COVID-19 အတည်ပြုလူနာ အသစ် ၁ ဦး ထပ်တွေ့၊ စုစု​ပေါင်း ၃၄၁ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 19, 2020

COVID-19 အတည်ပြုလူနာ အသစ် ၁ ဦး ထပ်တွေ့၊ စုစု​ပေါင်း ၃၄၁ ဦး ရှိ

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၁ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇူလိုင်လ ၁၉ ရက်) နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အဆိုပါ အတည်ပြု လူနာမှာ အိန္ဒိယနိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိ၍ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ အသွားအလာ ကန့်သတ်ထားသည့် တွန်းဇံမြို့နယ်မှ အသက် ၅၄ နှစ်အရွယ် အမျိုးသမီး ဖြစ်​ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တ​လေး)နှင့် (​မော်လမြိုင်)တို့မှ (ဒုတိယအသုတ်) စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၉၈၉ ခုအနက် ၁ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇူလိုင်လ ၁၉ ရက်)၊ နံနက် ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၄၁ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၇၃ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About