မင်းမင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ 24 State Leader ၈၈ မျိုးဆက် ပ
ရဟိတအသင်း၏ အလုပ်အမှုဆောင် ကော်မတီအား ဇူလိုင်လ ၃ ရက်က ဖွဲ့ စည်းခဲ့ကြောင်း
သိရသည်။
.
.
“အသင်းအဖွဲ့
မှတ်ပုံတင် ခရိုင် အဆင့်တင်တာမှာ ခရိုင်အဆင့်က အ လုပ်အမှုဆောင် ကော်မတီမှာ ၁၃ ဦး
ပြည့်မှ ဖွဲ့စည်းလို့ရတာ။ အသင်းအဖွဲ့ မှတ်ပုံတင်ရအောင် အလုပ်အမှု ဆောင် ကော်မတီကို
ယာယီ ဖွဲ့စည်း လိုက်တယ်။ ကော်မတီ ဖွဲ့တုန်းက လည်း ယာယီအနေနဲ့ ဖွဲ့စည်းတာ
ဖြစ်တယ်လို့ ပြောခဲ့တယ်။ အသင်းအ နေနဲ့ကလည်း ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်လို့
အသင်းရဲ့ ရှေ့လုပ်ငန်းစဉ်တွေ အတွက် လိုအပ် တဲ့ ကော်မတီ အသီးသီးကို ထပ်ဖြည့်
ချင်တဲ့အတွက် ဇွန်လ ၂၈ ရက်မှာ အ စည်းဝေး ထိုင်ပြီးတော့ အလုပ်အမှု
ဆောင်ယာယီကော်မတီကို ဖျက်သိမ်း ပြီးတော့ အလုပ်အမှုဆောင် ကော်မ တီအသစ် ဖွဲ့တယ်။
အသင်းအတွက် လိုအပ်နေတဲ့ သတင်း ပြန်ကြားရေး ကော်မတီနဲ့ စာရင်းစစ် ကော်မတီကို
ထပ်ဖွဲ့တယ်”ဟု 24 State
Leaders ၈၈ မျိုးဆက် ပရဟိတအသင်း၏ အ တွင်းရေးမှူး ကိုလင်းထွဋ်က ကမ္ဘော ဇတိုင်းသို့
ပြောသည်။
အစည်းအဝေးတွင် အလုပ်အမှု ဆောင်များအား ကဏ္ဍအလိုက် တာ
ဝန်များ ခွဲပေးအပ်ခဲ့ပြီး အသင်း၏ ရှေ့ လုပ်ငန်းစဉ် ဖြစ်သည့် ပရဟိတ လုပ် ငန်း
ဆောင်ရွက်မည့် အခြေအနေကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါအသင်း အနေဖြင့် ပရဟိ တလုပ်ငန်းများအား တရားဝင်အ
သင်းအဖွဲ့ မှတ်ပုံတင်၍ ဆောင်ရွက် လျက်ရှိပြီး မဖွံ့ဖြိုးသေးသော ပြည် နယ်အတွင်းရှိ
ကျေးရွာများသို့ သွား ရောက်၍ ပညာရေးနှင့် သက်ဆိုင် သည့် ပရဟိတ လုပ်ငန်းများ ဆောင်
ရွက်ရန်နှင့် သဘာဝဘေး အန္တရာယ် နှင့် ကြုံတွေ့ရသော ပြည်နယ်အတွင်း ရှိ ဒေသများတွင်
လူမှုကယ်ဆယ်ရေး စောင့်ရှောက်ရေး လုပ်ငန်းများ ပြု လုပ်နိုင်ရန် ရည်ရွယ်ကာ
ဖွဲ့စည်းထား ခြင်းဖြစ်ကြောင်း သိရသည်။
.
24 State
Leaders ၈၈ မျိုးဆက် ပရဟိတအသင်းအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင် ဖွဲ့စည်းခဲ့ပြီး
၂၀၂၀ ပြည့်နှစ်၊ မေလတွင် တရားဝင် အသင်းအဖွဲ့ မှတ်ပုံတင် ရရှိထားကာ တောင်ကြီးမြို့၊
ကျောင်းကြီးစု ရပ် ကွက်၊ နယ်မြေ (၇)၊ စံပယ် လမ်းတွင် ရုံး ဖွင့်လှစ်ထားကြောင်း
သိရသည်။
.
No comments:
Post a Comment