ခွန်သန်းအောင်
.
ကလောမြို့နယ်၊
အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အေးမြင့်သာယာရပ်၊ နယ်မြေ(၂)ရှိ လမ်းဘေးတွင် ဇူလိုင်လ
၁၀ ရက်၊ နေ့လယ်ပိုင်းက အမျိုးသား တစ်ဦး လဲကျသေဆုံးနေသဖြင့် ရုပ်အလောင်းအား အောင်ပန်းတိုက်နယ်
ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
.
သေဆုံးသူမှာ
အသက် ၃၅ နှစ်အရွယ်ခန့်ရှိ အောင်ကြီး (ခ) ပအိုဝ်း (နေရပ် မသိရ) အမျိုးသား ဖြစ်ပြီး နယ်မြေ(၂)ရှိ
လမ်းအတိုင်း အရက် မူးလျက် လမ်းလျှောက်နေစဉ် လဲကျ၍ မြေ၌ စွဲကပ်နေသော လမ်းခင်းကျောက်နှင့်
ရိုက်မိသဖြင့် ဦးခေါင်းနောက်စေ့တွင် ပေါက်ပြဲဒဏ်ရာ ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း
ရဲမှတ်တမ်းများအရ သိရသည်။
.
ထို့အတူ
သေဆုံးသူသည် ရပ်ကွက်အတွင်း လှည့်လည် သွား/လာကာ မူးယစ် သောက်စား၍ အရက်ကြောင် ကြောင်နေသူ
ဖြစ်ပြီး လမ်းဘေးတွင် မူးလဲ အိပ်နေလေ့ရှိသော အလေအလွင့် တစ်ယောက် ဖြစ်ကြောင်း ရဲမှတ်တမ်းများတွင်
ဖော်ပြထားသည်။
.
အဆိုပါ
သေဆုံးသူ၏ ရုပ် အလောင်းအား “ဦးစိုးနိုင်” လူမှုကူညီရေးအသင်းကားဖြင့် အောင်ပန်းတိုက်နယ်
ဆေးရုံသို့ ပို့ဆောင်ကာ အောင်ပန်းနယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၀/၂၀၂၀)ဖြင့်
အမှုဖွင့်လှစ်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment