COVID-19 အတည်ပြုလူနာ အသစ် ၂ ဦး ထပ်တွေ့ - Kanbawza Tai News

Breaking

Thursday, July 16, 2020

COVID-19 အတည်ပြုလူနာ အသစ် ၂ ဦး ထပ်တွေ့

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၂ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇူလိုင်လ ၁၆ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အဆိုပါ အတည်ပြု လူနာများမှာ ထိုင်းနိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိ၍ မန္တ​လေးတိုင်း​ဒေသကြီး၊ အမရပူရမြို့နယ်၌ အသွားအလာ ကန့်သတ်ထားသည့် ပြင်ဦးလွင်မြို့နယ်မှ အမျိုးသားနှင့် ပြည်ပသို့ ခရီးသွား ရာဇဝင် မရှိသည့်အပြင် ယခင် အတည်ပြုလူနာများနှင့် ထိ​တွေ့မှု မရှိသည့် ရခိုင်ပြည်နယ်၊ ​ကျောက်​တော်မြို့နယ်မှ အမျိုးသားတို့ ဖြစ်​ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တ​လေး)၊ (​မော်လမြိုင်)နှင့် ရန်ကုန်မြို့ရှိ တပ်မ​တော်​ဆေးရုံတို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၆၂၀ ခုအနက် ၂ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇူလိုင်လ ၁၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၃၉ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၇၀ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats