COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၇ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇူလိုင်လ ၄ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)/(မော်လမြိုင်)နှင့် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၅၉၉ ခုအနက် ၇ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
အဆိုပါ ပိုးတွေ့အတည်ပြုလူနာများမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်း၊ စင်္ကာပူနိုင်ငံများမှ ပြန်လည် ရောက်ရှိလာပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇူလိုင်လ ၄ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၃၁၃ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၄၀ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ အားလုံးမှာ ပြန်လည် သက်သာလာပြီ ဖြစ်သော်လည်း တာချီလိတ်မှ လူနာအမှတ်(၉၆)တွင် ပိုး ပြန်လည် တွေ့ရှိထားကြောင်း သိရသည်။
Saturday, July 4, 2020

COVID-19 ပိုးတွေ့ လူနာ ၇ ဦး တွေ့ရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment