အမေရိကန်နိုင်ငံမှ ပြန်လာသော အမျိုးသား တစ်ဦးတွင် COVID-19 ပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇူလိုင်လ ၁၂ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြု လူနာအမှတ်(၃၃၁)သည်အမေရိကန်နိုင်ငံမှ ပြန်လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသားဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူ ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)တို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၀၉၉ ခုအနက် ၁ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇူလိုင်လ ၁၂ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၃၁ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၆၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
Sunday, July 12, 2020

အမေရိကန်ပြန် အမျိုးသား တစ်ဦးတွင် COVID-19 ပိုး တွေ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment