ရပ်စောက်မြို့ဝင်ကြေး ကောက်ခံမှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသည့် ယာဉ်မောင်းများက သမ္မတထံ တိုင်ကြားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့ဝင်ကြေး ကောက်ခံမှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသည့် ယာဉ်မောင်းများက သမ္မတထံ တိုင်ကြားမည်

ခင်မော့ဆက်
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် အတွင်းရှိ မြို့ဝင်ကြေး ကောက်ခံမှု ဂိတ်များမှ ငွေကြေး ကောက်ခံမှုအပေါ် ကျေနပ်မှုမရှိသဖြင့် ယာဉ်မောင်းများက သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန နှင့် နိုင်ငံတော်သမ္မတထံ သို့ တင်ပြ တိုင်ကြားသွားမည် ဖြစ် သည်ဟု သိရသည်။
.
 
.
မြို့အဝင်မှာရှိတဲ့ စိုးလွင်အောင် တိုးလ်ဂိတ်မှာ မြို့ဝင်ကြေး တစ်ထောင်တောင်းတယ်။ နောက် အင်တောမှာ ကုန်သွားတင်တော့ ၁၈ မိုင် ဂိတ်မှာ စည်ပင်ကော်မတီရဲ့ စာနဲ့တစ် ထောင် ပေးရတယ်။ ကုန်တင်ပြီး အပြန် မှာ တစ်ထောင်ထပ်တောင်းတယ်။ တောင်ကြီးတက်တော့ မြို့အထွက်မှာ တစ်ထောင် ထပ်တောင်းတယ်။ စုစုပေါင်း မြို့ဝင်/ထွက်ကြေး ၄၀၀၀ ပေးလိုက်ရတယ်။ အရင် မီနီ ဘတ်စ် မောင်းတုန်းက ပြည်နယ်စည် ပင်မှာ တစ်နှစ်စာ ဆောင်တာ ၄၅၀၀ ကျပ်ပဲ ပေးရတယ်။ အခု ကုန်တစ် ခေါက်ကို ၄၀၀၀ ဆိုတော့ ဓါးပြ တိုက်တာနဲ့ အတူတူပါပဲ”ဟု ရပ် စောက်မြို့၊ တောင်ကွက်သစ်ရပ်ကွက်နေ ယာဉ်မောင်းတစ်ဦးက ကမ္ဘောဇ တိုင်း သို့ ပြောသည်။
.
အလားတူ ရပ်စောက်မြို့၊ ဈေး တန်းရပ်ကွက်နေ ယာဉ်မောင်းတစ်ဦး ကလည်း “ရှမ်းပြည်နယ် အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဘယ်မြို့ နယ်မှာမဆို မြို့ဝင်ကြေးက ကားသေး ၂၀၀၊ ကားကြီး ၅၀၀ ပဲရှိတယ်။ မန္တ လေးတိုင်း၊ သာစည်၊ ပျော်ဘွယ်၊ ရ မည်းသင်းလည်း ၅၀၀ ပဲ။ မြဝတီ၊ ကော့ကရိတ် ဘက်ဆိုလည်း မြို့ဝင် ကြေးပဲရှိတယ်။ အပြန်မှာ ဘာမှပေးစရာမလိုဘူး။ ဘာကြောင့် ရပ်စောက်မှာ တစ်ထောင် ဖြစ်နေတာ လဲ။ နိုင်ငံတော်အတွက် အခွန်ဆောင်ရတာ ပေးပျော်ပါတယ်။ အခုတော့ ကားသမားတွေအပေါ် နားလှည့် ပါးရိုက် လုပ်တယ်လို့ ထင်ပါတယ်”ဟု ၎င်း၏ အ မြင်ကို ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရပ် စောက်မြို့နယ် စည်ပင်သာယာရေး ဌာနမှ အမှုဆောင်အရာရှိ ဦးမျိုးမြင့် အောင်အား ကမ္ဘောဇတိုင်းမှ ဆက် သွယ် မေးမြန်းရာတွင် “နားလည်မှု လွဲတာ ဖြစ်ပါလိမ့်မယ်။ အင်တောအ သွား ၁၈ မိုင်မှာ ကောက်တာက အင် တောမြို့ဝင်ကြေးပါ။ စည်းကမ်းအရ တော့ ဘယ်သူသွားသွား တစ်ည အိပ်ရင် အပြန်မှာ ထပ်ပေးရပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ရပ်စောက်မြို့နယ်အတွင်းရှိ မြို့ ဝင်ဂိတ်များတွင် မြို့ဝင်ကြေးအနေ ဖြင့် ၃ ဘီး၊ ထွေလာဂျီနှင့် အိမ်စီးကား ၃၀၀ ကျပ်၊ အိမ်စီးကားလတ် Light Truck/ Hiace ၃၀၀ ကျပ်၊ ၆ ဘီး အောက် ခရီးသည်တင်ယာဉ်နှင့် ကုန် ကား ၅၀၀ ကျပ်၊ ၁၀ ဘီးနှင့် ခရီး သည်တင်/ကုန်တင်ယာဉ် ၇၀၀ ကျပ် နှင့် ၁၀ ဘီးနှင့် အထက် ခရီးသည် တင် ယာဉ်နှင့် ကုန်တင်ယာဉ်တို့ကို တစ်ထောင်ကျပ် ကောက်ခံရန် ရပ် စောက်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ် ထားပေး ကြောင်း ၎င်းထံက သိရသည်။
.

Journal Download

Photo of three cats