အမေရိကန်ပြန် တစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 26, 2020

အမေရိကန်ပြန် တစ်ဦးတွင် COVID-19 ပိုးတွေ့


အမေရိကန်နိုင်ငံမှ ပြည်လည် ရောက်ရှိလာသူ တစ်ဦးတွင် COVID-19 ပိုး​​ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇူလိုင်လ ၂၆ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြု လူနာမှာ အမေရိကန်နိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိ၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ အသွားအလာ ကန့်သတ်ထားသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ အသက် ၅၀ နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း သိရသည်။
.

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တ​လေး)နှင့် အမှတ်(၁) တပ်မတော်ဆေးရုံတို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၈၆၆ ခုအနက် ၁ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇူလိုင်လ ၂၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၅၀ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၉၀ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About