ထမံသီ
.
ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန် ပုံငွေဖြင့် ဆောင်ရွက်သည့်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း(SMU)ကို ရပ်
စောက်မြို့နယ်၊ ဖောင်းတောကျေးရွာ အုပ်စု၊ မြေနီကုန်းကျေးရွာမှ ပထမ ဆုံး
ရရှိခဲ့ပြီး စီမံကိန်း လုပ်ငန်းများ စ တင်အကောင် အထည်ဖော် ဆောင် ရွက်လျက် ရှိသည်ဟု
သိရသည်။
.
.
“စီမံကိန်းကို
စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍ၊ လူနေမှု ပတ်ဝန်း ကျင် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့
ဝင် ငွေတိုးကဏ္ဍတို့ကို ရှေးရှုဆောင်ရွက် တာ ဖြစ်ပါတယ်။ ရရှိရန်ပုံငွေပေါ် မူ
တည်ပြီး စွမ်းဆောင် ရည်ကဏ္ဍအ တွက် ကျပ်သိန်း ၃၀၊
ဝင်ငွေတိုး ကဏ္ဍအတွက် ကျပ်သိန်း ၁၂၀၊ လူ မှုပတ်ဝန်းကျင် တိုးတက်ရေးကဏ္ဍ
အတွက် ကျပ်သိန်း ၁၅၀ ကို ကဏ္ဍ အလိုက် စီမံခန့်ခွဲပြီး မြန်မာနိုင်ငံ အ တွင်း
ရှမ်းပြည်နယ်မှာ ပထမဆုံးအ ကြိမ်အဖြစ် စတင်အကောင်အထည် ဖော် ဆောင်ရွက်တာပါ။ အခု
ဆိုရင် လုပ်ငန်းပမာဏ ၅၀ ရာခိုင်နှုန်း ပြီး စီးပါပြီ”ဟု ရပ်စောက် မြို့နယ် စိုက်
ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦး မောင်မောင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း ကို မြန်မာနိုင်ငံတွင်
လွန်ခဲ့သည့် ၄ နှစ်က ကိုရီးယားနိုင်ငံနှင့် နားလည်မှု စာချွန်လွှာ ရေးထိုး၍ ကျေးရွာပေါင်း
၁၀၀ ကျော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂ဝ ခုနှစ် ၅ နှစ်မြောက် စီမံကိန်း၌ ကိုရီးယား
အကူအညီမပါဘဲ မြန်မာ နိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း
သိရ သည်။
.
ထိုသို့ ရွေးချယ်ရာတွင် ရှမ်းပြည် နယ် အတွင်းရှိ
ရပ်စောက်မြို့နယ် မြေနီကုန်း ကျေးရွာကို ရွေးချယ်ပြီး ရှမ်းပြည်နယ် အစိုးရ၏
ရန်ပုံငွေကျပ် သိန်း ၃၀၀ ဖြင့် ပထမဆုံးအကြိမ် အ ဖြစ် မေလဒုတိယ အပတ်မှစ၍ လုပ်
ငန်းများ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။
.
ရပ်စောက်မြို့နယ်တွင် ကျေး ရွာအုပ်စု ၁၃ အုပ်စု၊
ကျေးရွာပေါင်း ၁၅၇ ရွာရှိပြီး ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း အောင်မြင်ခဲ့ပါက
မြို့နယ် တွင်းရှိ အခြား ကျေးရွာများမှလည်း အတုယူ လိုက်ပါ လုပ်ဆောင်လာ
မည်ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment