မိုင်းတုံတွင် ၂ လုံးထီလောင်းကစားပြုလုပ်နေသူ တစ်ဦးကို ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 24, 2020

မိုင်းတုံတွင် ၂ လုံးထီလောင်းကစားပြုလုပ်နေသူ တစ်ဦးကို ဖမ်းဆီး

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့၊နောင်ပါရင်ရပ်ကွက်တွင် ဇူလိုင် ၂၃ ရက်  နေ့လယ်ပိုင်းက ၂လုံးထီ လောင်းကစားနေသူတစ်ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
“ဒီမှာက မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ ခိုးမှုတွေက လူထုကို ဒုက္ခပေးနေတာ ဖြစ်လို့ ဥပဒေအရ အရေးယူ ဆောင်ရွက်တာဖြစ်ပါတယ်။ မှုခင်းတွေ ကျူးလွန်မှုလျော့အောင် လုပ်ဆောင်နေခြင်းပါ”ဟု မိုင်းတုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က ပြောသည်။
.
မိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ နောင်ပါရင် ရပ်ကွက်ရှိ ဇော်ဇော်၏အိမ်အား ဝင်ရောက်ရှာဖွေရာ ဇော်ဇော်အား ၂ လုံးထီလောင်းကစားသည့် ဘောက်ချာ စာအုပ်၊ ဖြတ်ပိုင်းများ၊ ဂဏန်း နံပါတ် များမှတ်သားထားသော စာအုပ် တစ်အုပ်နှင့် မြန်မာငွေရောရာ ၅၃၂၀၀ ကျပ်တို့ကို တွေ့ရှိဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ၂ လုံးထီလောင်းကစားပြုလုပ်ရောင်းချနေသူ ဇော်ဇော်အား မိုင်းတုံမြို့မရဲစခန်းမှ (ပ)၂၀/၂၀၂၀၊ လောင်းကစား ဥပဒေ ပုဒ်မ-၁၈(က)အရ အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About