ကျိုင်းတုံတွင် စော်ဘွားကြီး စဝ်မဟာခနန်ရုပ်တုများ ထားရှိမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 8, 2020

ကျိုင်းတုံတွင် စော်ဘွားကြီး စဝ်မဟာခနန်ရုပ်တုများ ထားရှိမည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စော်ဘွားကြီး စဝ်မဟာခနန်ရုပ်တုကို ကြေးနီဖြင့် ထုလုပ်ကာ မြို့၏ အထင်ကရ နေရာ ၂ ခု တွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
.
စော်ဘွားကြီး စဝ်မဟာခနန်၏ ကိုယ်လုံးပြည့်ရုပ်တုကို ကျိုင်းတုံမြို့၊ အမှတ် () ရပ်ကွက်ရှိ စဝ်လုံကတ် နန်းမြေ နေရာတွင် ထုလုပ်ထားရှိသွားမည် ဖြစ်ပြီး ပါလျံတံခါး ဘေးတွင်လည်း စော်ဘွားကြီး၏ ကိုယ်တစ်ပိုင်း ရုပ်တုကို ထုလုပ် ထားရှိသွားမည် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌနှင့် စော်ဘွားကြီး ရုပ်တုများ တည်ဆောက်ရေးအဖွဲ့ နာယက ဦးစိုင်းဟောင်ခမ်းထံက သိရသည်။
.

မြေနေရာကို ဦးစိုင်းတစ်အောင်က ကမကထ လုပ်ပြီး လှူတယ်။ ပန်းခြံလည်း အလှဆုံး ဖြစ်အောင် ပြန် လုပ်မယ်။ မီးလည်း ရတော့မယ်။ နောင်တုံကန်လမ်း ပြုပြင်နေပြီ။ ကျိုင်းတုံမြို့ရှင် စော်ဘွားကြီးရဲ့ ရုပ်တုနဲ့ မြို့ကျက်သရေ ဆောင်နိုင်ပြီး မြို့လည်း ပိုမိုလှပ ခန့်ညားစေမှာ ဖြစ်ပါတယ်ဟု ဦးစိုင်းဟောင်ခမ်းက ပြောသည်။
.
စော်ဘွားကြီး၏ ရုပ်တုများကို မန္တလေးမြို့တွင် သွန်းလောင်းနေလျက် ရှိပြီး လာမည့် စက်တင်ဘာလတွင် စိုက်ထူနိုင်မည် ဖြစ်ကြောင်းနှင့် ကိုယ်လုံးပြည့် ရုပ်တုအောက်ခံခုံမှာ အမြင် ၆ ပေ၊ ၉ လက်မ ရှိကာ ရုပ်တုမှာ ၆ ပေ၊ ၆ လက်မ ရှိမည် ဖြစ်ပြီး ကိုယ်တစ်ပိုင်းရုပ်တုမှာ ယင်း၏ ထက်ဝက် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ကိုယ်လုံးပြည့် ရုပ်တုကို ဖားစည် မဟာအောင်မြေ ပန်းခြံအတွင်း စိုက်ထူထားရှိမည် ဖြစ်ပြီး ကိုယ်တစ်ပိုင်းပုံကို ပါလျံတံခါး အနီးတွင် စိုက်ထူထားမည်ဖြစ်ကာ စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်းပေါင်း ၁၂၀၀ ခန့်မှန်းထားကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ စော်ဘွားကြီးစဝ်မဟာခနန်၏ ရုပ်တု တည်ဆောက်ရေး အတွက် ပြီးခဲ့သည့် ဇွန်လ ၄ ရက်က ကော်မတီ ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ရာ ယင်းအဖွဲ့တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး အပါအဝင် နာယက ၇  ဦးဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ဥက္ကဌမှာ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဖြစ်ကာ ရုပ်တု ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် စုစုပေါင်း ၂၃ ဦး ရှိကြောင်း သိရသည်။
.
#KBZTai  #Shan #News  #MinZawMin
.

No comments:

Post a Comment

Journal Download

Photo of three cats

About