ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ဈေးရှိ ဆိုင်ခန်းများ သိမ်းဆည်း ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတထံ တိုင်ကြားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ဈေးရှိ ဆိုင်ခန်းများ သိမ်းဆည်း ခံရမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတထံ တိုင်ကြားထား


စုလှိုင်
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက် မြို့နယ်၊ ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စု၊ ပင်ဖြစ် ကျေးရွာရှိ ဈေးဆိုင်ခန်းများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ မူလ ဈေးဆိုင်ခန်း ပိုင်ရှင်ဆိုသူက နိုင်ငံ တော် သမ္မတ အပါအဝင် သက်ဆိုင်ရာ ဌာန ၁၄ ခုသို့ တိုင်ကြားစာများ ပေးပို့ ထားသည်ဟု သိရသည်။
.
 
.
နိုင်ငံတော် သမ္မတရုံး၊ အတိုင်ပင်ခံရုံးနဲ့ အားလုံး ၁၄ ခုကို တိုင်ထား ပြီးပါပြီ။ ဈေးစတည် ကတည်းက အ ထောက်အထားတွေ ရှိပါတယ်။ ဥပ ဒေအတိုင်း သွားမယ်။ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်တဲ့အတိုင်း သွားမယ်လို့ ဆုံး ဖြတ်ထားပါတယ်”ဟု တိုင်ကြားထားသူ ဦးသန်းဌေးက ပြောသည်။
.
ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေး ရွာဈေးရှိ ဦးသန်းဌေး မိဘများလက် ထက်ကတည်းက ပိုင်ဆိုင်သော ဈေး ဆိုင်ခန်း ၁၀ ခန်း အနက်မှ ၅ ခန်း အား ဦးသိန်းဇော်ထံသို့ ခွဲပေးရန် ရပ် စောက်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အမှုဆောင် အရာရှိ ဦးလှမြင့်တို့က ၂၀၁၈ ခုနှစ်၊ ဇွန်လအတွင်းက ခြိမ်း ခြောက် အနိုင်ကျင့် ပြောဆိုခဲ့သဖြင့် လွှဲပြောင်း ပေးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
.
၎င်း အနေဖြင့် ၁၉၈၄ ခုနှစ် က တည်းက အဆိုပါ နေရာတွင် ဈေးဆိုင် ခန်း တည်ဆောက် ဖွင့်လှစ် ရောင်းချ ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် ဈေးကောက်ခွန် များကိုလည်း ပုံမှန်ပေးဆောင်ခဲ့သည် ဟု ဦးသန်းဌေးက ဆက်လက် ပြော ဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရပ် စောက်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က “သိမ်းတာ မဟုတ်ပါဘူး။ ပြန်ရ အောင် လုပ်ပေးတာပါ။ ထွေအုပ်က အဲဒီကိစ္စကို မစစ်ရသေးဘူး။ ဒါဟာ မဟုတ် မမှန်တဲ့ကိစ္စ ဖြစ်လို့ တရား ပြန်စွဲဖို့ လုပ်ထားပါတယ်။ အဲဒီနေရာ ကို ဆောက်ပြီးတော့ သူပဲ သဘော တူ လက်မှတ် ရေးထိုးပေးတယ်။ အဲဒါကို မဟုတ်မမှန် တိုင်တာပါ။ တရား ပြန် စွဲမှာပါ”ဟု ပြောသည်။
.
ဦးသန်းဌေးသည် အဆိုပါ တိုင် ကြားစာကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုး သား လူ့အခွင့်အရေး ကော်မရှင်၊ နိုင် ငံသား လူ့အခွင့်အရေးဆိုင်ရာ ကော် မ တီ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီသို့ တိုင်ကြားစာ များ ပေးပို့ထားခြင်း ဖြစ်သည်ဟု သိရသည်။
.
ရပ်စောက်မြို့နယ်အတွင်း အဆိုပါ ပင်ဖြစ်ဈေး အပါအဝင် အဓိကဈေး ကြီး ၇ ခု ရှိပြီး ပင်ဖြစ်ဈေးတွင် ဈေး ဆိုင်ခန်းပေါင်း ၁၄၂၈ ခန်း ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats