ဆေးရုံဆင်းခွင့် ရထားသည့် တာချီလိတ်မှ COVID-19 လူနာအမှတ်(၉၆)တွင် ပိုး ပြန်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆေးရုံဆင်းခွင့် ရထားသည့် တာချီလိတ်မှ COVID-19 လူနာအမှတ်(၉၆)တွင် ပိုး ပြန်တွေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံဆေးရုံ၌ ဆေးကုသမှု ခံယူပြီးနောက် ၂ ကြိမ်ဆက်တိုက် ပိုး မတွေ့တော့သဖြင့် ဆေးရုံ ဆင်းခွင့် ရရှိခဲ့သည့် တာချီလိတ်မြို့မှ COVID-19 လူနာအမှတ်(၉၆)၏ ဓါတ်ခွဲနမူနာတွင် ဇွန်လ ၃၀ ရက်က ပိုး ပြန်တွေ့ခဲ့ကြောင်း သိရသည်
.
“ ပြန် စစ်တာကတော့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တော့ မရှိဘူး၊ ကျွန်တော်တို့ အတွက်လည်း သင်ခန်းစာ တစ်ခု ရတာပေါ့၊ သူက ရန်ကုန်ကို ပြန်ပြီး အလုပ် လုပ်မှာ ဖြစ်လို့ နောက်ထပ် Negative Result တစ်ခုလောက် ထပ် လိုချင်လို့၊ ဟို ရောက်ရင် Quarantine မဝင်ချင်လို့၊ သူ့ရဲ့ စိတ်ဆန္ဒ သဘောအရ စစ်လိုက်တော့ Positive တွေ့တာ ဖြစ်ပါတယ်။” ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ယင်းလူနာအား တာချီလိတ်ဆေးရုံတွင် Hospital Quarantine အဖြစ် ထားရှိမည် ဖြစ်ကာ လူနာနှင့် ထိတွေ့သူများကို ကျန်းမာရေးဝန်ထမ်းများက စုံစမ်းရှာဖွေမှုများ ပြုလုပ်လျက် ရှိကြောင်းလည်း သိရသည်။
.
အဆိုပါ COVID-19 လူနာအမှတ်(၉၆)သည် တာချီလိတ်မြို့မှ အသက် ၄၃ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ဧပြီလ ၁၉ ရက်တွင် ပိုးတွေ့လူနာအဖြစ် အတည်ပြုခံရပြီးနောက် မေလ ၆ ရက်တွင် ၂ ကြိမ်ဆက် ပိုး မတွေ့ရတော့သဖြင့် Hospital Quarantine ဝင်ပြီး မေလ ၂၀ ရက်တွင် ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့သူ ဖြစ်သည်။

Journal Download

Photo of three cats