပါ သလို၊ မေးသိုင်းထားတဲ့ လူ၊ လုံးဝ မပါတဲ့လူတွေလည်း တွေ့ရပါ တယ်။ နာရေး ပို့တဲ့ လိုင်းကားတွေပေါ်မှာလည်း ပို့ဆောင်သူ အ များအပြား ဖြစ်နေပါတယ်။ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီးကို မိတ်ဆွေတွေ၊ ကျွမ်းဝင်သူတွေ လိုက်ပါ ပို့ဆောင်တာ တားမြစ် လို့တော့ မရနိုင်ပါဘူး။ ဒါပေမဲ့ အခုလို ရောဂါဖြစ်ပွားဆဲ ကာလ တစ်ခုမှာ ထိုက်သင့်သလောက်နဲ့သာ သွားသင့်ကြပါတယ်။ ကိုယ့် အရပ် ကိုယ့်ဒေသကို ကိုယ်တိုင်ကာကွယ်မှသာ ရောဂါရိုက်ခတ် မှုလှိုင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
.

နောက်ထပ်အရေးကြီးတာ တစ်ခုက ဈေးရောင်းတဲ့ နေရာ တွေပေါ့။ ဈေးဆိုတာမျိုးက လူပေါင်းစုံ ဝင်ထွက်သွားလာတဲ့ နေ ရာတစ်ခု ဖြစ်တော့ ဘယ်သူ ဘယ်နေရာက လာတယ်ဆိုတာ အ တိအကျ မသိနိုင်ဘူး။ ရောဂါဖြစ်နေတာ မသိတဲ့ လူတစ်ယောက် လောက် ဈေးဝယ်ထွက် မိတာမျိုး ဖြစ်ခဲ့ရင်အတော်ကြီး ဒုက္ခရောက်သွားနိုင်တယ်။ လောလောဆယ်ကတော့ ကိုယ့်မြို့ မှာ ရောဂါပိုး တွေ့တဲ့လူ မရှိတဲ့အတွက် စိုးရိမ်စရာ မလိုပေမယ့် အမြဲတမ်း ဂရုစိုက်ဖို့တော့ လိုအပ်တယ်လို့ ထင်တယ်။ အခုဈေး တွေ ပြန်ဖွင့်လိုက်တော့ ဈေးဝယ်တဲ့လူတွေ များလာတာကို တွေ့ ရတယ်။ ဈေးဝယ်တဲ့ လူတွေထဲမှာ အကာအကွယ်ဖြစ်တဲ့ နှာ ခေါင်းစည်း တပ်ထားတဲ့လူတွေ ရှိသလို၊ မတပ်ထားတဲ့ လူတွေ လည်း တွေ့နေရပါတယ်။ ပေါ့ပေါ့ဆဆ လုပ်လို့ မရသေးတဲ့အနေ အထား ဖြစ်နေသေးတယ်လို့ မိတ်ဆွေက စိုးရိမ်စိတ်နဲ့ ဆက် ပြောတယ်။
.
တောင်ကြီးမြို့ပေါ်မှာရှိတဲ့ အဓိကဈေးကြီးတွေ ပြန်လည် ဖွင့်လှစ် ရောင်းချနေပြီ ဖြစ်ပါတယ်။ မြို့မဈေးကြီးထဲက ဆိုင်ခန်း တွေကို အလှည့်ကျ စနစ်နဲ့ ဖွင့်လှစ် ရောင်းချကြပါတယ်။ ဆိုင် ခန်းတွေရဲ့ မျက်နှာစာ အကျယ်ဟာ ၁၀ ပေလောက် ရှိပါတယ်။ အလှည့်ကျစနစ် ဖွင့်တဲ့အတွက် စည်းကမ်း သတ်မှတ်ချက် အရ ကြည့်ရင် အဆင်ပြေသလို ရှိပါတယ်။ မြို့မဈေးကြီး အရှေ့ဘက် မှာရှိတဲ့ ဈေးဝယ်စင်တာကြီးမှာ ဈေးဝယ်သူတွေ စည်ကားများ ပြားတာကို တွေ့ရပါတယ်။ စည်ပင်သာယာ လက်အောက်ခံဈေး မဟုတ်တဲ့အတွက် ကျန်းမာရေး ဆိုင်ရာနဲ့ ပတ်သက်ပြီး ပြုလုပ် ထားတဲ့ အစီအစဉ်တွေကို လူတိုင်း သိရှိအောင် ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ ဝေဖန်မှု တချို့လည်း ရှိနေပါတယ်။ ဈေးဝယ်လာ သူတိုင်း လူအမျိုးမျိုး စိတ်အထွေထွေ ရှိတတ်တဲ့အတွက် စင်တာ တာဝန်ရှိသူတွေဘက်က လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာတွေ ပြင် ဆင်ထားဖို့ လိုအပ်ပါတယ်။
.
ကျန်းမာရေးဆိုင်ရာနဲ့ ပတ်သက်ပြီး မျက်ကွယ်ပြုသလို ဖြစ် နေတာတော့ ပုံကျဈေးသည်တွေပါ။ မိသားစု စားဝတ်နေရေးအ တွက် တစ်ဝမ်းတစ်ခါး ရုန်းကန်ရင်း စည်းကမ်းပိုင်းတွေကို လိုက် နာမှု မရှိကြတော့ပါဘူး။ ရဲဘော်ဈေးနားက အနောက်မြို့ပတ် လမ်းဘေးမှာ ခင်းတဲ့ ပျံကျဈေးသည်တွေ ဈေးခင်းတဲ့အနေအ ထားက ကျန်းမာရေးအရ ကြည့်ရင် အန္တရာယ်များလွန်း ပါတယ်။ တစ်ဆိုင်နဲ့ တစ်ဆိုင် ၆ ပေကွာဖို့နေနေသာသာ ခင်းပြီး ရောင်းချ တဲ့ ပစ္စည်းချင်းတောင် လက်ဆွဲ နှုတ်ဆက်သလို ဖြစ်နေပါတယ်။ ဈေးသည်ဈေးဝယ် အများစု နှာခေါင်းစည်း တပ်ဆင်ထားခြင်း လည်း မရှိပါဘူး။ ကပ်ရောဂါ အချိန်ကြာလာတာနဲ့ အမျှ မိသားစု တိုင်း အခက်အခဲ ကြုံတွေ့နေကြရတာပါ။ ဈေးသည်ဟာ ဈေး ရောင်းမှ စားဝတ်နေရေး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ အခုလိုကာ လမှာတော့ စည်းကမ်းပိုင်းဆိုင်ရာတွေ လိုက်နာဖို့ လိုအပ်နေပါ သေးတယ်။
.
ပျံကျဈေး ခင်းတာနဲ့ ပတ်သက်ပြီး နောက်ထပ် ဝေဖန်မှုတ ချို့ ရှိတဲ့ နေရာကတော့ စိန်ပန်း၊ ရွှေတောင် ရပ်ကွက် ၂ ခုနဲ့ သက် ဆိုင်တဲ့ ဒေါနလမ်းအတွင်းက ဈေးပါ။ ခင်းကျင်းရောင်းချတဲ့ ဆိုင် တွေက ပူးကပ်နေပါတယ်။ ကိုဗစ် ၁၉ ဆိုင်ရာ ကျန်းမာရေး ရှု ထောင့်က ကြည့်ရင် သင့်တော်မှု မရှိပါဘူး။ အဲဒီနေရာနဲ့ အနီး တစ်ဝိုက် မီးသွေးတန်း လမ်းဆုံနားမှာ ဈေးနာမည်အသစ်တစ်ခု ကိုလည်း ထူးထူးဆန်းဆန်း ကြားရပါသေးတယ်။ နာမည်က မီး ခွက်ဈေးပါတဲ့။ မနက် အစောပိုင်း ၄ နာရီလောက် ကုန်စိမ်းလက် ကားဖြန့်တဲ့ လူတွေနဲ့ တစ်ဆင့် ပြန်ရောင်းချမယ့် လူတွေ ပွဲတစ် လုံး ဖြစ်နေတယ်လို့ ဆိုကြတယ်။ အားလုံးရဲ့ စားဝတ်နေရေးအ တွက် တာဝန်ရှိသူတွေက ဖြေလျှော့မှု တချို့ လုပ်ဆောင်ပေးထား ပါတယ်။ ကျန်းမာရေးနဲ့ သက်ဆိုင်သူများအားလုံး ကျန်းမာရေး ဆိုင်ရာတွေကို လိုက်နာဖို့ လိုအပ်နေသေးကြောင်း မီးမှောင်းထိုး လိုက်ရပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

About