COVID-19 အတည်ပြုလူနာ အသစ် ၂ ဦး ထပ်တွေ့၊ စုစု​ပေါင်း ၃၄၃ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 22, 2020

COVID-19 အတည်ပြုလူနာ အသစ် ၂ ဦး ထပ်တွေ့၊ စုစု​ပေါင်း ၃၄၃ ဦး ရှိ

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၂ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇူလိုင်လ ၂၂ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.

အဆိုပါ အတည်ပြု လူနာများမှာ ဖိလစ်ပိုင်နိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိ၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ အသွားအလာ ကန့်သတ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားနှင့် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။
.


အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တ​လေး)နှင့် (​မော်လမြိုင်)တို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၇၅၅ ခုအနက် ၂ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇူလိုင်လ ၂၂ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၄၃ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၈၀ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

.

#KBZTai #Shan #COVID19  #News

.

 

No comments:

Post a Comment

Journal Download

Photo of three cats

About