ရပ်စောက်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ

ထမံသီ

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ မားသဲကျေးရွာအုပ်စု၊ ငါးပင်ရွာဟောင်း ကျေးရွာတွင် ဇွန်လ ၁၁ ရက်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ရပ်စောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၁ ရက်က မားသဲကျေးရွာ အုပ်စု၊ ငါးပင်ရွာဟောင်း ကျေးရွာနေ မျိုးထွန်း (၃၀ နှစ်) ၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်း ကုတင်ခြေရင်းနံရံ အပေါ်တန်းပေါ်နှင့် နေအိမ်ဘုရားစင်နံရံ တန်းပေါ်တို့မှ WY စာတမ်းပါ ပန်းရောင်မူးယစ်စိတ်ကြွ ဆေးပြား ၂၀၀၃ ပြား၊ မြန်မာငွေရောရာ ၂၆၀၀၀၀ ကျပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မူးယစ်ဆေးဝါးများအား ရောင်းချ/သုံးစွဲရန် လက်ဝယ်ထားရှိသူ မျိုးထွန်းအား ရပ်စောက်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats