တိုင်းပြည်သွားရာ လမ်းက အတားအဆီးတန်းတွေ - Kanbawza Tai News

Breaking

Sunday, July 12, 2020

တိုင်းပြည်သွားရာ လမ်းက အတားအဆီးတန်းတွေ


ကိုလင်းထိန်
.
ငြိမ်ဝပ် ဘေးကင်း သာယာဝပြောရာ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်လာရေး လက်ရှိ ချီတက်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ခရီးမှာ အရာ ၃ ခုက လာ အနှောင့်အယှက် ပြုနေ တာ တွေ့ရသလိုပါ။ ဆက် အခွင့်ထူးခံလိုသူတွေ၊ အခွင့်အာဏာ မတော်လျော်စွာ ရှာလာသူတွေ၊ ကိုယ့် အခွင့်အရေး ကိုယ်အပြည့် ကျင့်သုံးတဲ့ နိုင်ငံအဖြစ် မဖြစ်လာစေလိုသူတွေ (နောက်လိုက်နိုင်ငံ ဒါမှမဟုတ် အရည်ကျဲ အားပျော့နိုင်ငံ ဖြစ်လာစေလိုသူတွေ)က အနှောင့်အယှက် ပြုတာလို့ နားလည်နေရသလိုပါ။ ဒါကို ဆူဆူပူ ပူ လှုပ်လှုပ်ရှားရှား အဖြစ် တွေ့နေရတဲ့ အမှုကိစ္စတွေ ကနေ တွေ့ သိရနိုင်နေပါတယ်။
 .
အခွင့်ထူးခံလိုသူတွေက တပ်ဝတ်စုံကို၊ သင်္ကန်းကို အလွဲသုံးစား ပြုပြီး အနီရောင် အောက်ခံမှာ အဖြူရောင်စာလုံးသုံး ဆန္ဒပြ ဆိုင်းဘုတ်တွေနဲ့ လူစုလူဝေးတစ်ခုကို ပေါ်ပေါက် ထွက် ပေါ်လာစေတတ်ကြတာကို တွေ့ရပါတယ်။ ကြေညာချက်တွေကို လည်း ထုတ်စေတာ၊ လက်မှတ်စုထိုး ကန့်ကွက်စေတာဆိုတာမျိုး ကိုလည်း လုပ်စေတာ တွေ့ရပါတယ်။
.
အခွင့်ထူးခံလိုသူတွေက တပ်ဝတ်စုံကို၊ သင်္ကန်းကို အလွဲသုံးစား ပြုပြီး အနီရောင် အောက်ခံမှာ အဖြူရောင်စာလုံးသုံး ဆန္ဒပြ ဆိုင်းဘုတ်တွေနဲ့ လူစုလူဝေးတစ်ခုကို ပေါ်ပေါက် ထွက် ပေါ်လာစေတတ်ကြတာကို တွေ့ရပါတယ်။
အခွင့်အာဏာကို မတော်လျော်စွာ ရှာလာသူတွေကတော့ ကျောင်းသားဝတ်စုံ၊ အလုပ်သမား ဝတ်စုံ၊ လယ်သမားဝတ်စုံ၊ ပ ညာရေးဝန်ထမ်း ကျန်းမာရေးဝန်ထမ်း ဝတ်စုံ စသဖြင့်ကို အလွဲ သုံး စားပြုပြီး ပိတ်ဖြူစ နောက်ခံမှာ အနီရောင် စာလုံးသုံး ဆန္ဒပြ ဆိုင်းဘုတ်နဲ့ လူစုလူဝေးတစ်ခုကို ပေါ်ပေါ်ထွက်လာ စေတတ်ကြ တာကို တွေ့ရပါတယ်။ ကြေညာချက်တွေကိုလည်း ထုတ်စေတာ၊ လက်မှတ်စုထိုး ကန့်ကွက်စေတာ ဆိုတာမျိုးလည်း လုပ်စေတာ တွေ့ရပါတယ်။
.
ကိုယ့်အခွင့်အရေးကိုယ် အပြည့် ကျင့်သုံးတဲ့ နိုင်ငံအဖြစ် မဖြစ်လာ စေလိုသူတွေက အရပ်ဖက်အဖွဲ့ CSO ဝတ်စုံ၊ အစိုးရ မဟုတ်သော အဖွဲ့ NGO ဝတ်စုံ၊ သတင်းမီဒီယာ ဝတ်စုံ စသဖြင့် ဝတ်စုံ အစုံကို အလွဲသုံးစား ပြုပြီး ကတ်ထူစက္ကူ နောက်ခံမှာ အ နက်ရောင် စာလုံးသုံး ဆန္ဒပြဆိုင်းဘုတ်နဲ့ လူစုလူဝေးတစ်ခုကို ပေါ်ပေါ်ထွက်လာစေတတ်ကြတာ ဖြစ်တာကို တွေ့ရပါတယ်။  ကြေညာချက်တွေကိုလည်း ထုတ်စေတာ၊ လက်မှတ်စုထိုး ကန့် ကွက်စေတာဆိုတာမျိုးကိုလည်း အလုပ်စေဆုံး ဆိုတာကို တွေ့ ရပါတယ်။
.
ပထမအုပ်စုရဲ့ အမျိုးသားရေးဆိုတဲ့ ခေါင်းစည်းတပ် လှုပ် ရှားမှုတွေကိုကတော့ ၂၀၁၈ နောက်ပိုင်းတွေမှာ လျော့ကျသွားခဲ့ တာကို တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ အဖွဲ့အစည်းရဲ့ အမည်ကို အ မည် တစ်မျိုးကနေ တစ်မျိုး ပြောင်းဖွဲ့နေရတာတွေနဲ့ သူတို့ အ ဖွဲ့အစည်းက ဦးဆောင်သူတွေ တရားစွဲ ခံရတာတွေနဲ့ ပြေးလွှား ပုန်းအောင်းရတာတွေ ဖြစ်လာရလို့ လျော့ကျသွားရတာမျိုး ဖြစ် တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း အခု ၂၀၂၀ ပြည့်နှစ် နှစ်စ မှာတော့ သူတို့တွေလည်း အဖွဲ့အမည် သစ်၊ လူသစ် တချို့တွေနဲ့ တကျော့ ပြန်လည် လှုပ်ရှားလာကြပြန်တာကို တစ်ဖန် ပြန်တွေ့ နေရပြန်ပါတယ်။
.
ဒုတိယအုပ်စုကတော့ ဟိုး ယခင်ကနေ အခု ၂၀၂၀ ထိ အ ဆက်မပြတ် လှုပ်ရှားနေကြတာကို တွေ့ရပါတယ်။ ကိုဗစ်-၁၉ ကူးစက် ရောဂါပိုး အကြောင်းပြပြီး တက္ကသိုလ်စာမေးပွဲတွေကို ရွှေ့ဆိုင်းပေး၊ ခွပ်ဒေါင်းအလံ ပါတီတွေ မသုံးရေး ဆိုတာက အခု ဆောင်းပါး ရေးချိန်ထိ တွေ့ရတဲ့ ၎င်းတို့ရဲ့ နောက်ဆုံးလှုပ်ရှားမှု ဖြစ်နေခဲ့တာ တွေ့ခဲ့ရပါတယ်။  ၂၀၁၅ ဒီမိုကရေစီ ပညာရေး သ ပိတ်ဆိုတဲ့ မန္တလေးကနေ ရန်ကုန်ထိ ချီတက် ဆန္ဒပြပွဲကနေ ယခု ကိုဗစ်အကြောင်းပြ ဆန္ဒပြပွဲထိ အထက် မြန်မာပြည် အောက် မြန်မာပြည် ကျောင်းစုံ ကျောင်းတွင်း ကျောင်းပြင် ကန့်ကွက်ဆန္ဒ ပြပွဲပေါင်းများစွာကို အချိန်မျဉ်းနဲ့ တကွ စီပြီး ပြန် ကြည့်ကြည့်ပါ ရင် ၎င်းအုပ်စုရဲ့ လှုပ်ရှားနေမှုကို ပိုထင်ရှားစွာ တွေ့လာရမှာ ဖြစ် ပါတယ်။ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲကို အကြောင်းပြု ပြီး မဲလာမဆွယ်နဲ့ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြတဲ့ ဆန္ဒပြ ပွဲငယ်၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောနေစဉ် အခမ်းအနား တစ်ခုမှာ ဖိတ်ကြားခံရတာကိုပင် စည်းမ‌စောင့်ဘဲ စာရွက် ဖြန့် ထောင် ဆန္ဒပြတာမျိုးလေးတွေကိုပါ ထည့်သွင်းကြည့်ကြည့်ကြ ရမှာ ဖြစ်ပါတယ်။ အဲဒီကနေမှ အခြေခံပညာ မူလတန်း၊ အလယ် တန်း၊ အထက်တန်း စာမေးပွဲတွေကို ယခင် ကျင်းပချိန်မှာသာ ကျင်းပပေး ဆိုတဲ့ ဆရာများ သမဂ္ဂဆိုတဲ့ လှုပ်ရှားမှုတွေ ဆိုတာက လည်း အဆိုပါ အုပ်စုရဲ့ ကိုင်းခွဲ လှုပ်ရှားမှုတစ်ခုပဲ ဖြစ်နေတာကို တွေ့ရနိုင် ပြန်ပါတယ်။ အဆိုပါ အုပ်စုဟာပဲ စက်ရုံအလုပ်ရုံတွေ မှာသာမကရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးရှေ့ထိ ချီတက် အထိုင်ချ ဆန္ဒပြကြတဲ့ အလုပ်သမား ဆန္ဒပြပွဲတွေ တစ်ခုပြီး တစ် ခုနဲ့ ရွာလုံးကျွတ် ပိတ်ဆို့ ဆန္ဒပြကြတဲ့ လယ်သမား ဆန္ဒပြပွဲတွေ ကိုလည်း ဖြစ်ပေါ်နေစေသူတွေပဲ ဖြစ်တယ်လို့ ဆက် စွပ်စွဲဆိုလို့ ရနိုင်နေတယ် ဆိုတာကိုလည်း တွေ့ရနိုင်နေပါတယ်။
.
အကြောင်းကတော့ ဒီ ဒုတိယ အုပ်စုဟာ ၈၈ တုန်းက ပြိုကွဲသွားခဲ့ရတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အဆက်အနွယ်တွေ နဲ့ ၈၈ တုန်းက ပြည်ပ ထွက်ခွာသွားခဲ့ကြတဲ့ ၈၈ အရေးတော်ပုံ ထွက် (ယခု ပြည်သူထောက်ခံမှု မရှိကြတော့တဲ့) သူတွေရဲ့ အဖွဲ့ ဖြစ်နေလို့ပဲ ဖြစ်တယ်လို့ နားလည် နေရလို့ပဲ ဖြစ်ပါတယ်။ ကွန် မြူနစ်ဝါဒ သက်ဝင် ယုံကြည်ကြသူတွေမို့ ၎င်းတို့မှာ အလုပ်သ မား လယ်သမား သမဂ္ဂတွေက အသင့် လက်ကိုင်ရှိနေသူများ ဖြစ် နေပါမယ်။ ထိုကမှ ၈၈ အရေးတော်ပုံထွက် ထောင်တန်းလွတ် ခဲ့တဲ့ ၈၈ ပုဂ္ဂိုလ်တချို့နဲ့ ပူးပေါင်းပြီး လစ်လပ်နေတဲ့ ကျောင်းသား သမဂ္ဂဆိုတာကို ဖွဲ့ယူထားခဲ့ပြီး ထိုမှတစ်ဆင့် ထိုအစု ၂ ခုရဲ့ကိုယ့် တပည့် သားမြေး အသိအကျွမ်း အဆက်အသွယ်တွေနဲ့ ဝန်ထမ်း အလွှာစုံ သမဂ္ဂတွေကို လိုက်ဖွဲ့ကာ အခု နောက်ပိုင်းမှာ လူခွဲလှုပ် ရှား နေကြတယ်လို့ နားလည်စရာက ရှိနေရလို့ပဲ ဖြစ်ပါတယ်။ ထိုသမဂ္ဂတွေ အသုံးပြုလို့နဲ့ ၎င်းတို့က အများကိုယ်စားပြုမှု ရှိနေ တဲ့ အသွင်ယူကာ ယခုအခါ မှတ်ပုံတင်ပြီး ဖြစ်နေတဲ့ ၎င်းတို့ရဲ့ အ နည်းဆုံးပါတီ ၂ ခုကို တွန်းတင်ဖို့ လုပ်နေကြတယ်လို့ နားလည် နေရပါတယ်။ ဒါ့အပြင် အစိုးရ ဖွဲ့နိုင်သွားတဲ့ ပါတီတွေကိုလည်း ခုကစလို့ နောင်မှာ ဒီ သမဂ္ဂတွေကို သုံးစွဲလို့ပဲ ၎င်းတို့ အကျိုးအ တွက် အပေးအယူ လုပ်နိုင်နေရအောင် လုပ်နေကြတယ်လို့လည်း နားလည်နေရ ပါသေးတယ်။ မိမိတို့အုပ်စု အစိုးရ ဖွဲ့သွား နိုင်ခဲ့ရင် လည်း တကယ့် အလုပ်သမား လယ်သမား ကျောင်းသား အသံ စစ်တွေ မထွက်ပေါ်လာနိုင်အောင် ဒီသမဂ္ဂ အယောင်ပြ တွေနဲ့ပဲ မျက်လှည့်ပြမယ်လို့ စီစဉ်စိတ်ကူးမှုနဲ့ လုပ်ဆောင်နေကြသလို လို့လည်း နားလည်စရာက ရှိနေပါတယ်။ သမဂ္ဂဆိုတာကိုကြီးစွာ အလွဲ သုံးစားမှု ပြုမူနေတာမျိုး ဖြစ်နေတယ်လို့ မြင်တွေ့နေရ တာမျိုးမို့ အဆိုပါ အုပ်စုဟာ မိမိတို့ ယုံကြည်ရာကို မိမိတို့ယုံကြည် ရာနည်းနဲ့ လုပ်နေတယ်လို့တော့ မြင်လို့မရ ဖြစ်နေပါတယ်။ ကျောင်းသားသမဂ္ဂတွေ အတွက် မိမိတို့ လက်ကိုင်တုတ်ကျောင်း သားတွေ မပြတ်ရနေဖို့ ပညာဒါနကျောင်းတွေ၊ စာကြည့်တိုက် တွေ လိုက်ထူထောင်ပြီး အဆက်မပြတ်ရ လေအောင် လူမွေးယူ လှုပ်ရှားနေကြတယ်ဆိုပြီးလည်း နားလည်နေရပါသေးတယ်။ စာ နယ်ဇင်း တချို့ကိုလည်း ထူထောင်ထားကာ (တင်စားဆိုရပါရင်) စာရေးဆရာ၊ ကဗျာဆရာ ဝတ်စုံတွေကိုလည်း အလွဲသုံးထားကြ ပြန်တာက ရှိနေသေးတယ်လို့လည်း ဆိုလို့ရနေတာက ရှိနေပါ သေးတယ်။
.

တတိယအုပ်စုရဲ့ လှုပ်ရှားမှုတွေဟာလည်း ၂၀၁၅ ကနေ ယခု  ၂၀၂၀ ထိ အဆက်ပြတ်တယ်လို့ မရှိဘဲ နိုင်ငံတော် လျှို့ဝှက်ဥပဒေ ကို ချိုးဖောက်ကြောင်း ပေါ်ပေါက်တဲ့ ရိုက်တာ သတင်းထောက် ၂ ယောက် လွတ်မြောက်ရေး ဆိုတာကနေ လက်ရှိ ICJ ကိစ္စ မြန် ပြည်စု အပြစ်ရှိတယ် ဆိုတာမျိုးထိ ထောက်ခံနေကြတာတွေ၊ မြန်မာ့လွှတ်တော်က အမည် မဆုံးဖြတ်ရသေးတဲ့ ရိုဟင်ဂျာ အမည်သုံး ကဗျာရွတ်ပွဲ လုပ်တာမျိုးတွေထိ လှုပ်ရှားနေကြတာ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်၊ အင်တာနက် ဖြတ်တောက်မှု ရပ်ဆိုတာတွေ လုပ်နေကြတာတွေ စသဖြင့်ကို တွေ့နေရပါတယ်။ ဒီအုပ်စုရဲ့ လှုပ်ရှားနေကြမှု လာရာ ပင်ရင်းဇစ်မြစ်ကတော့ အင်္ဂ လိပ်စကားပြော နိုင်ငံ ၅ နိုင်ငံနဲ့ ဥရောပ ၂ နိုင်ငံရဲ့  အရပ်ဖက် အ ဖွဲ့များ ဖွံ့ဖြိုးရေး စီမံကိန်း၊ သတင်းမီဒီယာ ဖွံ့ဖြိုးရေးစီမံကိန်းဆို တဲ့ ခေါင်းစဉ်တွေနဲ့ ငွေ၊ နည်းပညာ၊ သင်တန်းပေး ထောက်ပံ့ပေး နေမှုတွေကနေ ထွက်ပေါ်လာတာတွေဖြစ်တာကို တွေ့နေရပါ တယ်။ ဥပမာအနေနဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင် စီကနေ အရေးဆို တိုက်တွန်းခြင်းနှင့် အနီးကပ်ချိတ်ဆက် ဆောင် ရွက်ခြင်းဆိုင်ရာ လုပ်ငန်းများ အတွက် ရန်ပုံငွေ The Advocacy & Engagement Fund (AEF) ဆိုတဲ့ အစီအစဉ်၊ တိုက်ရိုက် လှုပ် ရှားမှု ရန်ပုံငွေ The Direct Action Fund (DAF) ဆိုတဲ့ အစီအ စဉ်နဲ့ လူထု အကျိုးပြု သတင်းနှင့် သတင်းဆောင်းပါး ထဲထဲ ဝင် ဝင် ရေးသား ထုတ်လုပ်ရန်နှင့် တီထွင် ဆန်းသစ်မှုများအတွက် ထောက်ပံ့မှု In-depth Reporting and Innovation Support Scheme- IRISS ဆိုတဲ့ အစီအစဉ်တွေကနေ ငွေစသဖြင့် ထောက် ပံ့မှုတွေ ရှိနေလို့ ဒီတတိယအုပ်စုဟာ ထွက်ပေါ်လှုပ်ရှားနိုင် နေ ခဲ့ကြတာမျိုး ဖြစ်တာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်ကြေးရုပ် ကန့် ကွက်တဲ့ အရပ်ဖက် အဖွဲ့တွေတောင် ဒါမျိုးတွေကနေထွက်ပေါ် လာနေကြတာလား ဆိုတာက မေးခွန်းထုတ်စရာ ရှိနေတာတွေ့ ရပါတယ်။ ဒီ အစီအစဉ်တွေကို အင်္ဂလိပ် စကားပြော နိုင်ငံတွေက တခြားသော ဖွံ့ဖြိုးရေး အကူအညီပေးမှုတွေနဲ့ အမြဲ တွဲလုပ်လို့ အစိုးရ အနေနဲ့ကလည်း ၎င်း အင်္ဂလိပ်နိုင်ငံစုရဲ့ အထက်ကလို အစီအစဉ်တွေကို တားလို့ ငြင်းလို့ မရသေးဖြစ်နေသေးတယ်လို့ နားလည်နေရပါတယ်။ ပြီးတော့လည်း လူသားဟာ အစုအသင်း အဖွဲ့နဲ့ နေတတ်တဲ့ သတ္တဝါမျိုးမို့ အသင်းအပင်း ဖွဲ့ခွင့်၊ အလှူငွေ လက်ခံခွင့် ရှိနေတာကနေ အသင်းအပင်း အဖွဲ့အစည်းဆိုင်ရာ ဥပဒေအရ ၎င်း အင်္ဂလိပ် နိုင်ငံစုနဲ့ ဥရောပ နိုင်ငံ ၂ ခုရဲ့ အထက်က လို အစီအစဉ်တွေက လည်ပတ်နိုင်နေတာမျိုးတွေ ဖြစ်တယ်လို့ လည်း နားလည်နေရပါတယ်။
.
သတင်းမီဒီယာ ဖွံ့ဖြိုးရေးစီမံကိန်းက ထွက် လာတဲ့ သတင်းသမား မီဒီယာတွေက စာလုံးမည်းနဲ့ သတင်းအမြဲ လုပ်ပေးနေကြရတာကို တွေ့နေရပါတယ်။ သတင်းမီဒီယာ ဖွံ့ ဖြိုးရေးစီမံကိန်းက ထွက်လာတဲ့ သတင်းသမား သတင်း မီဒီယာ တွေ တရားစွဲ ခံရရင်၊ ရေးမရ လွှင့်မရတာမျိုးတွေ ဖြစ်လာခဲ့ရရင် အရပ်ဖက်အဖွဲ့များ ဖွံ့ဖြိုးရေးစီမံကိန်းက ထွက်လာတဲ့ အရပ် ဖက်အဖွဲ့တွေက ဆန္ဒပြပေးကြရတာမျိုးနဲ့လည်း အဆိုပါ တတိ ယ အုပ်စုဟာ လည်ပတ် လှုပ်ရှားနေတာမျိုး ဖြစ်တာကို တွေ့နေ ရပါတယ်။
အထက် အရပ်ဖက်အဖွဲ့များ ဖွံ့ဖြိုးရေးစီမံကိန်းက ထွက်လာတဲ့ အရပ်ဖက် အဖွဲ့တွေရဲ့ ဟိုဥပဒေပြင်၊ ဒီဥပဒေပြု၊ ဒီ နိုင်ငံတကာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး စသဖြင့်နဲ့ ဖီးမေးနစ်ဝါဒ ပို့ချတာ၊ LGBTဝါဒ ပို့ချတာ စတဲ့ လှုပ်ရှားနေမှု မှန် သမျှကို အထက်က သတင်းမီဒီယာ ဖွံ့ဖြိုးရေးစီမံကိန်းက ထွက် လာတဲ့ သတင်းသမား မီဒီယာတွေက စာလုံးမည်းနဲ့ သတင်းအမြဲ လုပ်ပေးနေကြရတာကို တွေ့နေရပါတယ်။ သတင်းမီဒီယာ ဖွံ့ ဖြိုးရေးစီမံကိန်းက ထွက်လာတဲ့ သတင်းသမား သတင်း မီဒီယာ တွေ တရားစွဲ ခံရရင်၊ ရေးမရ လွှင့်မရတာမျိုးတွေ ဖြစ်လာခဲ့ရရင် အရပ်ဖက်အဖွဲ့များ ဖွံ့ဖြိုးရေးစီမံကိန်းက ထွက်လာတဲ့ အရပ် ဖက်အဖွဲ့တွေက ဆန္ဒပြပေးကြရတာမျိုးနဲ့လည်း အဆိုပါ တတိ ယ အုပ်စုဟာ လည်ပတ် လှုပ်ရှားနေတာမျိုး ဖြစ်တာကို တွေ့နေ ရပါတယ်။ ဒါ့အပြင် သတင်းမီဒီယာ ဖွံ့ဖြိုးရေး စီမံကိန်းထွက် သ တင်းသမား သတင်းမီဒီယာတွေဟာ ငွေထောက်သူ အင်္ဂလိပ် စကားပြောနိုင်ငံစု ထိန်တဲ့ သတင်း ခေါင်းစဉ်တွေကို မိမိတို့ မီဒီ ယာတွေမှာ လိုက်ထိန်းပေးရပြီး၊ မှိန်တဲ့ သတင်းခေါင်းစဉ်တွေကို တော့ လိုက်မှိန်ပေးကြရတာကိုလည်း တွေ့ရပါတယ်။ ဒီအရပ် ဖက် အဖွဲ့တွေ၊ ဒီသတင်းမီဒီယာတွေနဲ့ သူတို့မွေး ပြည်တွင်းပြည် ပက အခြား Watch Group၊ Right Group တွေကို ကုလသမဂ္ဂ ထိ ရောက်ပေါက်အောင် ငွေထောက်ပေးထားသူ အင်္ဂလိပ်စကား ပြောနိုင်ငံစုက လမ်းကြောင်း ဖောက်ပေးထားပြီး ဒါတွေကို သုံး လို့၊ ဒီယန္တရားတွေရဲ့ ထောက်ကူမှုကို ရယူလို့နဲ့ ၎င်းတို့ရဲ့ ဗီတို ထိုင်ခုံနေရာတွေကနေ ကမ္ဘာကို ၎င်းတို့အလိုကျ စီရင်အုပ်စိုးသမှု ပြုနိုင်နေဖို့ လုပ်ထားကြတာကိုပါ တွေ့နေရပါတယ်။ ရခိုင် အ ရေးမှာ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ ကြုံတွေ့သွားရတာတွေဟာ အထက် အင်္ဂလိပ်စကားပြော နိုင်ငံစုရဲ့ အထက်ပါ ယန္တရားတွေရဲ့ အထက်ကလို စုပေါင်း ချိတ်ဆက် လည်ပတ်ချက်တွေကြောင့်ပဲ ဖြစ်တာကို တွေ့ရနိုင်ပါတယ်။
.
ဒီတတိယအုပ်စုဟာ အထက်က ဒုတိယအုပ်စုနဲ့ ချိတ်ဆက် မှု ရှိနေပြန်တာကိုလည်း တွေ့နေရပြန်ပါသေးတယ်။ ဒုတိယအုပ်စု က အုပ်စုဝင် လူတချို့က လူခွဲပြီး အင်္ဂလိပ်စကားပြော တစ်နိုင်ငံ (ဒါမှမဟုတ်) ဥရောပ ၂ နိုင်ငံရဲ့  အထက်ကလို အထောက်အပံ့ တမျိုးမျိုးကို သွားလျှောက်ယူပြီး NGO, CSO အဖွဲ့ ဖွဲ့ လှုပ်ရှားတာ ကနေ ချိတ်ဆက်မှု ရှိသွားနေတာမျိုး ဖြစ်တာ တွေ့ရပါတယ်။ ICJ ကိစ္စဆီက တိုင်းပြည်ရဲ့ အမှုလိုက် ရှေ့နေကြီးတွေ အလုပ်ကိစ္စ လာရင်း ရန်ကုန်တက္ကသိုလ်ထဲ လာလည်ကြတာမှာ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂဝင် အရေအတွက် တချို့က ကန့် ကွက် ဆန္ဒပြကြတယ်ဆိုတာက ဒီ တတိယအုပ်စုနဲ့ အထက်က ဒုတိယအုပ်စု ၂ ခုဟာ ချိတ်ဆက်မှုတွေ ရှိနေတာကို ပြသနေနှင့် တာ ဖြစ်နေခဲ့ပါတယ်။
.
ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ကျောင်းသားအဖွဲ့၊ အလုပ်သမားအဖွဲ့၊ တောင်သူလယ်သမားအဖွဲ့၊ သံဃာအဖွဲ့၊ အရပ်ဖက်အဖွဲ့တွေ၊ ပြီးတော့ နိုင်ငံ့ ကျန်းမာရေး ပညာရေး ကာ ကွယ်ရေး စတဲ့ ဝန်ထမ်းအဖွဲ့ တွေနဲ့ သတင်းမီဒီယာ အဖွဲ့တွေ ဟာ တစ်ဦး တစ်စု တနိုင်ငံငံရဲ့ လှည့်ဖျား လက်ဝါးကြီးအုပ် ဝါးမြို ခံထားရတဲ့ အဖြစ်မျိုး၊ ကျောထောက်နောက်ခံပြု ခုတုံးလုပ် သုံးစွဲခံထား ရ တဲ့ အဖြစ်မျိုးကနေ အမြဲပဲ ကင်းလွတ်ပါစေသောလို့ အမြဲပဲ ဆုတောင်း နေရပါတော့တယ်။ နောက်ပြီးလည်း အမျိုး သားရေး၊ တော်လှန်ရေးဆိုတဲ့ စိတ်နူးညွတ်စရာ ခေါင်းစဉ် ကြီးတွေ နဖူးစည်း တင်ပြီး လက်နက်စွဲကိုင် လှုပ်ရှားမှု ပြုနေသ လိုနဲ့ မိမိတို့ရဲ့ အိတ်ကပ်တွေထဲကိုပဲ ဥစ္စာဓနတွေ ဖြည့် တင်းတာတွေပဲ လုပ်ဆောင်နေကြတဲ့ တိုင်းရင်းသား ဝတ်စုံ အလွဲ သုံးစား ပြုသူတွေ လက်ကနေလည်း မြန်မာနိုင်ငံ ဟာ လွတ်မြောက် ပါစေသော်ဟု ဆုတောင်း နေရပါတော့တယ်။

No comments:

Post a Comment

Journal Download

Photo of three cats