၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် မြောက်ပိုင်း ၄ ဖွဲ့ကို ဖိတ်ကြားရန် ညှိနှိုင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, July 18, 2020

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် မြောက်ပိုင်း ၄ ဖွဲ့ကို ဖိတ်ကြားရန် ညှိနှိုင်းနေ

မင်းဇော်မင်း
.
လာမည့် ဩဂုတ်လအတွင်း ကျင်းပရန် လျာထားသည့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ အစည်အဝေးတွင် အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေး သည့် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့ကို ဖိတ်ကြားနိုင်ရန် ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။
.

.
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ဇူလိုင်လ ၁၇ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ဦးဇော်ဌေးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“မြောက်ပိုင်းအဖွဲ့တွေကို ဖိတ်ဖို့ စဉ်းစားနေတယ်။ ညှိနှိုင်းနေတယ်။ ထိုးပြီးသားအဖွဲ့တွေနဲ့ စည်းမျဉ်း စည်းကမ်းတွေ ကျေလည်အောင် ညှိနေတယ်။ ညှိနှိုင်းမှုတွေကနေ ထွက်ရှိလာတဲ့ ညွှန်ကြားချက်တွေ အပေါ် မူတည်ပြီး အချိန်မီအောင် ဆောင်ရွက်သွားမှာပါ”ဟု ဦးဇော်ဌေး ကပြောသည်။
.
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ဖိတ်ကြားရာတွင် ထိပ်သီးခေါင်းဆောင် ၂ ဦးကိုသာ ဖိတ်ကြားရန် လျာထားပြီး ကိုယ်စားတက်ရောက်ခွင့်ကို မပြုဟု ၎င်းကဆိုသည်။
.
လက်မှတ်မထိုးတဲ့ အဖွဲ့တွေ ဖိတ်တဲ့အခါမှာလည်း ဒီစည်းမျဉ်းစည်းကမ်းတွေ လျှော့ပေးလို့မရဘူး။ ဒါမျိုး တွေ ကျွန်တော်တို့ ညှိနှိုင်းနေတယ်။ ပြီးရင် လူစားထိုးပြီးတော့ တက်ရောက်တာမျိုးမရဘူး။ ဖိတ်ကြားရင် ဖိတ်ကြားတဲ့လူပဲ။ သူ့ကိုယ်စား စေလွှတ်တာတွေ ကျွန်တော်တို့ခွင့်မပြုဘူး” ဟု ဦးဇော်ဌေးက ဆက်လက် ပြောဆိုခဲ့သည်။
.
ယင်းသို့ စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်မည့် အစည်းအဝေးကို ယခင်ကပြုလုပ်ခဲသည့် အစည်းအဝေးများ တွင် တက်ရောက်ခဲ့သည့် လူဦးရေ၏ ၃ ပုံ ၁ ပုံ သို့ လျှော့ချစီစဉ်ထားပြီး တက်ရောက် မည့် ကိုယ်စားလှယ်များသည် သတ်မှတ်ရက်ထက် ကြိုတင်လာရောက်ကာ COVID -19 ရောဂါပိုး ရှိ/မရှိ ဆေးစစ်ခံ ရမည်ဖြစ်ကြောင်း သိရသည်။
.
အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် မြောက်ပိုင်းလက်နက်ကိုင် ၄  ဖွဲ့မှာ KIAAATNLA နှင့် MNDAA တို့ဖြစ်ကြောင်း သိရသည်။
.
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးများကို မကျင်းပနိုင်ခဲ့သည်မှာ ၂ နှစ်ခန့် ကြာမြင့် ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About